
2012 ရုပ်ရှင်ဇာတ်ကား ဒီနေ့ပဲ ရုံမှာသွားကြည့်ဖြစ်ခဲ့တယ်။ နိုဝင်ဘာ၁၃ရက် သောကြာနေ့မှာ အမေရိကမှာ
စတင်ရုံတင်ပြသခဲ့ပြီး ၁၀ ရက်အကြာ ၊ ဒီနေ့ နိုဝင်ဘာလ ၂၃ရက် တနင်္လာနေ့ ညနေပိုင်းမှာ မောင်အိုးရယ်၊
မဒမ် အိုးရယ်၊(မ ဒန်အိုး မဟုတ်ပါ။)၊သားလေး ဂျူနီယာအိုးရယ် မိသားစု၃ယောက် phoenix metro center Harkins Theatres ရုပ်ရှင်ရုံမှာ (လူကြီး၂ယောက်စာ=၁၄ဒေါ်လာ ပေးပြီး) 2012 ကို သွားကြည့်ဖြစ်ခဲ့တယ်။
အမှတ်တရ ရုပ်ရှင်လက်မှတ်လေး၂စောင်ကို ပို့စ်မှာ တင်ထားလိုက်တယ်။
ရုပ်ရှင်ရုံဝင်းကြီးအတွင်းမှာ ရုပ်ရှင်ရုံပေါင်း ၉ရုံရှိရာမှာ ယခု မောင်အိုးတို့ကြည့်ခဲ့တဲ့ ညနေ ၄နာရီ ပွဲစဉ်မှာ 2012 ဇာတ်ကားကို ရုံအမှတ် ၂မှာ ပြသပါတယ်။
မနက်ပိုင်းပွဲစဉ်တွေမှာ အဲဒီဇာတ်ကားကို ရုံအမှတ် ၁ ၊၃၊၅၊၇ မှာ ပြသ သလို ၊ ညပွဲစဉ်တွေမှာဆို ရုံအမှတ် ၄၊၆၊၉ တွေမှာ ပြသပါတယ်။2012 ဇာတ်ကားနဲ့အပြိုင် the new moon ဇာတ်ကား၊ the box ဇာတ်ကားတွေကိုလည်း တခြားရုံတွေမှာ ပြသနေတာကို ရုံအဝင်ဝမှာရှိတဲ့ ရုပ်ရှင် ပိုစတာတွေကိုကြည့်ရင်းက သိခဲ့ရသေးတယ်။
2012 ဇာတ်လမ်းအကျဉ်းကို မှတ်မိသလောက် ဖောက်သည် ပြန်ချကြည့်ရအောင်။
အဲဒီဇာတ်ကားမှာ လူမည်းဇာတ်လိုက် လူဖြူဇာတ်လိုက်တွေကို မျှသုံးထားတာ ပထမဦးစွာ သတိထား အကဲခတ်မိတယ်။
ဇာတ်လမ်းအစမှာ လူမည်းဇာတ်လိုက်က အိန္ဒိယလူမျိုး သူ့မိတ်ဆွေနှင့်အတူ အိန္ဒိယသို့ သွားလည်တာကို
ပြတယ်။အိန္ဒိယမှာ အပူချိန်ဒီဂရီတွေ မြင့်မားနေတာကို ပြတယ်။
2012ခုနှစ်မှာ အမေရိကန်သမတက လူမည်းပဲလို့ကြိုတင်သရော် နိမိတ်ဖတ်ထားတာ တွေ့ ရတယ်။
အဲဒီလူမည်း သမတရုပ်က ဂျွန်မက်ကိန်းနဲ့ အိုဘားမား စပ်ကျထားတဲ့ရုပ်မျိုးဖြစ်အောင် တမင်ဖန်တီးထားတာ
တွေ့ရတယ်။
အမေရိကန်သမတ အိမ်ဖြူတော်မှာ အစိုးရအဖွဲ့ဝင်တွေက အစည်းအဝေးလုပ်ရင်း တပြိုင်နက် တီဗွီဖန်သားပြင်တွေပေါ်မှာ သက်ဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်တွေကပါ ဝင်ရောက် ဆွေးနွေးကြတဲ့ အကြောင်းအရာက နောက်၃နှစ်အကြာ ၂၀၁၂ခုနှစ်မှာကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့ အကြောင်းဖြစ်တယ်။
အယ်လ်အေ(လော့အိန်ဂျလိစ်)မှာနေတဲ့ အဖြူဇာတ်လိုက်က ပထမတော့ ကမ္ဘာပျက်မှာကို မယုံချင်ဘူး။သူနေတဲ့မြို့မှာ မြေကြီးတွေ အက်ကွဲတာ လတ်လတ်ဆတ်ဆတ်ကြီး သိသိကြီးနဲ့ သူ့ခလေး၂ယောက်နဲ့အတူ အလုပ်နားရက်မှာ ပျော်ပွဲစား ခရီးထွက်တယ်။
yellow stone လို့အမည်ရတဲ့ national park ကြီးထဲကို ညအိပ်ခရီး ကမ်ပိန်းထွက်(ပစ်ကနစ်ထွက်)တယ်။
အမြီးအမောက်မတည့်တာက အဲဒီ သဘာဝဥယျာဉ်ကြီးထဲမှာ တားမြစ်နေရာကို ဆိုင်းဘုတ်တွေတပ်၊ခြံစည်းရိုးတွေ ခတ်ထားတာသိသိကြီးနဲ့ သားသမီးတွေ စာဖတ်ကာ သတိပေးတဲ့ကြားထဲက စည်းကမ်းဖောက်တဲ့ အဖြူဇာတ်လိုက် ဖခင်က ခြံစည်းရိုးကို ကျော်ဝင်ခဲ့လို့ ယူအက်စ်အာမီတွေနဲ့တွေ့ပြီး သူတို့စစ်နယ်မြေက လျှို့ဝှက်စခန်းမှာ စစ်ဆေးမေးမြန်းတာခံရတယ်။ ခလေးတွေပါလို့သာ အမှုမဖြစ်ဘဲ
ပြန်လွှတ်ခံရပြီး ညဘက်မှာ အဲဒီ အမျိုးသားဥယျာဉ်ထဲမှာပဲ မိသားစု၃ယောက် စခန်းချ အိပ်စက်နားကြတယ်။
အဲဒီနေရာနဲ့မနီးမဝေးမှာ ကမ္ဘာပျက်မှာကို အထောက်အထားတွေနဲ့ ယုံကြည်ရူးသွပ်နေတဲ့ ခရေဇီကြီး(ဂေါက်ကြီး)တယောက်ရဲ့ ကိုယ်ပိုင်အိမ်ကားထဲက ကိုယ်ပိုင် အသံလွှင့်စတူဒီယို အခန်းထဲကို
အဖြူဇာတ်လိုက်ဟာ ခလေးတွေခြင်ကြားမှာ ခြင်ထောင်ထဲအိပ်စက်နေတုန်း တယောက်တည်း သွားစပ်စုတယ်။
ဂေါက်ကြီးက ကမ္ဘာပျက်မယ့်အကြောင်း သူစုဆောင်းထားတဲ့ အထောက်အထားအစုံကို ခင်းကျင်းပြသ အပြီး
နောက်နေ့မနက်မှာ အဖြူဇာတ်လိုက်ဟာ ယုံကြည်မှုအပြည့်နဲ့ အိမ်ပြန်တော်မူတယ်။
အိမ်မရောက်ခင် လမ်းခရီးမှာ စတိုးဆိုင်တခုအဝင် တီဗွီသတင်းမှာ အယ်လ်အေမြို့ နေရာအနှံ့မှာ မြေငလျင်လှုပ် မြေပြိုအက်ကွဲကြတဲ့သတင်းတွေကို ပြတယ်။ခလေး၂ယောက်ခမျာ အိမ်မှာကျန်ခဲ့တဲ့မိခင်ကို
စိတ်ပူလို့ ဖုန်းဆက်မေးရတဲ့ အခန်းကို ပြတယ်။
နောက်တနေ့မှာ အဖြူဇာတ်လိုက် ရုံးကအပြန် အယ်လ်အေတမြို့လုံး ပျက်စီးတော့မယ့်သတင်းကိုကြားသိရလို့
လေယာဉ်ငယ်တစီး စင်းလုံးငှားဖို့ ကြံစည်ခဲ့ပြီး အိမ်အမြန်ပြန်ကာ မိသားစုကို ကားနဲ့ပြန်ခေါ်တယ်။
ဖုန်းကြိုဆက်ကာ အသင့်ပြင်ထားကြဖို့ မှာတယ်။အိမ်မှာ မိသားစုဆရာဝန်ပါ ရှိနေပြီး ဇာတ်လိုက်အိမ်အရောက်မှာ သူတို့အားလုံး ကားပေါ်တက်စေပြီး မောင်းအထွက်.. သူတို့အိမ်အပါအဝင် တရပ်ကွက်လုံး တမြို့လုံး မြေငလျင်လှုပ်တဲ့ကြားမှာ အားလုံးတွန့်လိမ်ကောက်ကွေး မြေပြိုတဲ့ကြားထဲမှာ
ကမ္ဘာပျက်သလို ဝရုန်းသုန်းကား ကျွမ်းထိုးမှောက်ခုံ ဖြစ်ပျက်ကြတဲ့ ပြကွက်တွေကို ပရိသတ်တွေ အသက်အောင့်ပြီး ရင်သပ်ရှုမော ကြည့်ရှုနိုင်စွမ်းအောင်ကို ရုပ်ရှင်ဖန်တီးသူတွေဟာ နည်းပညာအစွမ်းတွေနဲ့
အံ့ဘနန်းအောင် ရိုက်ကူးပြသခဲ့ကြတယ်။
ကမ္ဘာပျက်နေတဲ့ ပြကွက်တွေပြနေချိန် မောင်အိုးတို့ရဲ့ ၁၀လသားလေးက ပုခက်ပေါ်မှာ ကောင်းကောင်းလေး
အိပ်မောကျနေပါတော့တယ်။ရုံထဲမှာ ဒစ်ဂျစ်တယ်အသံစုံနဲ့ ဒီလောက်ဝုန်းဒိုင်းကြဲနေတာတောင် အမောင် ဂျူနီယာအိုးက ကောင်းကောင်း စက်တော်ခေါ် နိုင်သေးတာကိုကြည့်ရင်း မောင်အိုးတောင် ယောင်ပြီးတွေးမိသေးတယ်။တကယ်ကမ္ဘာပျက်တဲ့အခါ အဲသလို အိပ်မောကျနေချိန် ဘာမှသိလိုက်မှာမဟုတ်ဘူးလို့။(ကမ္ဘာပျက်ချိန် အအိပ်လွန်ပြီး ခရစ်တော်မှာ အိပ်ပျော်သွားမှာ ကျိန်းသေပဲ လို့)
မောင်အိုး ကြံကြံဖန်ဖန်တွေးခဲ့မိသေးတယ်။(စကားချပ်)
ဇာတ်လမ်းကိုအတိုချုပ်ပြောရရင် ဇာတ်လိုက်တွေ လေယာဉ်စီးပြီး အယ်အေကနေလွတ်မြောက်သွားတယ်။
ဆီကုန်ပြီး လတ်စ်ဗေးဂတ်မှာ သောင်တင်တယ်။အဲဒီက သူဌေးကြီးတဦးရဲ့ လေယာဉ်ကြီးနဲ့ခရီးဆက်ထွက်လို့
လတ်စ်ဗီးဂတ်မြို့ပျက်ကြီးဘေးကနေ ထပ်မံလွတ်မြောက်တယ်။
ပျံသန်းနေရင်း တရုတ်နယ်မြေထဲမှာ လေယာဉ်မပျက်ခင် အသင့်ပါလာတဲ့ ခေတ်မီကားတွေစီးကာ လေယာဉ်ပေါ်ကနေ လွတ်မြောက်ပြန်တယ်။
တရုတ်စစ်တပ်ရောက်လာပြီး နိုင်ငံဝင်ခွင့်လက်မှတ်ပြနိုင်တဲ့ သူဌေးကြီးသားအဖ၃ယောက်သာ စစ်လေယာဉ်တွေနဲ့ ပါသွားတယ်။
ကျန်သူတွေက တိဗက်ဦးဇင်းလေး မောင်းလာတဲ့ ထရပ်ကားအိုကြီးနဲ့တွေ့ပြီး စီးနင်းလာကြရင်း နယ်စပ်ဂိတ်မှာ
တိဗက်အဖိုးအဖွားစုံတွဲရဲ့ အာမခံမှုနဲ့ တရုတ်ပြည်ထဲ ဝင်ခွင့်ရသွားတယ်။
တရုတ်ပြည်တနေရာမှာ အမေရိကားက ဇကာတင်ရွေးချယ်ထားတဲ့ လူတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာပျက်ရင် အလွတ်ရုန်းနိုင်တဲ့ ခေတ်မီ သံမဏိရေငုတ်သင်္ဘောကြီးဆီကို လူမျိုးပေါင်းစုံဟာ ဦးတည်ပြေးလွှားနေကြတယ်။
ကမ္ဘာပျက်မယ့် ၂၀၁၂ခု ဒီဇင်ဘာ၁၂ရက်နေ့မှာ ရေငုတ်သဘောင်္ထဲက လူနဲ့ တိရစ္ဆာန်တွေ အသက်ဘေးကင်းစွာ သေခြင်းက လွတ်မြောက်ကြတယ်။
ယုတ္တိမရှိတဲ့ နောက်ဆုံးပြကွက်ကြောင့် တကားလုံး စိတ်ဝင်စားခဲ့သမျှ ပေါ့ပျက်ပျက်ကြီးဖြစ်ခဲ့ရတယ်။
အဲဒါကတော့ နောက်တနေ့မှာတဲ့ (သူတို့ ပြကွက်ကတော့ သက္ကရာဇ် ၀၀၀၁ နံနက်မှာ=
ကမ္ဘာလဆန်းတစ်ရက်နေ့ဆိုတာ ဒါမျိုးပဲြ ဖစ်မယ် ထင်တယ်)
ကမ္ဘာကြီးက တစ်က ပြန်စပြီတဲ့ ။
အားလုံးက သာယာလှပလို့ မနေ့က ဘာမှ မဖြစ်မပျက်ခဲ့တဲ့ ပုံစံမျိုးနဲ့ ကမ္ဘာမြေကြီးက အရမ်းကို
ကြည်လင် တောက်ပပြီး နေခြည်တွေဖြာလို့ သစ်လွင်လှပ နေပုံကို ပြသွားလေရဲ့ ။
ယုတ္တိရှိမရှိ ပရိသတ်ကြီး ပိတ်ကားမှာ စောင့်စားကြည့်စရာ မလိုလောက်အောင် တွေးကြည့်တာနဲ့သိနိုင်ပါတယ်ဗျာ။
ကမ္ဘာပျက်တာမပြောနဲ့။မြန်မာပြည်က နာဂစ်ကြောင့် မြစ်ကျွန်းပေါ်ဒေသတချို့ပျက်စီးယိုယွင်းသွားတာတောင်
နောက်နေ့မနက်မှာ အကောင်း ပကတိကြီးဖြစ်ခဲ့လို့လားဗျာ။စဉ်းစားသာကြည့်ကြပါတော့။
သြော်...နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ် ဖြေဆည်ရာအဖြစ် ပြန်ဆုံးမရပြန်တယ်။
"အဲဒါ ရုပ်ရှင်လေ မောင်အိုးရဲ့။ရုပ်ရှင်ထဲမှာ ကမ္ဘာပျက်ပါတယ်ဆိုနေမှ...။"
အပြင်မှာ ပျက်တာကို ပျက်တယ်လို့မှတ်။
ရုပ်ရှင်ထဲမှာ ပျက်ပြီး ချက်ချင်းပြန်သစ်တာကို ဖြစ်တယ်လို့မှတ်..။
သြော်..ရုပ်ရှင်ကြည့်ရင်း ဖြစ်ပျက်တွေ ဘာတွေ မှတ်လို့..။
---------------------------------------------------
ရုပ်ရှင်ကြည့်အပြီး ဒီမှာ လင့်ခ်တခုတွေ့လို့။
ဒေါင်းလုပ်ပြီးကြည့်ချင်သူတွေအတွက် ကြော်ငြာတခုဝင်လိုက်ပါတယ်။
အဲဒီမှာ အရှင်ကုမာရဘလော့ခ်မှာ သွားဒေါင်းကြည့်နိုင်ပါတယ်နော်။
(ပိုကာဒေါင်းတာ မဟုတ်ဘူးနော်။ ၂၀၁၂ရုပ်ရှင် ဒေါင်းလုပ်တွေလုပ်ဒေါင်းကာ ကြည်ရှု့နိုင်ပါတယ်လို့ ပြောတာပါ။း)
အားလုံးကိုခင်မင်လျှက်...
မောင်အိုး ဘားမား
ခေတ္တ - အာရီဇိုးနား
့
နေရာစုံမှာရောက်နေတဲ့ ညီအကိုမောင်နှမများခင်ဗျား
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးတွေ့နေရပါတယ်။ ဒုက္ခသည် တွေအတွက် ဒုက္ခသည်စခန်းဆိုပေမဲ့ လာဘ်မထိုးနိုင်ရင်၊ နေထိုင်ဘို့ တဲမဝယ်နိုင်ရင် ဒုက္ခသည်စခန်းထဲကို ဝင်လို့မရကြပါ ဘူး။ နောက်ပြီး ဒုက္ခသည်စခန်းထဲရောက်ပြန်ရင်လဲ UNHCRက သူတို့ကို ဒုက္ခသည်တကယ်ဟုတ်လား၊ မဟုတ်လားစစ် ဆေးသတ်မှတ်တာကို တချို့ဆို အခုလေး၊ငါးနှစ်ရှိနေတာတောင်မှ မခံရသေးပါဘူး။ ဘာမှမရှိပဲပြေးလာရတဲ့ဒုက္ခသည် အ စစ်အမှန်တွေအနေနဲ့ ဒုက္ခသည်စခန်းထဲကိုရောက်ရင်တောင်မှ စားဝတ်နေရေးနဲ့ ရပ်တည်ဘို့ အလွန်အခက်အခဲရှိကြပါ တယ်။ အများစုဟာ ဒုက္ခသည်စခန်းမှာ ၂နှစ်၊ ၃နှစ်ရှိနေတာတောင်မှ ရိက္ခာထောက်ပံ့မှုမရကြသေးပါဘူး။ အဲ့ဒီတော့ ရပ် တည်ရတာအလွန်ခက်ခဲလှပါတယ်။
နောက်ပြီး ရှေ့ဘာဖြစ်မယ်မသိပဲ ပြန်ပို့ခံရနိုးနိုး တစိုးတရွံ့ရွံ့နေရတဲ့ဘဝမှာ မသေချာမရေရာနဲ့မို့ UNHCRကိုမေးမြန်းအ ကူအညီတောင်းရင် ဘယ်တော့မှ ချိုချိုသာသာဆက်ဆံတာမခံရသလို တခါတလေမောင်းထုတ်တာခံနေရပါတယ်။ ဘယ် တော့ဘာလုပ်ပေးမယ်ဆိုတဲ့ ကွဲကွဲပြားပြား အချက်အလက်ပေးဖြေရှင်းပေးတာလဲ ဘယ်တော့မှ မရကြပါဘူး။ ဒုက္ခသည် တွေကို လူတွေလိုသဘောမထားပဲ တရိစ္ဆာန်သာသာလောက် သဘောထားဆက်ဆံတာခံနေရပါတယ်။ ဒုက္ခသည်စခန်း ထဲတွေမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဒါကိုဘယ်လိုမှတုံ့ပြန်နိုင်ခွင့်၊ တိုးတက်အောင်လုပ်ခွင့်မရှိပါဘူး။ နဲနဲလုပ်လိုက် ရင်လဲ အမျိုးမျိုးအန္တရာယ်ပေး၊ ပညာပေးတတ်တဲ့အကျင့်တွေကိုလဲ မြင်တွေ့ကြဘူးကြပါလိမ့်မယ်။
ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ UNHCRကတချို့ဝန်ထမ်းတွေကို ငွေထိုးပြီး မြန်မြန်နိုင်ငံခြားကို ထွက်သွားကြတာကို အ များစုတွေ့ဘူးနေပေမဲ့ ကျန်တဲ့ဒုက္ခသည်တွေမှာတော့ ဘာမှမတတ်နိုင်ကြပါဘူး။ ဘက်ပေါင်းစုံက လူသားဆန်ဆန်မသတ် မှတ်ခံရပဲ လုပ်ချင်၊ ဖိနှိပ်ချင်သလို ဖိနှိပ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အပြင်က၊ နိုင်ငံတကာက တာဝန်သိတဲ့ ကျွန်တော်တို့အားလုံး အောက်ကလိပ်စာတွေ၊ နောက် ကိုယ်နဲ့သက်ဆိုင်ရာ အစိုးရတွေအပေါ်ကို UNHCRကို တိုက်တွန်း ပြုပြင်ဘို့အတွက် အီးမေးလ်ရေးသားပေးပို့မှုလုပ်ပေးကြရင် ဒုက္ခသည်စခန်းထဲက ညီအကိုမောင်နှမတွေ နဲနဲပိုပြီးသက် သာလာနိုင်စရာရှိပါတယ်။ ပို့တဲ့အီးမေးလ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ ဥရောပ ကိုယ်စား လှယ်အဖွဲ့ရဲ့ ရုံးတွေကိုလဲ စီစီလုပ်ပြီးပေးပို့ရင် UNHCRအနေနဲ့ လျှစ်လျှူရှုနေနိုင်ခွင့်နဲလာနိုင်ပါတယ်။
အားလုံးဝိုင်းကူရေးသားကြရင် ကိုယ့်နိုင်ငံသားဒုက္ခသည်တွေကို အများကြီးကူညီရာရောက်ပါလိမ့်မယ်။ ဒုက္ခသည်စခန်း တွေက ဒုက္ခသည်တွေကလဲ စုစည်းပြီးလက်မှတ်ထိုးစာရေးကြဘို့စီစဉ်နေကြတာရှိပါတယ်။ အားလုံးဝိုင်းကြိုးစားပေးပြီး ကိုယ့်အချင်းချင်းကူညီကြရအောင်ပါ။ အီးမေးလ်ပို့တာဟာ သိပ်ပင်ပန်းတဲ့အလုပ်မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်ပေး နိုင်ကြလိမ့်မယ်ထင်ပါတယ်။
လိပ်စာတွေကို ဒီအောက်မှာထဲ့ထားပြီးတော့ စာရေးရန်အခက်အခဲရှိနေရင် ကူးပြီးအမည်ထိုးပို့နိုင်ဘို့ အင်္ဂလိပ်လိုရေး ထားတဲ့စာကြမ်းကိုလဲ အောက်မှာ ထဲ့ထားပေးပါတယ်။ ညီအကိုမောင်နှမအားလုံးရဲ့ အသိစိတ်ဓါတ်နဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြမှုကို မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်တာဝန်အတိုင်း ပို့လိုက်ပြီးပါပြီ။
လေးစားစွာဖြင့်
ငြိမ်းချမ်း
ပို့သင့်သော အီးမေးလ်လိပ်စာများ
UNHCR
US Embassy in
British Embassy
EU Delegation
delegation-thailand@ec.europa.eu
အင်္ဂလိပ်လိုရေးထားသော စာမူကြမ်း (in times new roman)
To Whom It May Concern
UNHCR
at Burmese Refugee Camps in
Date: March 7, 2010.
Dear Sirs or Madams,
I would like to request your attention to improve UNHCR's treatment of refugees at Burmese
three years, are still not provided basic rations. They have been left to struggle for their own
--------------------
ဗုဒ္ဓဘာသာကို ဖျတ်ဆီးဖို့သက်သက်လုပ်နေသည်ဟု ဝန်ခံထားသည့်ဘလော့အား ဝိုင်းဝန်းအရေးယူကြရမည်
မြန်မာ့ဘုရားစေတီများ၊ရဟန်းသံဃာတော်ဘုန်းကြီးများနှင့် ဗုဒ္ဓဘာသာဝင်များကို စော်ကားနေသော ဝက်ဆိုက် http://messengerforbuddhist.blogspot.com/အား ဝိုင်းဝန်း အရေးယူကြရမည်။
အဆိုပါ ဘလော့၏ အပေါ်ဆုံးဘားတွင် အင်္ဂလိပ်လိုရေးထားသည့် report abuse ဆိုသည့်နေရာကို နှိပ်ကာ ကြိမ်ဖန်များစွာ ဝင်ရောက်ပြီး ဂူဂယ်ပိုင်ရှင်များထံ ကန့်ကွက် သတင်းပို့ခြင်းဖြင့် ဝိုင်းဝန်းအရေးယူနိုင်ကြပါသည်။
အင်တာနက် ခေတ် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လည်း၊အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။
အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms &Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။
ထိုသို့တိုင်ကြားခြင်းဖြင့် အမျိုး ဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါကြောင်း အသိပေးနှိုးဆော် လိုက်ရပါသည် ။
(အီးလ်မေးမှတဆင့်ရရှိသည်)
သံဃံ သရဏံ =ဂန်း စာမိ။
သန်းရွှေ သရဏံ =ဖိနပ် စာမိ။
ပြီးခဲ့တဲ့၂၀၀၇ စက်တင်ဘာမှာ မြန်မာပြည်ထဲမှာ သံဃာကို ကိုးကွယ်သူတွေ (သံဃာတွေ)ကို သန်းရွှေစစ်ခွေး စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်။
ထိုသူတွေခမျာ သံဃံ သရဏံ =ဂန်း(gun)စာမိ ခဲ့ကြရရှာတယ်။
အခု၂၀၀၉စက်တင်ဘာမှာ နယူးယောက်မှာ
သန်းရွှေကို ကိုးကွယ်သူတွေကို ကိုမိုးသီးတို့ ၈၈၈၈မျိုးဆက်ကြီးတွေက ဖိနပ်စာကျွေးခဲ့ကြတယ်။ သိန်းစိန်နဲ့ဥာဏ်ဝင်းတို့ ဖိနပ်စာမိခဲ့ကြတယ်။
ကောင်းလေစွ။ကောင်းလေစွ။
သန်းရွှေ သရဏံ =ဖိနပ်စာမိ။
သန်းရွှေ သရဏံ =ဖိနပ်စာမိ။
(ဒို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ သန်းရွှေခွေးတွေက ကားနဲ့တိုက်သတ်သေးတာပဲ။
ခွေးဥာဏ်ဝင်းကို ကိုမိုးသီး ဖိနပ်စာကျွေးတာ နည်းသေးတယ်။ )
အိုးဝေအောင်
(အိုး-ဘားမား)
www.oway8888. com/
www.hittai.org
-------------------------------------------------------------------
D နေ့ ဖတ်ဖြစ်တဲ့ အမတ်ကြီးမြတ်စံရဲ့ ကဗျာကောင်းလေးတွေ- Dမှာသွားဖတ်ကြည့်=
http://myatsan.blogspot.com/search/label/%E1%80%80%E1%80%97%E1%80%BA%E1%80%AC
ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"


3 comments:
ရုပ်ရှင် လာကြည့်သွားပါတယ်... ကောင်းတယ်ဗျာ။။ ကြော်ငြာ အရမ်းကောင်း တယ်...
ကိုအိုးဝေရေ
ရုပ်ရှင် အကျဉ်းချုပ်လေး ရေးထားပေးတာ ကျေးဇူးတင်ပါတယ်။ ဒါဖြင့်ရင် ရုပ်ရှင်ထဲမှာ တရုတ်ပြည်က ဘာမှ မဖြစ်ဘူးလား။
တရုတ်ပြည် မဟာတံတိုင်းကြီးက အစ ရေအောက်မှာ အလုံးစုံ စုန်းစုန်းမြုပ်တာကို ပြတယ်။ရေကြောင့်ပျက်တဲ့ကမ္ဘာမို့လို့ ရေငုတ်သဘောင်္ထဲက လူတွေ ရေဘေးကလွတ်တာ ထင်တာပဲ။
မီး လေ မြေငလျင်ဘေးတွေဖြစ်ခဲ့ရင်လည်း ရေငုတ်သဘောင်္ထဲကသူတွေ လွတ်ဦးမှာပဲထင်တယ် ။း)
Post a Comment
ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
your friend,
အိုးဝေအောင်
(အိုးဘားမား)