နိုဝင်ဘာ၎ရက် ရန်ကုန်အင်းလျားလိပ်ဟိုတယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သော အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်
(Mr. Kurt Campbell)က ဒေါ်အောင်ဆန်းစုကြည် ကားပေါ်သို့မတက်ခင် လက်အုပ်ချီ ဂါရဝပြုနှုတ်ဆက်ပို့ဆောင်ခဲ့သည်။
http://www.youtube.com/watch?v=-9FIpC39U1E
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်
(Mr. Kurt Campbell) နှင့် သူ၏လက်ထောက် စကော့ မာဆီယယ် (Scot Marciel) တို့သည်
ဒေါ်အောင်ဆန်း စုကြည်၊ အန်အယ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိများနှင့်လည်း ၂ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပြီး၊နိုဝင်ဘာ(၄)ရက်နေ့ဗုဒ္ဓဟူးနေ့ညတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ယခုနှစ်လာရောက်သော အမေရိကန် အဆင့်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေဆုံခဲ့သည်။
" နိုင်ငံရေးဆိုသည်မှာ......."
"-နိုင်ငံရေးဆိုသည်မှာ လူတဦးနှင့်တဦးကြားတွင်ဖြစ်စေ၊ လူ့အဖွဲ့ အစည်းကြားတွင်ဖြစ်စေ၊ လူတဦးနှင့် လူ့အဖွဲ့အစည်းကြားတွင်ဖြစ်စေ၊ စနစ်တကျ ပြောဆို ဝေဖန်ခြင်းကို ခေါ်ပါသည်။" (ကျနော်ပြောတာမဟုတ်ပါ။) နိုင်ငံရေးသိပ္ပံပညာရှင်များ ပြောတာပါ။
"နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
"ဟေ့- မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တနေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)
တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။
ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်"
အပိုင်း(၁)+အပိုင်း(၂)
(ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)
Friday, November 06, 2009
အမေရိကန်ကိုယ်စားလှယ်တဦးက အန်တီစုကို လက်အုပ်ချီ နှုတ်ဆက်ပို့ဆောင်(မိစ္ဆာကြီးသန်းရွှေတို့နဲ့တော့ ဆီနဲ့ရေလို ကွာပါ့ )
Labels:
ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment
ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
လေးစားစွာဖြင့်,
အိုးဝေအောင်
(အိုးဘားမား)