နဝတ နအဖ စစ် အုပ်စု လိုက်ကြီး အုပ်စီး လာတာ (၂၁) နှစ်ပြည့်ခဲ့ပြန်ပြီ မိတ်ဆွေတို့။

နေရာစုံမှာရောက်နေတဲ့ ညီအကိုမောင်နှမများခင်ဗျား

ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးတွေ့နေရပါတယ်။ ဒုက္ခသည် တွေအတွက် ဒုက္ခသည်စခန်းဆိုပေမဲ့ လာဘ်မထိုးနိုင်ရင်၊ နေထိုင်ဘို့ တဲမဝယ်နိုင်ရင် ဒုက္ခသည်စခန်းထဲကို ဝင်လို့မရကြပါ ဘူး။ နောက်ပြီး ဒုက္ခသည်စခန်းထဲရောက်ပြန်ရင်လဲ UNHCRက သူတို့ကို ဒုက္ခသည်တကယ်ဟုတ်လား၊ မဟုတ်လားစစ် ဆေးသတ်မှတ်တာကို တချို့ဆို အခုလေး၊ငါးနှစ်ရှိနေတာတောင်မှ မခံရသေးပါဘူး။ ဘာမှမရှိပဲပြေးလာရတဲ့ဒုက္ခသည် အ စစ်အမှန်တွေအနေနဲ့ ဒုက္ခသည်စခန်းထဲကိုရောက်ရင်တောင်မှ စားဝတ်နေရေးနဲ့ ရပ်တည်ဘို့ အလွန်အခက်အခဲရှိကြပါ တယ်။ အများစုဟာ ဒုက္ခသည်စခန်းမှာ ၂နှစ်၊ ၃နှစ်ရှိနေတာတောင်မှ ရိက္ခာထောက်ပံ့မှုမရကြသေးပါဘူး။ အဲ့ဒီတော့ ရပ် တည်ရတာအလွန်ခက်ခဲလှပါတယ်။

နောက်ပြီး ရှေ့ဘာဖြစ်မယ်မသိပဲ ပြန်ပို့ခံရနိုးနိုး တစိုးတရွံ့ရွံ့နေရတဲ့ဘဝမှာ မသေချာမရေရာနဲ့မို့ UNHCRကိုမေးမြန်းအ ကူအညီတောင်းရင် ဘယ်တော့မှ ချိုချိုသာသာဆက်ဆံတာမခံရသလို တခါတလေမောင်းထုတ်တာခံနေရပါတယ်။ ဘယ် တော့ဘာလုပ်ပေးမယ်ဆိုတဲ့ ကွဲကွဲပြားပြား အချက်အလက်ပေးဖြေရှင်းပေးတာလဲ ဘယ်တော့မှ မရကြပါဘူး။ ဒုက္ခသည် တွေကို လူတွေလိုသဘောမထားပဲ တရိစ္ဆာန်သာသာလောက် သဘောထားဆက်ဆံတာခံနေရပါတယ်။ ဒုက္ခသည်စခန်း ထဲတွေမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဒါကိုဘယ်လိုမှတုံ့ပြန်နိုင်ခွင့်၊ တိုးတက်အောင်လုပ်ခွင့်မရှိပါဘူး။ နဲနဲလုပ်လိုက် ရင်လဲ အမျိုးမျိုးအန္တရာယ်ပေး၊ ပညာပေးတတ်တဲ့အကျင့်တွေကိုလဲ မြင်တွေ့ကြဘူးကြပါလိမ့်မယ်။

ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ UNHCRကတချို့ဝန်ထမ်းတွေကို ငွေထိုးပြီး မြန်မြန်နိုင်ငံခြားကို ထွက်သွားကြတာကို အ များစုတွေ့ဘူးနေပေမဲ့ ကျန်တဲ့ဒုက္ခသည်တွေမှာတော့ ဘာမှမတတ်နိုင်ကြပါဘူး။ ဘက်ပေါင်းစုံက လူသားဆန်ဆန်မသတ် မှတ်ခံရပဲ လုပ်ချင်၊ ဖိနှိပ်ချင်သလို ဖိနှိပ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အပြင်က၊ နိုင်ငံတကာက တာဝန်သိတဲ့ ကျွန်တော်တို့အားလုံး အောက်ကလိပ်စာတွေ၊ နောက် ကိုယ်နဲ့သက်ဆိုင်ရာ အစိုးရတွေအပေါ်ကို UNHCRကို တိုက်တွန်း ပြုပြင်ဘို့အတွက် အီးမေးလ်ရေးသားပေးပို့မှုလုပ်ပေးကြရင် ဒုက္ခသည်စခန်းထဲက ညီအကိုမောင်နှမတွေ နဲနဲပိုပြီးသက် သာလာနိုင်စရာရှိပါတယ်။ ပို့တဲ့အီးမေးလ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ ဥရောပ ကိုယ်စား လှယ်အဖွဲ့ရဲ့ ရုံးတွေကိုလဲ စီစီလုပ်ပြီးပေးပို့ရင် UNHCRအနေနဲ့ လျှစ်လျှူရှုနေနိုင်ခွင့်နဲလာနိုင်ပါတယ်။

အားလုံးဝိုင်းကူရေးသားကြရင် ကိုယ့်နိုင်ငံသားဒုက္ခသည်တွေကို အများကြီးကူညီရာရောက်ပါလိမ့်မယ်။ ဒုက္ခသည်စခန်း တွေက ဒုက္ခသည်တွေကလဲ စုစည်းပြီးလက်မှတ်ထိုးစာရေးကြဘို့စီစဉ်နေကြတာရှိပါတယ်။ အားလုံးဝိုင်းကြိုးစားပေးပြီး ကိုယ့်အချင်းချင်းကူညီကြရအောင်ပါ။ အီးမေးလ်ပို့တာဟာ သိပ်ပင်ပန်းတဲ့အလုပ်မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်ပေး နိုင်ကြလိမ့်မယ်ထင်ပါတယ်။

လိပ်စာတွေကို ဒီအောက်မှာထဲ့ထားပြီးတော့ စာရေးရန်အခက်အခဲရှိနေရင် ကူးပြီးအမည်ထိုးပို့နိုင်ဘို့ အင်္ဂလိပ်လိုရေး ထားတဲ့စာကြမ်းကိုလဲ အောက်မှာ ထဲ့ထားပေးပါတယ်။ ညီအကိုမောင်နှမအားလုံးရဲ့ အသိစိတ်ဓါတ်နဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြမှုကို မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်တာဝန်အတိုင်း ပို့လိုက်ပြီးပါပြီ။

လေးစားစွာဖြင့်

ငြိမ်းချမ်း

ပို့သင့်သော အီးမေးလ်လိပ်စာများ

UNHCR

Inspector@unhcr.org

OHCHR.Bangkok@un.org

thaba@unhcr.org

US Embassy in Thailand

bangkokPD@state.gov

irc@state.gov

British Embassy

Info.Bangkok@fco.gov.uk

EU Delegation

delegation-thailand@ec.europa.eu

အင်္ဂလိပ်လိုရေးထားသော စာမူကြမ်း (in times new roman)


To Whom It May Concern

UNHCR

Re: Appeal for UNHCRs Better Treatment of Refugees

at Burmese Refugee Camps in Thailand.

Date: March 7, 2010.

Dear Sirs or Madams,

I would like to request your attention to improve UNHCR's treatment of refugees at Burmeserefugee camps in Thailand. The refugees at the Burmese refugee camps in Thailand has beentreated without dignity in many ways.

Most refugees inevitably have to bribe in order to get into the refugee camps and were to buy own shelters in the camps. Many of the refugees, even after living in the camps for more than

three years, are still not provided basic rations. They have been left to struggle for their own survival. UNHCR has not registered the refugees for several years. UNHCR has contracted the registration to PAB and it has not done the registration for several years and UNHCR is not living up to its responsibilities.

Aside from leaving the refugees in the dark about what is going to happen with their fates, whenthey will be registered, and what the processes are for their future, the UNHCR ignores to respond to the refugees when asked. In many occasions, the refugees who are seeking information were shouted and driven out from UNHCR's facilities.

I would like to ask the UNHCR that the refugees should not be left in the dark and it should be informative to the people its vow to serve. In addition, I would like to request the UNHCR to look into and protect the welfare of the refugees in the camps. Refugees are humans and the UNHCR would need to treat the refugees as humans.

With best regards,

--------------------

ဗုဒ္ဓဘာသာကို ဖျတ်ဆီးဖို့သက်သက်လုပ်နေသည်ဟု ဝန်ခံထားသည့်ဘလော့အား ဝိုင်းဝန်းအရေးယူကြရမည်


မြန်မာ့ဘုရားစေတီများ၊ရဟန်းသံဃာတော်ဘုန်းကြီးများနှင့် ဗုဒ္ဓဘာသာဝင်များကို စော်ကားနေသော ဝက်ဆိုက် http://messengerforbuddhist.blogspot.com/အား ဝိုင်းဝန်း အရေးယူကြရမည်။

အဆိုပါ ဘလော့၏ အပေါ်ဆုံးဘားတွင် အင်္ဂလိပ်လိုရေးထားသည့် report abuse ဆိုသည့်နေရာကို နှိပ်ကာ ကြိမ်ဖန်များစွာ ဝင်ရောက်ပြီး ဂူဂယ်ပိုင်ရှင်များထံ ကန့်ကွက် သတင်းပို့ခြင်းဖြင့် ဝိုင်းဝန်းအရေးယူနိုင်ကြပါသည်။

အင်တာနက် ခေတ် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လည်း၊အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။

အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms &Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။

ထိုသို့တိုင်ကြားခြင်းဖြင့် အမျိုး ဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါကြောင်း အသိပေးနှိုးဆော် လိုက်ရပါသည် ။
(အီးလ်မေးမှတဆင့်ရရှိသည်)

သံဃံ သရဏံ =ဂန်း စာမိ။
သန်းရွှေ သရဏံ =ဖိနပ် စာမိ။


ပြီးခဲ့တဲ့၂၀၀၇ စက်တင်ဘာမှာ မြန်မာပြည်ထဲမှာ သံဃာကို ကိုးကွယ်သူတွေ (သံဃာတွေ)ကို သန်းရွှေစစ်ခွေး စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်။
ထိုသူတွေခမျာ သံဃံ သရဏံ =ဂန်း(gun)စာမိ ခဲ့ကြရရှာတယ်။
အခု၂၀၀၉စက်တင်ဘာမှာ နယူးယောက်မှာ
သန်းရွှေကို ကိုးကွယ်သူတွေကို ကိုမိုးသီးတို့ ၈၈၈၈မျိုးဆက်ကြီးတွေက ဖိနပ်စာကျွေးခဲ့ကြတယ်။ သိန်းစိန်နဲ့ဥာဏ်ဝင်းတို့ ဖိနပ်စာမိခဲ့ကြတယ်။
ကောင်းလေစွ။ကောင်းလေစွ။

သန်းရွှေ သရဏံ =ဖိနပ်စာမိ။
သန်းရွှေ သရဏံ =ဖိနပ်စာမိ။


(ဒို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ သန်းရွှေခွေးတွေက ကားနဲ့တိုက်သတ်သေးတာပဲ။
ခွေးဥာဏ်ဝင်းကို ကိုမိုးသီး ဖိနပ်စာကျွေးတာ နည်းသေးတယ်။ )

အိုးဝေအောင်
(အိုး-ဘားမား)
www.oway8888. com/
www.hittai.org
-------------------------------------------------------------------

D နေ့ ဖတ်ဖြစ်တဲ့ အမတ်ကြီးမြတ်စံရဲ့ ကဗျာကောင်းလေးတွေ- Dမှာသွားဖတ်ကြည့်=
http://myatsan.blogspot.com/search/label/%E1%80%80%E1%80%97%E1%80%BA%E1%80%AC



ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်"

အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Saturday, November 21, 2009

စကြ၀ဠာ၊ မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟောပြောချက်များ

စကြ၀ဠာ၊ မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟောပြောချက်များ

(နေလင်း-solomon) http://solomonn.0fees.net/wordpress/?page_id=29 မှ ကူးယူ တင်ပြပါသည်။


ကိုယ်.ဆရာတို.ရေ ....ကျွန်တော်နှင်.တကွှ ဗုဒ္ဓဘာသာဝင်အားလုံးနီးပါးစိတ်ထဲမှာ မရှင်းတာလေး
တစ်ခုတော.ရှင်းပြပေးစေလိုပါတယ်။ အဲဒါကတော.မြင်းမိုရ်တောင်နဲ.ကျွန်းကြီးလေးကျွန်းပါပဲ။
ဗုဒ္ဓဘာသာကို အနည်းငယ်တီးမိခေါက်မိတဲ.တစ်ခြားဘာသာဝင်တွေက မေးယင်ဘယ်လိုကျေနပ်
အောင်ပြန်ရှင်းပြရမလဲဆိုတာ မသိလို.ပါ။ ကျေးဇူးတင်လျှက်။(ပီတာကျော်)


ဟိုတလော ကတော့ ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာက ရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရတယ် ။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာ မဟုတ်ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ် လို့ သုံးသပ်ကြတယ်။

မြတ်စွာဘုရားဟောတဲ့ စကြ၀ဠာ တိုက် တစ်သောင်း ၊ စကြ၀ဠာအနန္တ ဆိုတာ မကြာခင် သက်သေပြကြတော့မယ် ထင်တယ်။

နိကယ်ကဏ္ဍ ၊၁၄-သတ္တသူရိယ သုတ်တော်ရဲ့ကောက်နှုတ်ချက်မှာ ….
ကမ္ဘာမပျက်ခင် နှစ်တစ်သိန်းကပင် ကြိုတင်၍ လောကဗျူဟာ နတ်တို့သည် ကမ္ဘာလောကဓာတ် တစ်ခွင်လုံးကို လှည့်လည်ကြွေးကြော်ကြတယ်။
"အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။ မဟာ သမုဒ္ဒရာလည်းခန်းခြောက်ကာ ဤကမ္ဘာမြေနှင့် တကွ မြင်းမိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက်၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ ..."

မြင်းမိုရ်တောင်က ဘယ်နားမှာရှိလဲ လိုက်ရှာဖတ်ကြည်တော့လည်း တွေ့ပါတယ်။
( သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ အဂ္ဂည သုတ် အဌကထာ၊ ၀ိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊
၅၅၀ ဧကနိပါတ် ကုလာဝကဇာတ် ၊နေမိဇာတ်၊အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း
) စသည် တို့ မှာ ဖြစ်ပါသည်။

ဒီကျမ်းတွေမှာ ဆိုတာက စကြ၀ဠာ တစ်ခုမှာ နေတစ်စင်း ၊လတစ်စင်း နှင့် အလယ်တွင် မြင့်မိုရ်တောင်ရှိသည် ။ မြင့်မိုရ်တောင်ကိုဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ထောင် ကို နေ နဲ့ လ က အလင်းရောင်ပေးနေတယ် လို့ ဆိုပါတယ်။
ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် ကို စကြ၀ဠာ တစ်ခု လို့ ဆိုပါတယ် ။
စကြ၀ဠာ ဟာ အ၀ိုင်းပုံစံ နဲ့ အရေအတွက် အနန္တရှိတယ် ဆိုပါတယ်။
စကြ၀ဠာ (၃) ခုကြားမှာ လောကန္တရိတ် ငရဲ ရှိတယ်ဆိုပါတယ်။(အဇာတသတ် ကျနေတဲ့ ငရဲပါ)

စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ်သည့် သဘောရှိပါတယ်၊ ဘုရားရှင်ပွင့်တဲ့ ကာလဟာ မဟာပေါက်ကွဲမှု(Big Bang) အပြီးမှာ Expension of Universe စနေတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ဂြိုလ်တွေ အခုလောက် မများသေးဘူး လို့ ယူဆကြပါတယ်။
တောင်စဉ် (၇)ထပ် ဆိုတာ ဂြိုလ် (၇) လုံး ရှိနေပြီ လို့ ယူဆရင် ၊ ကျွန်းကြီး (၄) ကျွန်းက ကမ္ဘာထဲ ပို့ရတော့မယ်။
လက်ရှိခေတ်မှာတောင် ဂြိုလ်တိုင်းမှာ မြေကြီးသဘောမရှိဘဲ အခိုးအငွေ့ပဲ ရှိနေတာတွေ ရှိသေးတယ်။
ဒီအခိုးအငွေ့ပဲ ရှိနေတာတွေကို တောင်စဉ် တွေလို့ ဟောခဲ့တယ် ဆိုရင် ကျွန်းကြီး (၄) ကျွန်းက မြေကြီးရှိတဲ့ ဂြိုလ် (၄)ခုဖြစ်နိုင်တယ်။
ဒါဆိုရင်မဆိုးပါဘူး။ ကျွန်းကြီး (၄) ကျွန်းထဲ က တောင်ကျွန်း ( ဇမ္ဗူဒီပ )(ကမ္ဘာ) နဲ့ မဇ္ဈိမ ( ဘုရားပွင့်ရာ ဒေသ ) ဆိုရင် ဘုရားခေတ်မှာ မြေသဘောရှိတဲ့ ဂြိုလ် (၄) လုံး နဲ့ အဲဒီထဲမှာ ကမ္ဘာက တောင်ဘက် ဂြိုလ် ၊ ကမ္ဘာထဲမှာမှ မဇ္ဈိမ ဒေသ မှာ သူ ပဋိသန္ဓေယူမယ်လို့ သေတကေတု နတ်သားက ကြည့်တယ်လို့ ဆိုရပါမယ်။

ဂြိုလ်အရေအတွက်တွေကလည်း ပြောင်းနေတာကိုး။
အခုတောင်ပြောင်းသွားပြန်ပြီ မဟုတ်လား။ ဂြိုလ်အဆင့် မမီလို့ ချလိုက်တာတို့ ..ဘာတို့ က ရှိနေသေးတော့ ဘုရားခေတ်မှာ မြေကြီးရှိတဲ့ ဂြိုလ် (၄)ခုပဲရှိတယ်လို့ ဖြစ်နိုင်တယ်။
ဒါလဲ ဘုရားရှင်ကိုယ်တော်တိုင်က လက်ရှိခေတ်နဲ့ နှိုင်းယှဉ်ပြီး လာရှင်းမှ ရမယ်။
(ဘယ်အရာတွေကို အဲဒီတုန်းက ကျွန်းလို့ ဒါပြောတာ ၊ ဘယ်ဟာတွေ အဲဒီတုန်းက မရှိသေးဘူး )စသည်ဖြင့်ပေါ့ ။

ဒါဆိုရင် စိတ္တသူကြွယ်ရဲ့ ဇနီး က မြောက်ကျွန်းသူ လို့ ဆိုတယ်။ အဲဒီမှာ စတွေ့တာပဲ ။ ဂြိုလ်သားဖြစ်နေပြီ ။တခြားဂြိုလ်က ခေါ်လာတာ ဖြစ်နေပြီ ။ ဒီ အမျိုးသမီးက သုတ္တန်မှာကလည်း သူက လူစစ်စစ် ၊ အသားဖြူတယ်။ ချောတယ်။ ထွားတယ် လို့ ပါနေတော့ ၊အမေရိကန်၊ ရုရှား၊ ဥရောပ သူလို့ ဆရာတော်တွေက ယူဆကြပြန်တယ်။( စိတ္တသူကြွယ် သုတ်တော် ဖတ်ကြည့် နာကြည့်ပါ ။)
ဆရာတော်တစ်ပါးက ဆို မြောက်အမေရိကတိုက်က ဖြစ်မယ်တဲ့ ။ ဒါတော့ မဖြစ်နိုင်ပါဘူး။
ဥရောပသူဖြစ်ဖို့ များပါတယ်။

အမေရိကတိုက်ကို လူတွေ (ကိုလံဘတ်စ် )ရှာတွေ့မှ သိကြတာပါ၊ (ကမ္ဘာ့သမိုင်းအရ)
နည်းနည်းတော့ ရှုပ်တယ်ဗျ ။ ညှိနိုင်းရတာ ခက်တယ်။

ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာ သင်တန်းမှာ ကြားလိုက်ရတာလေး ရှိသေးတယ်။ ရယ်စရာ အနေနဲ့ပေါ့ ။ သူက တက္ကသိုလ်တုန်းက ဆရာတစ်ယောက်ကို မေးတယ်တဲ့ ။ (ဒေါက်တာခင်အောင် ကို ထင်တယ်) ။
ဆရာ မြင့်မိုရ်တောင်က ဘယ်နားမှာလဲ ၊မြင်လဲ မမြင်ကြပါလား ဆိုတော့ …
ဆရာက .. "အေး..အဲဒီ မြင့်မိုရ်တောင်ထိပ်မှာ ဘာရှိလဲ.."တဲ့ ။
"တာဝတိံ သာ နတ်ပြည်ရှိတယ် ဆရာ…" ဆိုတော့…..
" မင်း ..တာဝတိံ သာ နတ်ပြည်ကိုတောင် မမြင်ရတာ သူ့အောက်က မြင့်မိုရ်တောင်ကိုလဲ ဘယ်မြင်ရပါ့မလဲ "
တဲ့ ။
မြင့်မိုရ်တောင်ကို မြင်ချင်ရင် တာဝတိံသာ နတ်ပြည်ကို မြင်အောင် အရင်လုပ်ပါ တဲ့ ။

သာမာန် မျက်စိတွေ ကိရိယာတွေနဲ့ တော့ မမြင်ရဘူးပေါ့ ။ ဒိဗ္ဗစက္ခု အဘိဥာဉ် နဲ့မှ မြင်ရမယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် သီတင်းကောင်းတစ်ခုကတော့ ဖားအောက်တောရကျောင်းတိုက်မှာ ယောဂီတွေဟာ ဒါတွေကို မြင်နေရတယ်။ နိုင်ငံခြားသားတွေရောပဲ။
မယုံရင်လာ …လက်တွေ့ တရားလာမှတ်၊ ကိုယ့်ဟာကို ကြည့် ကြလို့ ..ဆရာတော်ကြီးက ရဲ ရဲ ဖိတ်ခေါ်တယ်။
ငါ ပြောတာကို ယုံမနေနဲ့ ။ကိုယ့်ဟာကို ကြည့်ကြတဲ့ ။
"အခုနောက်ပိုင်း ပုဗ္ဗေနိဝါသ အဘိဥာဉ်ရသူတွေ တော်တော်များလာကြောင်း" ဒေါက်တာမင်းတင်မွန်က အဘိဓမ္မာသင်တန်းမှာ ပြောတာကြားရတယ်။

ကိုပြေဇော် တွက်ထားတာလေးတွေ ရှိတယ်။ ကူးတင်ပေးမယ်။ စိတ်ဝင်စားစရာပေါ့ ။

လေးကျွန်း တစ်မြင်းမိုရ်နဲ့ စကြ၀ဠာအနန္တဆိုတာကို ဗုဒ္ဓဟောအနေနဲ့ ရှိတာတော့ အကိုလဲ ထောက်ခံတယ်။
ကမ္ဘာမြေကြီးထုက နှစ်သိန်းလေးသောင်းတို့ ၊ နတ်ပြည် ၊ ငရဲပြည် အကွာအဝေးတွေကတော့ ဆရာတော်တွေလဲ ပါဠိတော်မှာ တိုက်ရိုက်မတွေ့ဘူးလို့ ဆိုကြတယ်။ သီဟိုဠ်ဆရာတော် အရှင်အနုရုဒ္ဓါရဲ့အပြောတွေပဲ ဖြစ်နေတယ်။ ဒါကလဲ ပြဿနာ ရှိနေတယ်။ ဆက်တင်ပေးမယ်။


ဒါက အရင်တုန်းက ပဒုမ္မာမှာ ကိုပြေဇော်ရေးထားတာပါ။

စကြ၀ဠာ အကြောင်း
ယနေ့ ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများပါ စိတ်ဝင်စားနေကြသည့် စကြ၀ဠာကြီးတည်ရှိပုံ၊ စကြ၀ဠာကြီးတစ်ခု ဖြစ်တည်ပျက် သဘောတရားများသည် မိမိတို့ ဉာဏ်မမီသော အရာများအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ထိုအကြောင်းအရာများမှာ ဗုဒ္ဓဘာသာဝင်များအဖို့ သံသရာလွတ် မြောက်ကြောင်းနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဂေါတမမြတ်စွာဘုရားက အဂ္ဂညသုတ္တန်တွင် စကြ၀ဠာနှင့်ပတ်သက်၍ အထိုက်အလျောက် ဟောကြားခဲ့ဖူးပါသည်။

ယနေ့အနောက်တိုင်း Physical Cosmology သည်လည်း စကြာဝဠာအကြောင်း လေ့လာသုတေသနပြုနေဆဲ ဖြစ်ပြီး ဆုံးခန်းတိုင်ရောက်ပြီဟုလည်း မပြောနိုင်သေးပါ။ သို့ရာတွင် ၄င်းတို့၏ တွေ့ရှိချက်များနှင့် ဗုဒ္ဓ၏ဟောကြားချက်များကို ပေါင်းစပ်ပြီး သုံးသပ်ကြည့်ရာ စိတ်ဝင်စားဖွယ်ရာ အချက်အချို့ကို ဖော်ထုတ်ရရှိပါသည်။
The Buddha seems to present a model of cosmology wherein the universe expands and contracts over extremely long periods of time, this description has been found by some to be consistent with the expanding universe model and Big Bang. The Buddha seems to be saying here that the universe expands outward, reaches a stabilising point, and then reverts its motion back toward a central point resulting in its destruction, this process again to be repeated infinitely. Throughout this expanding and contracting process, the objects found within the universe undergo periods of development and change over a long stretch of time, according to the environment in which they find themselves. Following this passage above, the Buddha goes on to say that the “beings” he described in this paragraph become attached to an earthlike planet, get reborn there, and remain there for the duration of the life. As a consequence of this, physical characteristics change and evolutionary changes takes place. This is often interpreted as a very rough theory of evolution. Furthermore, the Aggañña Sutta presents water as pre-existent to earthlike planets, with the planet forming with water and the life moving from the water onto the earth. Buddha does not talk about a specific earth, but about earthlike planets in general.
အထက်ပါ စာပိုဒ်၏ အစတွင် မိမိတို့၏ စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ်သည့် သဘောရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် အဂ္ဂညသုတ္တန်ကို ရည်ညွှန်း၍ သုံးသပ်ထားသည်။ Expansion of universe နှင့် Big-Bang အယူအဆနှင့်လည်း ကိုက်ညီနေသည်ဟုလည်း ဖော်ပြထားပါသည်။
အဂ္ဂညသုတ္တန်တွင် ဗုဒ္ဓမြတ်စွာဘုရားက... ‘ ၀ါဌေသ- ထိုအခါ (စကြာဝဠာ ကုဋေ တစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီးသားတည်း၊ မှောင်အတိဖြစ်၏၊ တခဲနက်မှောင်အတိဖြစ်၏၊ လနေတို့မရှိကုန်၊ နက္ခတ်တာရာတို့လည်းမရှိကုန်၊ နေ့ညလည်းမရှိ၊ ဥတုနှစ်တို့လည်းမရှိ’ ဟု စကြာဝဠာကြီး စတည်ပုံကို ဟောကြားခဲ့သည်။
နောက်ပိုင်းတွင် နေ၊ လတို့ထွက်လာပုံ၊ နေ့ ည ဖြစ်ပေါ်လာပုံတို့ကို တဆင့်ခြင်း ဟောကြားသွားခဲ့သည်။

ထို့ကြောင့် Cocmological model of universe တစ်ခု ဖြစ်သည့် Big-Bang အယူအဆတွင် စကြ၀ဠာကြီးသည် အလွန်သိပ်သည်းမှုများပြီး အပူချိန်မြင့်တက်နေရာမှ ပေါက်ကွဲပြီးပြန့်ကားခြင်း ဖြစ်နေသည်။ ယနေ့အထိ expansion ဖြစ်နေဆဲဟု လက်ခံထားကြသည်။ ဤယူဆချက်သည် အဂ္ဂညသုတ္တန်နှင့် အနီးစပ်ဆုံး ကိုက်ညီသော်လည်း ...
steady state ရောက်ပြီး ပြန်ကျုံ့သွားသည်ဟု ဗုဒ္ဓဘုရားရှင်က ယင်းသုတ္တန်တွင် ဟောကြားထားကြောင်း မတွေ့ရပေ။
သို့သော် စကြ၀ဠာကြီးသည် steady state ရောက်ပြီး ပြန်ကျုံ့သွားသည်ဆိုသည့် ပညာရှင်တို့၏ ယူဆချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဗုဒ္ဓပွင့်တော်မူချိန်သည် စကြ၀ဠာကြီးပေါ်ပေါက်လာပြီး ဒုတိယ အသင်္ချေယျကပ်၏အစ ပထမ အန္တရကပ်အဆုံးပိုင်း ရောက်နေပြီ ဖြစ်၍ လူ့သက်တမ်း ၁၀၀ နှစ်ရှိသည်။

ပထမ အသင်္ချေယျကပ်သည် စကြ၀ဠာကြီး ဖြစ်တည်လာသည့် အချိန် အပိုင်းအခြား၊
ဒုတိယ အသင်္ချေယျကပ်သည် steady state သို့ ပြောင်းနေသည့် အချိန်အပိုင်းအခြား ဖြစ်သည်။

ဗုဒ္ဓဘုရားရှင် ယင်းဟောကြားချက်သည်လည်း
သိပ္ပံပညာရှင်တို့၏ expansion ဖြစ်နေဆဲဟု ယူဆချက်နှင့် ကိုက်ညီနေပြန်သည်။

ယနေ့ သိပ္ပံပညာရှင်များက စကြ၀ဠာကြီး၏သက်တမ်းကို နှစ်သန်းပေါင်း (၁၃၇၀၀) ရှိပြီဟု ခန့်မှန်းထားပါသည်။
သို့ဖြစ်ပါ၍ သိပ္ပံပညာရှင်များ လက်ခံထားသော စကြ၀ဠာသက်တမ်းကို အခြေခံထား တွက်ချက်ကြည့်ရာ အန္တရကပ်တစ်ခုသည် နှစ်သန်းပေါင်း ၆၅၂.၄ နှစ်ခန့် ကြာမည် ဖြစ်ပါသည်။
ဂေါတမ ဗုဒ္ဓဘုရားရှင် ပွင့်စဉ် လူ့သက်တမ်း ၁၀၀ မှ ပျှမ်းမျှ တစ်နှစ်လျှင် ၂ နာရီ ၉ မိနစ်နှုန်းဖြင့် သက်တမ်းလျော့လာနေရာ နောင်နှစ်ပေါင်း ၃.၇ သိန်းခန့်တွင် ၁၀ နှစ်တမ်းသို့ ရောက်မည် ဖြစ်ပါသည်။ ထိုမှတဖန် နှစ်သန်းပေါင်း ၃၂၆.၂ ကြာသော် လူ့သက်တမ်းသည် (၈၀၀၀၀) ရှစ်သောင်းထိ ပြန်ရောက်လာမည်ဖြစ်ပြီး ဤကမ္ဘာအတွက် ပဉ္စမမြောက် နောက်ဆုံးဘုရား ပွင့်မည် ဖြစ်ပါသည်။

ထို့ကြောင့် နှစ်သန်းပေါင်း ၃၂၆.၅၇ ခန့်တွင် အရိမေတ္တယျမြတ်စွာဘုရားပွင့်မည်ဟု ခန့်မှန်း ပြောဆိုနိုင်ပါသည်။

စကြ၀ဠာကြီးသည် ဒုတိယအသင်္ချေယျကပ်အတွင်း လက်ရှိ ပြန့်ကားထွက်လာခြင်းသည် steady state သို့ ရောက်ရှိသွားပြီးနောက် ၊ တတိယ အသင်္ချေယျကပ်သည် စကြ၀ဠာကြီး ပျက်စီးမည့် ကာလအပိုင်းအခြားဖြစ်ပါသည်။
ဤနေရာတွင် သိပ္ပံပညာရှင်များ၏ စကြ၀ဠာကြီးသည် တဖြေးဖြေး ကျုံ့သွားသည်ဆိုသည့် ယူဆချက်မှာ ဖြစ်နိုင်ချေရှိသည်ဟု ယူဆပါသည်။ ထိုသို့ ကျုံ့လာလျှင် ကြယ်များတစ်ခုနှင့်တစ်ခု နီးကပ်လာသဖြင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအနီးသို့လည်း ကြယ်များ ရောက်လာနိုင်ပါသည်။

ဗုဒ္ဓဘုရားရှင် ဟောကြားထားသည့် နေ ၇ စင်းထွက်မည်ဆိုသည်ကို မိမိတို့နေ စကြ၀ဠာငယ်အနီးသို့ အခြားကြယ်ကြီး ၆ ခု နီးကပ်လာသည့်အခါ နေ ၇ စင်းထွက်သည့်သဘောဟု ယူဆပါသည်။
အဆမတန် ပူပြင်းပြီး နောက်ဆုံးတွင် စကြ၀ဠာတိုက်အတွင်း ရှိသမျှ နက္ခတ်တာရာများအားလုံးနှင့်အတူ မီးလောင်ပျက်စီးသွားမည် ဖြစ်ပါသည်။(ကာမ ၁၁ ဘုံနှင့် အောက်ဆုံးဗြဟ္မာဘုံပါဝင်မည်။ ကျန်အထက်ဘုံများ မပါ။)
ဤသို့ ကမ္ဘာကြီး ပျက်ရန်မှာ နှစ်သန်းပေါင်း ၂၅၄၄၄ ခန့် လိုသေးကြောင်း ခန့်မှန်း တွက်ချက်တင်ပြလိုက်ရပါသည် ခင်ဗျာ။
(မိမိ၏ သုံးသပ်ချက်များမှာ အကြွင်းမဲ့မှန်ကန်သည်ဟု မဆိုနိုင်ပါ။ ရနိုင်သမျှ အချက်အလက်များပေါ် အခြေခံ၍ သုံးသပ်ခြင်း ဖြစ်ပါသည်။)

လေးစားစွာဖြင့်
မောင်ပြေဇော်
----------------------------------------------------။
ဒါကတော့ အကိုတို့ မြင့်မိုရ်တောင်ကို စဉ်းစားကြည့်ခဲ့တာပါ။
-------------------
-------------------
ဒီမှာ ကျွန်တော် မရှင်းတာက ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာ ကရှာတွေ.တယ်ဆိုရင်
မြင်းမိုရ်တောင်ကို ဘာလို့ မတွေ့ကြတာလဲ ။ ရှိတာတော့ သေချာနေပြီ ။ သာမန် မံသစက္ခုနဲ့ မမြင်နိုင်ဘူး လို့ ယူဆရမှာ လား ။ ကိုပြေဇော် ဘယ်လို ယူဆပါသလဲ ။
ချမ်းသာကြပါစေ ။
Solomon
——————။
ကို solomon ရေ.....
သိပ္ပံပညာကလည်း တော်တော်လေး လေ့လာမှုတွေ ရှိထားတာပဲ။ သို့သော် မြင့်မိုရ်တောင် ဘယ်မှာဆိုတာတော့ confirmed မဖြစ်ဘူးဖြစ်နေတယ်။ ရှုပ်ကုန်မှာ စိုးလို့ ကျွန်တော် တမင်ချန်ထားတာ။ ခင်ဗျားက လာမေးတော့ ထည့်ရှင်းရမှာပေါ့။
ဟောဒီ http://en.wikipedia.org/wiki/Sumeru မှာဖတ်ကြည့်လိုက်ပါ။ ဒီလိုဖော်ပြထားတယ်။
40,000 yojanas is also the height at which the Sun and Moon circle Sumeru in a clockwise direction. This rotation explains the alteration of day and night; when the Sun is north of Sumeru, the shadow of the mountain is cast over the continent of Jambudvīpa, and it is night there; at the same time it is noon in the opposing northern continent of Uttarakuru, dawn in the eastern continent of Pūrvavideha, and dusk in the western continent of Aparagodānīya. Half a day later, when the Sun has moved to the south, it is noon in Jambudvīpa, dusk in Pūrvavideha, dawn in Aparagodānīya, and midnight in Uttarakuru.
နေနဲ့ လ က မြင့်ရ်မိုတောင်ကို ပတ်နေလို့ မြင့်ရ်မိုတောင်ကွယ်ရင် အဲဒီကျွန်းက ညဖြစ်တယ်။ ဆန့်ကျင်ဘက်ကျွန်းက နေ့ဖြစ်တယ်ပေါ့။ ဒီလိုတွေလည်း ရေးထားတာတွေ့နေရတယ်။
စကြ၀ဠာကြီး ဖြစ်ပြီးစ၊ နေ လတို့ ပေါ်ထွန်းစ၊ ကျွန်းလေးကျွန်း မြင့်မိုရ်တောင်ကြီး ပေါ်ထွန်းစ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀၀၀ ၀န်းကျင်က စကြာဝဠာကြီး ခုလောက် expansion မဖြစ်ခင် အခြေအနေကို ရည်ညွှန်းပြီး ဟောခဲ့တယ်လို့သာ မှတ်လိုက်ပါ။ ဒါမှမကြိုက်ရင် အဘိညာဉ်နဲ့ ကြည့်ရင် တွေ့ဦးမယ်လို့ မှတ်ချင်လည်းမှတ်ပေါ့။ ဘုရားရှင်ရဲ့ ဟောကြားချက်ကို မှားတယ်လို့တော့ မယူပါနဲ့။
ကျွန်တော်လည်း အဘိညာဉ်မရတော့ တပ်အပ်တော့ မပြောနိုင်ဘူး။ စကြ၀ဠာကြီးက အချိန်နဲ့ အမျှ ပြောင်းနေတာလေ။ Evolution ပေါ့ဗျာ။ တရွေ့ရွေ့ ပြောင်းလဲတဲ့ ဖြစ်စဉ်ပေါ့။ သိပ္ပံပညာရှင်တွေက စကြ၀ဠာထဲက အရာဝတ္တုတွေကိုဖော်ပြရင် 3-D( 3 Dimensions)နဲ့ မရဘူး။ 4-D နဲ့မှ ရမယ်။ Time ဆိုတဲ့ Dimension တစ်ခုထပ်ထည့်ထားတယ်။ ဒီလို spacetime နဲ့ ဖော်ပြမှ ပြည့်စုံတယ်တဲ့။ ဆိုလိုတာက အချိန်နဲ့အမျှ ပြောင်းလဲတဲ့သဘောလို့ပဲ မှတ်ထားလိုက်ပါ။
ကျွန်တော်အနေနဲ့က သိပ္ပံနယ်ပယ်မှာ တွေ့ရှိချက်အချို့နဲ့.. ဘုရားရှင်ရဲ့ဟောကြားချက်တွေထဲက တိုက်ဆိုင်တယ်ထင်တာပဲ ရွေးထုတ်တင်ပြတာပါ။
နောက်တစ်ဆက်တည်း တင်ပြလိုတာက စကြ၀ဠာကြီးက ပျက်ခါနီးရင် ကျုံ့သွားတယ်ဆိုတာ ပညာရှင်တွေ ပြောတာမဟုတ်ပဲ ဗုဒ္ဓဘုရားရှင် ဟောကြားချက်မှာပါကြောင်း မူလတင်ပြမှုကို ဖြည့်စွက်လိုပါတယ်။
အဂ္ဂညသုတ်ကို အင်္ဂလိပ်လို ရေးထားတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
In the second part of the Sutta, Buddha tells the story of how the human beings came to dwell on Earth. The Buddha told that sooner or later, after a very long time, there would be a time when the world shrinks. As the universe shrinks, many of its inhabitants would die. Of these deceased creatures, some were born again (due to good karma) in the Heavenly realm of Abbhasara (Lucid Light). There, they floated for a very - very long time, as a bodiless, radiating extreme light. They don’t eat or drink, as they nourish themselves from pure spiritual joy.
ဒီလောက်ဆိုရင် ကျွန်တော့်အဖြေကို ကျေနပ်မယ်လို့ မျော်လင့်ပါတယ်ဗျာ။

ခင်မင်လျက်
မောင်ပြေဇော်
-------------။
နောက် ပြဿနာ တစ်ခုကတော့ ကမ္ဘာမြေကြီးရဲ့ ထုထည်နဲ့ ငရဲပြည်တွေရဲ့ အကွာအဝေးကို
အကို လိုက်တွက်ကြည့် တဲ့ အခါ တွေ့ရတဲ့ ပြဿနာပါပဲ ။
ဒီအကွာအဝေးတွေကို ဘုရားရှင်ရဲ့ မူရင်းပါဠိတော်မှာ မပါဘူးလို့ ဒေါက်တာ မင်းတင်မွန်ကတော့ ပြောသွားတယ်။ သူလဲ သံသယဖြစ်လို့ Confirm လုပ်နေတာကြာပြီတဲ့ ။
နိုင်ငံခြားရောက်တိုင်း ဒါတွေကို မေးလေ့ရှိနေတော့ ရဲရဲ မပြောရဲဘူးပေါ့ ။
ဒါတွေကလဲ ဘုန်းကြီးတွေနဲ့ ခေတ်ပညာတတ်တွေ ပူးပေါင်းစဉ်းစားပြီး သေချာအောင်လုပ်သင့်တဲ့ အချက်တွေပါ။
ပြဿနာက ဒီလိုပါ ။

လက်ရှိဆရာတော်တွေ ဟောနေတာ ၊ ရေးထားတာတွေမှာ -
ကမ္ဘာ မြေကြီးရဲ့ ထုထည်ဟာ ယူဇနာပေါင်း ၂-သိန်း၊၄သောင်း ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိသိပ္ပံပညာမှာက ကမ္ဘာ့ အချင်းဟာ အီကွေတာ အတိုင်းဆိုရင်..
The diameter of the earth at the equator is 7,926.41 miles (12,756.32 kilometers).the earth through the poles the diameter is a bit shorter - 7,901 miles (12,715.43 km).

ဒီတော့ ထုထည်ဆိုတာက Volume = 4/3 pi r^3 ဆိုတော့ သိပ္ပံပညာအရ ကမ္ဘာ မြေကြီးရဲ့ထုထည်ဟာ မိုင်သန်းပေါင်း ၂၆၀၀၀၀ လောက် ရှိတယ်။ အတိအကျဆိုရင် ၂၅၈၀၀၀ သန်းရှိတယ်။
တစ်ယူဇနာကို (၈ )မိုင် သော်လည်းကောင်း ၊ (၁၃) မိုင်သော်လည်းကောင်း ၊ (၁၂)မိုင်၊(၅)ဖာလုံ ၊(၈ )သံကြိုး ၊(၄) ကိုက် သော်လည်းကောင်း ရှိတယ် ဆိုပါစို့ ။ဘုရားဟောကို ပြန်တွက်ရင် အနည်းဆုံး ကမ္ဘာရဲ့ အချင်းက ၁၃၂၈၉၀ မိုင်လောက်ရှိနေတယ်။ ယူဇနာကို မိုင် ပြောင်းအပြီးမှာပေါ့။ သိပ္ပံ နဲ့ကွာနေတယ်။
အဓိက ပြဿနာက ငရဲ (၈)ထပ်ရဲ့ တည်နေရာပါပဲ ။
ငရဲ (၈) ထပ်ဟာ မြေမျက်နှာပြင်ကနေ ယူဇနာ (၁၅၀၀၀) ဆီ အောက်ကို နိမ့်ပြီး ရှိနေတယ်လို့ ဟောထားတယ်။ ဟောနေတုန်းပဲ ။ ဒီတော့ ယူဇနာ ၁၅၀၀၀ ဆိုတာ ၁၅၀၀၀ (အမြှောက်) ၈ မိုင် ဆိုရင်တောင် ၁၂၀၀၀၀ မိုင်မှာ ပထမဆုံး သိဥ္စိုးငရဲက စရှိနေမယ်။ ဒါဆိုရင် တောင်မြောက် အချင်း - ၇၉၀၀ မိုင်ပဲ ရှိတဲ့ ကမ္ဘာ ရဲ့ အပြင်ကို ဒီ ငရဲ ရောက်နေပြီ လို့ ပြောရမလို ဖြစ်နေတယ်။ ကျန်တဲ့ (၇) ခုဆို ပိုဆိုးပြီ။
တရားတော်တွေမှာက ထုထည်ဟာ ယူဇနာပေါင်း ၂-သိန်း၊၄သောင်း ရှိတယ်လို့ ပြောပြီးတာနဲ့ မြေကြီးအောက်ကို ယူဇနာ ၁၅၀၀၀ ဆီ အောက်မှာ ငရဲတွေ ရှိနေတယ်လို့ ဆိုတယ်။
စက္က၀တ္တိသုတ်တော်၊ သတ္တသူရိယ သုတ်တော် အကျယ်တွေမှာ ပါနေတယ်။
အနက် ( Depth ) နဲ့ ထုထည်(Volume)ကို နှိုင်းယှဉ်ပြထားသလိုဖြစ်နေတယ်။အနက်ကို အနက်နဲ့ ယှဉ်ပြရင် ကျွန်တော်တို့ သတိထားမိနိုင်တယ်။အခု ယှဉ်ကြည့်လိုက်တော့ အဲဒီလိုအပြင်ကိုရောက်တာ ဖြစ်နေတယ်။

ငရဲတွေကလည်း ကမ္ဘာထဲမှာပဲ ရှိတယ်လို့ အဆိုက ရှိနေတယ်။ အပြင်မှာလည်း ရှိနိုင်တယ်ဆိုရင်တော့ အားလုံးအဆင်ပြေမယ်။ အ၀ီစိကတော့ အပြင်နဲ့ ဆက်စပ်နိုင်တယ်။ဘာကြောင့်လဲဆိုရင် အ၀ီစိရဲ့အရံ
လောက ကုမ္ဘီငရဲဟာ စကြ၀ဠာ (၃)ခု (ဒါမှမဟုတ် ) (၂) ခု ဆုံတဲ့ ကြားမှာ မှောင်မည်းပြီး ရှိနေတယ်လို့ ဆိုတယ်။ ဒါကလည်း အဇာတသတ်မင်းနဲ့ ပတ်သက်ပြီး ဟောထားတဲ့ တရားတွေမှာ ရှိနေတယ်။
သိပ္ပံကလည်း အခုဆိုရင် ကျွန်တော်တို့ စကြ၀ဠာရဲ့ အဆုံးလို့ ပြောလို့ ရတဲ့နေရာကို တွေ့ပြီလို့ ဆိုတယ်။မှောင်မည်းနေတယ်တဲ့ ။ ဒီအမှောင်ရဲ့ ဟိုဘက်မှာ နောက် စကြာဝဠာတစ်ခု ရှိမယ်ဆိုရင်တော့ ဘုရားရှင်ဟောတဲ့ စကြ၀ဠာအနန္တဆိုတာကို သိပ္ပံပညာက တွေ့ရတော့မယ်။
---------------------------------------
ဒီတော့ လက်ရှိခေတ်နဲ့ ကိုက်ညီအောင် ငရဲတွေကို ဘယ်လို တွက်ကြမလဲ ။ ဒေါက်တာ မင်းတင်မွန်တို့ကတော့ ဒါတွေက သီဟိုဠ်ကဆရာတော် ပြန်ရေးတဲ့ အဋ္ဌကထာက စကားတွေပါလို့ ပဲ .ဇာတ်လမ်းဖျက်လိုက်ပါတယ်။
ချမ်းသာကြပါစေ
Solomon
----------------------------------။
ဒီမေးခွန်းတွေ အဖြေရှာတာတွေဟာ မဂ် ၊ဖိုလ်၊ နိဗ္ဗာန် သွားရာ မဟုတ်လို့ အရေးမပါဘူးလို့ လဲ မထင်လိုက်ပါနဲ့ ။
နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ သာသနာပြုမယ်ဆိုရင် သူတို့ မေးတာတွေကို အရင် စုံနေအောင် ဖြေနိုင်ပြီးမှ
သူတို့ ရဲ့ First Impression ကို ရမယ်။ ဒါပြီးမှ သမထဖြစ်စေ၊ ၀ိပဿနာ ဖြစ်စေ ဟောပြောသင်ကြားလို့ ရမယ်။ ဒါတွေကို ဟောပြောခဲ့တဲ့ ဗုဒ္ဓဆိုတာလဲ ဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်၊ ဥာဏ်တော် ဘယ်လောက်ကြီးကျယ်ဆိုတာကို အဲဒီ ဘာသာခြား ၊ဘာသာမဲ့တွေက ဒီလို မေးခွန်းတွေနဲ့ပဲ တိုင်းတာကြပါတယ်။
လက်ရှိ ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်တို့မှာ သာသနာပြု ဒေသစာရီကြွမယ့် ဆရာတော်လောင်းလျာ စာသင်သားတွေကို သိပ္ပံပညာအချို့သော Concept တွေ ၊ Unit ပြောင်းတဲ့
Formulae တွေ ၊ ဆေးပညာဆိုင်ရာ ဗဟုသုတတွေ ၊ ဘာသာစကားတွေ၊သမိုင်းတွေ၊ အဆိုအမိန့်တွေ ကို ပါဠိတော် နဲ့ အတူ တွဲပြီးသင်ပေးနေတယ်ဆိုတာ ဒါကြောင့်ပါပဲ ။

နိုင်ငံခြားသားနဲ့ စတွေ့တာနဲ့ အဝိဇ္ဇာ ပစ္စယာ သခါၤရ၊ သခါၤရာ ပစၥယာ ဝိဥာဏံ၊ ဝိဥာဏ ပစၥယာ နာမရူပံ စသည် တန်းပြီး ရွတ်လို့ ရတာ မဟုတ်ဘူး။
ဝိဥာဏ ပစ္စယာ နာမရူပံ ဆိုတာလေးကို သူတို့လက်ခံနိုင်ဖို့ အနည်းဆုံး ဒီလောက်ပြောနိုင်ရမယ်။ဥပမာ အနေနဲ့ ရေးပြမယ်။
ဗုဒ္ဓရဲ. ကမ္ဘာလောကဖြစ်တည်ပုံ ရုပ် ၊ နာမ် ပိုင်း ဖြစ်စဉ် အဟော၊ နဲ့ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေလည်း နီးစပ်နေတာ တွေ့ရပါတယ်။
သိပ္ပံပညာရှင်ပေါင်းများစွာ စုဝေးပြီး ကမ္ဘာမြေကို မဟာဓါတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ကြရာ
(လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀၀ ကျော်က ) ကာဗွန် ၊ ဟိုက်ဒရိုဂျင် ၊အောက်ဆီဂျင် နဲ့ နိုက်ထရိုဂျင်တွေ အချင်းချင်းဓာတ်ပြုပြီး ရှုပ်ထွေးဆန်းကျယ်တဲ့ မော်လီကျူး အဖြစ်ပေါင်းစပ်သွားကြတယ် ။ ဒီဖြစ်စဉ်မှာ တစ်ခုခုသော ပေါင်းစပ်မှုဟာ ဇီဝအသက် ဆိုတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး Process တစ်ခုကို ဖြစ်သွားစေခဲ့တယ်။ ရုပ်ပိုင်း အခြေခံမှာ မီသိန်း ၊ အမိုးနီးယား နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ ပေါင်းစပ်သွားတဲ့ ပရိုတိန်း ( ၀ါ ) ပေါ်လီမာ (Polymer ) ဒြပ်ပေါင်း တစ်ခုဖြစ်နိုင်တယ် လို့ ယူဆကြတယ်။ အဲဒီလိုစတင်ခဲ့တဲ့ အသက်ဇီဝ ဓာတ်ပေါင်းလေးဟာ နှစ်ကာလများစွာကြာမှ လူသားဖြစ်လာတယ်လို့ ယူဆကြပါတယ် ။ Polymer ဖြစ်ပေါ်မှုဟာ နှစ်သန်းအနည်းငယ်ပို၍ စောပြီး လူသားကတော့ ဤစကြာဝဠာမှာ လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်း( ၁၀၀,၀၀၀ )ခန့်ကမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။
တဖန် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် တစ်မျိုး ကမ္ဘာမြေမှာ ဆက်ပြီးဖြစ်ပေါ်လာတယ် ။ ဤစကြာဝဠာမှာ ကမ္ဘာမြေ ရဲ့ အပေါ်ယံ အလွာ ဖြစ်ပေါ်လာပြီးနောက်မှာ စကြာဝဠာမှာ လဲ ပြောင်းလဲမှုတွေ ဆက်ဖြစ်လာတယ်လို့ ယူဆကြတယ်။ဒီ ပြောင်းလဲမှုဖြစ်စဉ် တစ်မျိုး ကို “မဟာပေါက်ကွဲမှု ( Big Bang )” သီအိုရီ လို့ ခေါ်လိုက်ကြပါတယ် ။
“မဟာပေါက်ကွဲမှု ( Big Bang )” ကို တွေ့ရှိခြင်းဟာ ဗုဒ္ဓရဲ. ကမ္ဘာလောကဖြစ်တည်ပုံ အဟော နဲ့ အတွေးအမြင် သွားတူနေတာ တွေ့ရပါတယ်။ ဗုဒ္ဓကျမ်းဂန်တွေမှာ လည်း နောက်ဆုံးမှာ ကမ္ဘာဟာ အလွန်ပူပြင်းလာပြီး တစ်ချိန်တည်းလောက်နီးနီးမှာ နေ (၇) စင်း ပေါ်ထွက်လာလျက် ကမ္ဘာလောက ပေါက်ကွဲ တော့မည့် အခြေအနေကို ဖော်ပြကြပါတယ်။ဒီ အပူရှိန်ကလည်း ကမ္ဘာမြေကို လောင်ကျွမ်းပစ်လိုက်မယ် လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီ Big Bang ဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဘီလီယံ ခန့်က ဖြစ်ပျက်ခဲ့တယ် လို့ ယူဆကြပါတယ်။အဲဒီ နောက် ဆင့်ကဲ ဖြစ်စဉ်ပေါင်းများစွာမှာ သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေ လဲ ပါဝင် လာရတယ် လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များစွာတို့ သည် သတ္တ၀ါရဲ. မူလဘူတ ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်ရမည်။ ဒီလိုမှ မဟုတ်ရင် လုံးဝ မဖြစ်ပေါ်နိုင်ကြောင်း ယူဆကြသည် ။

Einstein ကလဲ ... Matter and mind must arise together or not at all ; that, in other words , there is simultaneous genesis of matter and mind . လို့ အတည်ပြုခဲ့ ပါတယ်။
အဲဒီမှ တဆင့် ဒီလို ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်လာဖို့ ဘုံအရင်းအမြစ် တစ်ခုတော့ ရှိရမယ် ဆိုပြီး ရှာကြံကြပါတယ် ။

Henri Bergson said that mind is a condensation from consciousness . He also said that once consciousness is present, matter can be deduced from it. In other words, consciousness gives rise to mind and matter.
ဟင်နရီဘဂ်ဆင် ပြောတာ က နာမ်ဟာ အာရုံစုဖွဲ့မှုကနေ ဖြစ်လာတယ် ။ အာရုံစုဖွဲ့မှုဖြစ်လာတာနဲ့ ရုပ်ကိုလည်း ဆင်ခြင်တွေးဆနိုင်ပြီ ။ တစ်နည်းဆိုရရင် အာရုံသိမှုဟာ နာမ် နဲ့ ရုပ်ကို ဖြစ်စေတယ်…… လို့ ပြောပါတယ်။

ဒီအချက်ကို ဗုဒ္ဓမြတ်စွာက အတိအကျ ဟောတော်မူခဲ့ပါတယ်။
” ၀ိဥာဏပစ္စယာ နာမရူပံ “...(အာရုံသိမှု ၀ိဥာဏ် သည် နာမ် နှင့် ရုပ် ကို ဖြစ်စေသည်။)….

ဒီတော့ စကြ၀ဠာ ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များမှ တဆင့် သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေဟာ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ နဲ့ ဗုဒ္ဓမြတ်စွာရဲ. တရားတော်များ အဘယ်မျှ တူညီ နီးစပ်နေကြောင်း ၀မ်းမြောက်ဖွယ် ရာ တွေ့ ရှိရပါ ကြောင်း……………………။
--------------------------------------------------
ဒီလို သူတို့ ရင်းနှီးပြီးသား သိပ္ပံပညာရှင်တွေ ရဲ့ အကိုးအကားတွေ ဘာတွေနဲ့ တိတိကျကျပြောနိုင်မှ သူတို့က လက်ခံမှာလေ။ တရားဟောဖို့ဆိုရင် ဘာလဲ ၊ ဘယ်မှာလဲဆိုတာကိုတောင် သေသေချာချာမဖြေနိုင်ရင် ဘယ်လို ဆက်ဟောနိုင်ပါ့မလဲ ။ဘယ်ယုံကြည်ပါတော့မလဲ ။
အခုနောက်ပိုင်းတော့ နိုင်ငံခြားမှာ ချမ်းမြေ့  ဆရာတော် ဖြေတာတွေ သိပ်ကို ကောင်းတယ် ။ အရမ်းကို အဆင့်အတန်းမြင့်တဲ့ သုံးသပ်ချက်တွေ၊ ကိုးကားချက်တွေ နဲ့ ဖြေတယ်။ဓမ္မစေတီဆရာတော်လဲ ဒီလို ပါပဲ ။ဒါပေမယ့် နိုင်ငံခြားမှာ သူဖြေတာတွေတော့ သေသေချာချာမဖတ်ကြရသေးဘူး။ တရားတွေမှာဟောရင်းပြောသွားတာလောက်ပဲ သိနေရတယ်။ သူကတော့ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ၊ ပညာရှင်တွေကိုဆရာတော်တွေကို အကြံပေးကြဖို့ ၊ ပူးပေါင်းပြီး ဒီလို သက်သေပြချက်တွေ ထုတ်ကြဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။
တို့တွေလဲ တတ်နိုင်သလောက် စဉ်းစားအဖြေရှာကြတာပေါ့ ။

ချမ်းသာကြပါစေ။
Solomon
(နေလင်း) http://solomonn.0fees.net/wordpress/?page_id=29 မှ ကူးယူတင်ပြပါသည်။

Print this post ဒီပို့စ်ကို ပရင့်ထုတ်ချင်ရင် Print this post ကိုနှိပ်ပါ။

1 comments:

Nge Naing said...

ကိုအိုဝေရေ ဖတ်သွားပါတယ်။ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်မ ဖတ်ဖူးတာကတော့ ဒီကမ္ဘာမြေကြီးကို စဗျူဒီပါလက်ယာ တောင်ကျွန်းလို့ ခေါ်တယ်လို့ ဖတ်ဖူးတယ်။ စာအုပ်တော့ မမှတ်မိတော့ဘူး ဖတ်တာ ကြာနေပြီ။

Post a Comment

ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။

your friend,
အိုးဝေအောင်
(အိုးဘားမား)