" နိုင်ငံရေးဆိုသည်မှာ......."

" နိုင်ငံရေးဆိုသည်မှာ......."
"-နိုင်ငံရေးဆိုသည်မှာ လူတဦးနှင့်တဦးကြားတွင်ဖြစ်စေ၊ လူ့အဖွဲ့ အစည်းကြားတွင်ဖြစ်စေ၊ လူတဦးနှင့် လူ့အဖွဲ့အစည်းကြားတွင်ဖြစ်စေ၊ စနစ်တကျ ပြောဆို ဝေဖန်ခြင်းကို ခေါ်ပါသည်။" (ကျနော်ပြောတာမဟုတ်ပါ။) နိုင်ငံရေးသိပ္ပံပညာရှင်များ ပြောတာပါ။

"နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"

"ဟေ့- မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တနေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)

"၆၅ နှစ် တဲ့ လား ဟေ့..." "ဒို့အမေ မွေးနေ့တွေ အများကြီး ဖြတ်သန်းနိုင်သေးတယ်။အားတင်းထား အမေ။"

"၆၅ နှစ် တဲ့ လား ဟေ့..." "ဒို့အမေ မွေးနေ့တွေ အများကြီး ဖြတ်သန်းနိုင်သေးတယ်။အားတင်းထား အမေ။"

တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။

တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး  နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။
ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်"

အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Monday, November 23, 2009

အယ်ဒီတာမှာ တာဝန်ရှိတယ် (လူထုစိန်ဝင်း)

အယ်ဒီတာမှာ တာဝန်ရှိတယ်

စတန့်တွေနဲ့ ကြံစုတ်တဲ့လုပ်ရပ်တွေ စာမျက်နှာပေါ် ရောက်လာရတာက အယ်ဒီတာတွေမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ အယ်ဒီတာ ဆိုတာက စာမှော်ရုံတောကြီးထဲကနေပြီး စာကောင်းစာသန့်ကို ရွေးထုတ်ရတဲ့သူဖြစ်တယ်။ ရွေးထုတ်ပြီးတဲ့စာကို ကောင်းသထက် ကောင်းအောင်၊ သန့်သထက်သန့်အောင် ပြုပြင်တည်းဖြတ် လုပ်ပေးရပါတယ်။ မဂ္ဂဇင်းထဲမှာ မကောင်းတဲ့စာ၊ မသန့်တဲ့စာ ပါလာရင် အယ်ဒီတာ ညံ့ဖျင်းလို့သာ ဖြစ်တယ်။ သူမကောင်းတာကို မသန့်မှန်း မသိလို့ ၊ သူ့မဂ္ဂဇင်းထဲ ထည့်လိုက်တာပေါ့။ မှော်ရုံတောကြီးထဲမှာ စာတွေက စုံမှာပေါ့။ ကောင်းတာ ပါသလို၊ ညံ့တာတွေ မကောင်းတာတွေလည်း ရှိမယ်လေ။ ဒါတွေကို ရွေးချယ်သန့်စင်ဖို့အတွက် အယ်ဒီတာဆိုတာ ရှိနေရတာမဟုတ်လား။ ဖြတ်လမ်းက စတန့်ထွင်ပြီး ၀င်လာတာပဲ ဖြစ်ဖြစ်၊ ဆင်ဖြူတော်မှီ ကြံစုတ်တာပဲဖြစ်ဖြစ်၊ အယ်ဒီတာက ရွေးချယ် ထည့်သွင်းလို့သာ စာဖတ်ပရိသတ်ဆီ ရောက်လာရတာဖြစ်တယ်။ ဒါကြောင့် မဂ္ဂဇင်းထဲမှာ ပါသမျှစာမူတိုင်းအတွက် အယ်ဒီတာမှာသာ တာဝန်ရှိပါတယ်လို့ ဆိုလိုက်ပါရစေ။

(လူထုစိန်ဝင်း) -

(ကလျာ မဂ္ဂဇင်း -အောက်တိုဘာ ၂၀၀၉)

Print this post ဒီပို့စ်ကို ပရင့်ထုတ်ချင်ရင် Print this post ကိုနှိပ်ပါ။

0 comments:

Post a Comment

ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
လေးစားစွာဖြင့်,
အိုးဝေအောင်
(အိုးဘားမား)