| | ||||||
ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၀ ပြည့် မွေးနေ့ အမှတ်တရ စာမျက်နှာများ |
အိုဘားမားက ဂျိုကားကားသန်းရွှေကို ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်မှ ပြန်လွှတ်ပေးရန် တောင်းဆိုနေပုံ။(၂၀၀၉)
= ငယ်စဉ်ကတည်းက ကိုယ့်ကစားစရာ၊ ကိုယ့်ပစ္စည်းလေးတွေကို ရိုသေတယ်။ သူများကိုင်တာမကြိုက်ဘူး။ သူပိုင်ပစ္စည်းလေးတွေကို သီးသီးသန့်သန့်သိမ်းဆည်း တတ်တယ်။ ငွေကြေးကို ရိုသေတယ်။ စုဆောင်းတတ်တယ်။ တစ်ခါတစ်ရံ နှမြောတွန့်တိုတတ်တယ်။
= (3)ဂဏန်းသမားတွေဟာ စည်းကမ်းကြီးသူတွေဖြစ်လို့ မိသားစု အပေါင်းအသင်းတွေထဲမှာ သီးသီးသန့်သန့်လိုဖြစ်နေတယ်။ ဒွေးရောယှက်တင် မနေတတ်ကြဘူး။
= အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင်တော့ (3)ဂဏန်းသမားများဟာ အိမ်ထောင်ရေးကံ ညံ့သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့် စည်းကမ်းကြီးလွန်းတာ၊ သူ့ဖက်ကိုယ့်ဘက် မျှတမှုနည်းပါးတာ၊ (ကိုယ်က မှားရင်တောင်မှ) မတောင်းပန်ချင်တာ၊ အောက်ကြို့မခံချင်တာ တွေကြောင့် အိမ်ထောင်ရေး ပဋိပက္ခတွေ မကြာခဏဖြစ်နိုင်တယ်။ နောက်ပြီး သူတို့ဟာ ခွင့်လွှတ်လွယ်သူတွေမဟုတ်ဘဲ အမှတ်အတေးကြီးတာတွေကြောင့် လည်း အိမ်ထောင်ရေးပြဿနာတွေဟာ အလွယ်တကူ ပြီးပျောက်မသွားနိုင်အောင်ဖြစ်နေတတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးမှာ ကိုယ့်ဘက်ကသာ နဲနဲ လျော့ပေးလိုက်ပြီး၊ လူတိုင်း ကိုယ်လို မဟုတ်နိုင်ဘူးဆိုတာ နှလုံးသွင်းနိုင်ရင် သာယာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်ကသာ အလျော့မပေးရင် ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ကို အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပြီး နောက်ဆုံး အိမ်ထောင်ရေး လမ်းခွဲရတဲ့ အထိဖြစ်သွားတတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်ဆရာသမား နဲ့ အပေါင်းအသင်းတွေအပေါ်မှာ သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ ကပ်စေးနှဲတဲ့ ညဉ်လေး ရှိတတ်ကြပေမယ့် ကိုယ်တကယ် ခင်မင်တဲ့ သူတွေ ဒုက္ခရောက်နေရင်တော့ ရှောင်ပြေးလေ့မရှိဘဲ တတ်အားသရွေ့ ကူညီတတ်ကြသူတွေလည်းဖြစ်ပါတယ်။
= ကပ်စေးနှဲတဲ့ ညဉ်နဲ့ ပတ်သက်ပြီးပြောရရင် (3)ဂဏန်းသမားတွေဟာ သူတို့ မစားရက်၊ မသုံးရက်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာတွေဟာ သူတို့မသုံးလိုက်ရဘဲ သူများအတွက် ဖြစ်သွားရတတ်တာ အထူးသတိထားပါ။ သုံးသင့်တဲ့ အချိန်မှာ သုံးသင့်သလောက် မသုံးလို့ နောက်ဆုံး ကိုယ့်နောက်ပါမသွားဘဲ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို ဖြစ်သွားရတတ်ပါတယ်။
-----------------------

နေရာစုံမှာရောက်နေတဲ့ ညီအကိုမောင်နှမများခင်ဗျား
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးတွေ့နေရပါတယ်။ ဒုက္ခသည် တွေအတွက် ဒုက္ခသည်စခန်းဆိုပေမဲ့ လာဘ်မထိုးနိုင်ရင်၊ နေထိုင်ဘို့ တဲမဝယ်နိုင်ရင် ဒုက္ခသည်စခန်းထဲကို ဝင်လို့မရကြပါ ဘူး။ နောက်ပြီး ဒုက္ခသည်စခန်းထဲရောက်ပြန်ရင်လဲ UNHCRက သူတို့ကို ဒုက္ခသည်တကယ်ဟုတ်လား၊ မဟုတ်လားစစ် ဆေးသတ်မှတ်တာကို တချို့ဆို အခုလေး၊ငါးနှစ်ရှိနေတာတောင်မှ မခံရသေးပါဘူး။ ဘာမှမရှိပဲပြေးလာရတဲ့ဒုက္ခသည် အ စစ်အမှန်တွေအနေနဲ့ ဒုက္ခသည်စခန်းထဲကိုရောက်ရင်တောင်မှ စားဝတ်နေရေးနဲ့ ရပ်တည်ဘို့ အလွန်အခက်အခဲရှိကြပါ တယ်။ အများစုဟာ ဒုက္ခသည်စခန်းမှာ ၂နှစ်၊ ၃နှစ်ရှိနေတာတောင်မှ ရိက္ခာထောက်ပံ့မှုမရကြသေးပါဘူး။ အဲ့ဒီတော့ ရပ် တည်ရတာအလွန်ခက်ခဲလှပါတယ်။
နောက်ပြီး ရှေ့ဘာဖြစ်မယ်မသိပဲ ပြန်ပို့ခံရနိုးနိုး တစိုးတရွံ့ရွံ့နေရတဲ့ဘဝမှာ မသေချာမရေရာနဲ့မို့ UNHCRကိုမေးမြန်းအ ကူအညီတောင်းရင် ဘယ်တော့မှ ချိုချိုသာသာဆက်ဆံတာမခံရသလို တခါတလေမောင်းထုတ်တာခံနေရပါတယ်။ ဘယ် တော့ဘာလုပ်ပေးမယ်ဆိုတဲ့ ကွဲကွဲပြားပြား အချက်အလက်ပေးဖြေရှင်းပေးတာလဲ ဘယ်တော့မှ မရကြပါဘူး။ ဒုက္ခသည် တွေကို လူတွေလိုသဘောမထားပဲ တရိစ္ဆာန်သာသာလောက် သဘောထားဆက်ဆံတာခံနေရပါတယ်။ ဒုက္ခသည်စခန်း ထဲတွေမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဒါကိုဘယ်လိုမှတုံ့ပြန်နိုင်ခွင့်၊ တိုးတက်အောင်လုပ်ခွင့်မရှိပါဘူး။ နဲနဲလုပ်လိုက် ရင်လဲ အမျိုးမျိုးအန္တရာယ်ပေး၊ ပညာပေးတတ်တဲ့အကျင့်တွေကိုလဲ မြင်တွေ့ကြဘူးကြပါလိမ့်မယ်။
ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ UNHCRကတချို့ဝန်ထမ်းတွေကို ငွေထိုးပြီး မြန်မြန်နိုင်ငံခြားကို ထွက်သွားကြတာကို အ များစုတွေ့ဘူးနေပေမဲ့ ကျန်တဲ့ဒုက္ခသည်တွေမှာတော့ ဘာမှမတတ်နိုင်ကြပါဘူး။ ဘက်ပေါင်းစုံက လူသားဆန်ဆန်မသတ် မှတ်ခံရပဲ လုပ်ချင်၊ ဖိနှိပ်ချင်သလို ဖိနှိပ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အပြင်က၊ နိုင်ငံတကာက တာဝန်သိတဲ့ ကျွန်တော်တို့အားလုံး အောက်ကလိပ်စာတွေ၊ နောက် ကိုယ်နဲ့သက်ဆိုင်ရာ အစိုးရတွေအပေါ်ကို UNHCRကို တိုက်တွန်း ပြုပြင်ဘို့အတွက် အီးမေးလ်ရေးသားပေးပို့မှုလုပ်ပေးကြရင် ဒုက္ခသည်စခန်းထဲက ညီအကိုမောင်နှမတွေ နဲနဲပိုပြီးသက် သာလာနိုင်စရာရှိပါတယ်။ ပို့တဲ့အီးမေးလ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ ဥရောပ ကိုယ်စား လှယ်အဖွဲ့ရဲ့ ရုံးတွေကိုလဲ စီစီလုပ်ပြီးပေးပို့ရင် UNHCRအနေနဲ့ လျှစ်လျှူရှုနေနိုင်ခွင့်နဲလာနိုင်ပါတယ်။
အားလုံးဝိုင်းကူရေးသားကြရင် ကိုယ့်နိုင်ငံသားဒုက္ခသည်တွေကို အများကြီးကူညီရာရောက်ပါလိမ့်မယ်။ ဒုက္ခသည်စခန်း တွေက ဒုက္ခသည်တွေကလဲ စုစည်းပြီးလက်မှတ်ထိုးစာရေးကြဘို့စီစဉ်နေကြတာရှိပါတယ်။ အားလုံးဝိုင်းကြိုးစားပေးပြီး ကိုယ့်အချင်းချင်းကူညီကြရအောင်ပါ။ အီးမေးလ်ပို့တာဟာ သိပ်ပင်ပန်းတဲ့အလုပ်မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်ပေး နိုင်ကြလိမ့်မယ်ထင်ပါတယ်။
လိပ်စာတွေကို ဒီအောက်မှာထဲ့ထားပြီးတော့ စာရေးရန်အခက်အခဲရှိနေရင် ကူးပြီးအမည်ထိုးပို့နိုင်ဘို့ အင်္ဂလိပ်လိုရေး ထားတဲ့စာကြမ်းကိုလဲ အောက်မှာ ထဲ့ထားပေးပါတယ်။ ညီအကိုမောင်နှမအားလုံးရဲ့ အသိစိတ်ဓါတ်နဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြမှုကို မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်တာဝန်အတိုင်း ပို့လိုက်ပြီးပါပြီ။
လေးစားစွာဖြင့်
ငြိမ်းချမ်း
ပို့သင့်သော အီးမေးလ်လိပ်စာများ
UNHCR
US Embassy in
British Embassy
EU Delegation
delegation-thailand@ec.europa.eu
အင်္ဂလိပ်လိုရေးထားသော စာမူကြမ်း (in times new roman)
To Whom It May Concern
UNHCR
at Burmese Refugee Camps in
Date: March 7, 2010.
Dear Sirs or Madams,
I would like to request your attention to improve UNHCR's treatment of refugees at Burmese
three years, are still not provided basic rations. They have been left to struggle for their own
--------------------
| | ||||||
ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၀ ပြည့် မွေးနေ့ အမှတ်တရ စာမျက်နှာများ |
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဗုဒ္ဓံ ဓမ္မံ သံဃံ
လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။ လောင်စာမသိမ်း မီးမငြိမ်းသမျှ နိဗ္ဗာန်မရ။ သတ္တဝါတိုင်း သံသရာမှာ ခန္ဓာ့ဒုက္ခသည်ဘဝနဲ့ကျင်လည်နေကြရ။၁။ ။ http://sayamvasi.googlepages.com/ ပစ္စုပ္ပန်ကမ္မ၀ါဒ
၂။ ။ http://www.yatanar.co.cc/ ရတနာ
၃။ ။ http://human-buddha.blogspot.com/ လူသားဗုဒ္ဓ
၎။ ။ http://buddhismabc.blogspot.com/ ဗုဒ္ဓဘာသာကကြီးကခွေး
၅။ ။ http://toiletwall.ning.com/ ဘာသာရေးဆွေးနွေးခန်း
၆။ ။ http://forums.myanmarcommunity.com/ ဆွေးနွေးခန်း
2 comments:
ဗိုလ်ချုပ်ကျော်ဇော မွေးနေ့က မနေ့ကပေါ့နော့်။ မသိလိုက်ဘူး သိရင်သူ့မိသားစုကို Happy Birthday လို့ ဖုန်းဆက်ပြီး အမှတ်တရ နှုတ်ဆက်လို့ ရတယ်။ သူ့သမီး အန်တီ ဒေါ်စန်းကျော်ဇော ဆိုတာ ဆစ်ဒနီမှာ ရှိတယ်။
ဟုတ်တယ် မငယ် ...ကျနော်လည်း အဘကျော်ဇောလိုပဲ မေွးနေ့မွေးလ တူတယ်။အသက်၉၀ ကျော်နေရတာချင်းတူရင် ပိုကောင်းမလားပဲ။
Post a Comment
ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
your friend,
အိုးဝေအောင်
(အိုးဘားမား)