" နိုင်ငံရေးဆိုသည်မှာ......."

" နိုင်ငံရေးဆိုသည်မှာ......."
"-နိုင်ငံရေးဆိုသည်မှာ လူတဦးနှင့်တဦးကြားတွင်ဖြစ်စေ၊ လူ့အဖွဲ့ အစည်းကြားတွင်ဖြစ်စေ၊ လူတဦးနှင့် လူ့အဖွဲ့အစည်းကြားတွင်ဖြစ်စေ၊ စနစ်တကျ ပြောဆို ဝေဖန်ခြင်းကို ခေါ်ပါသည်။" (ကျနော်ပြောတာမဟုတ်ပါ။) နိုင်ငံရေးသိပ္ပံပညာရှင်များ ပြောတာပါ။

"နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"

"ဟေ့- မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တနေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)

"၆၅ နှစ် တဲ့ လား ဟေ့..." "ဒို့အမေ မွေးနေ့တွေ အများကြီး ဖြတ်သန်းနိုင်သေးတယ်။အားတင်းထား အမေ။"

"၆၅ နှစ် တဲ့ လား ဟေ့..." "ဒို့အမေ မွေးနေ့တွေ အများကြီး ဖြတ်သန်းနိုင်သေးတယ်။အားတင်းထား အမေ။"

တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။

တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး  နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။
ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်"

အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Tuesday, December 15, 2009

လူသေလူဖြစ် ဝါဒ ဆုံးဖြတ်ချက်စာအုပ် မှကောက်နုတ်ချက်များ (ပထမပိုင်း)




မောင်အိုး အခုတလော ဖတ်ဖြစ်နေတဲ့ စာအုပ်ကတော့ အာရီဇိုးနားပြည်နယ် အလိုတော်ပြည့် ဓမ္မရိပ်သာကျောင်း ဆရာတော်ဦးကေလာသထံက ငှားဖတ်ဖြစ်တဲ့-

၁၉၈၁ ခုနှစ် (မဆလခေတ်) သာသနာရေးဦးစီးဌာနက ထုတ်ဝေခဲ့တဲ့ (စာမျက်နှာပေါင်း ၁၁၁၂ မျက်နှာ ပါရှိတဲ့)
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ၊လူသေလူဖြစ် ဝါဒါနု ဝါဒ ဝိနိစ္ဆယ ( ထေရဝါဒ စွယ်စုံကျမ်း ) ဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ် စာမျက်နှာတချို့ကို ကူးယူကောက်နုတ်ဖော်ပြသွားပါမယ်။
------------------------------------------------------------------(မောင်အိုး)

မဆလခေတ်က ထေရဝါဒဗုဒ္ဓသာသနာကို ထိပါးစော်ကားလာသူများ ၊ပိဋကတ်ကျမ်းဂန်များနှင့် ပိဋကတ်ဆောင်ရဟန်းသံဃာများကို ထိပါးစော်ကားလာသူ လူသေလူဖြစ် အဓမ္မဝါဒ ထူထောင်သူ တောင်တွင်းကြီး အရှင်ဦးဥက္ကဌ ဝါဒ စွဲကိုင်ထားသူများကို သာသနာဖျက်များ၊မိစ္ဆာအယူရှိသူများအဖြစ် အများပြည်သူသိအောင် ယင်းခေတ် ဆရာတော်ကြီးများက ဝိုင်းဝန်း ဆုံးဖြတ် တရားစီရင်ခဲ့ကြဖူးပါသည်။
ယခုခေတ် နဝတ (နအဖ)တို့လက်ထက်တွင် နိုင်ငံတော်ပိုင်း တာဝန်ယူထားကြသူ မိစ္ဆာတိတ္ထိ သန်းရွှေနှင့်အဖွဲ့ကိုယ်တိုင် ဘုရားကျောင်းကန်များကို ဖျက်ဆီးဝင်ရောက်ခြင်း၊ ရဟန်းသံဃာ သီလရှင်များကို ဖမ်းဆီးရိုက်နှက် ထောင်ကျ သတ်ဖြတ်နေမှုများ၊
ပစ္စုပ္ပန်ကမ္မဝါဒ အမည်တပ်ထားသော ဓမ္မစေတီဆရာတော်ဦးကောသလ္လ နှင့် အပေါင်းအပါများ ဟောကြားနေကြသော လူသေလူဖြစ် အဓမ္မဝါဒတို့ ခေါင်းထောင်ထလာမှုများကို ယခုခေတ် နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများက တရား မစီရင်၊မဆုံးဖြတ်ရဲကြဘဲ ရေငုံနှုတ်ပိတ်နေထိုင်နေခြင်းများကို တွေ့နေကြရပါပြီ။

အဓမ္မ ဝါဒတို့ ကျဆုံး၍ ထေရဝါဒ တရားမှန် ဝါဒမှန်တို့ ထွန်းကားပြန့်နှံခြင်းကို ရည်မျှော်လျှက် ယခု ပို့စ်ကို တင်ပြအပ်ပါသည်။
(အားလုံးကို လေးစားလျှက်-
မောင်အိုး- ၂၀၀၉ ဒီဇင်ဘာ)
-------------------------------
ဆက်လက်ဖော်ပြသွားပါမည်။

Print this post ဒီပို့စ်ကို ပရင့်ထုတ်ချင်ရင် Print this post ကိုနှိပ်ပါ။

0 comments:

Post a Comment

ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
လေးစားစွာဖြင့်,
အိုးဝေအောင်
(အိုးဘားမား)