အဘလမ်းညွှန်ခဲ့တဲ့ ..... အမွေ
အဘဦးဆောင်ခဲ့တဲ့ ..... အမွေ
အဘမျိုးစေ့ချခဲ့တဲ့ ..... အမွေ
အဘရဲ့ အမွေ ..... အားလုံးနဲ့ ဆိုင်တဲ့အမွေ
......................... အားလုံးပိုင်တဲ့အမွေ
ဒီ အမွေကို အပွန်းအပဲ့မခံနိုင်
အနိုင်ကျင့်မခံနိုင်
အစော်ကားမခံနိုင်။
တန်ဖိုးမဖြတ်နိုင်တဲ့......
အဘရဲ့အမွေကို တိုးပွါးအောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ အလုပ်။
အဘရဲ့အမွေကို မြင့်မားလာအောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ တာဝန်။
အဘရဲ့အမွေကို ဂုဏ်ရှိန်မြင့်အောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ ဝတ္ထရား။
အဘရဲ့အမွေကို သမိုင်းထူနိုင်အောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ အဓိဌာန်။
ဒီ..... အမွေကို ထိပါးစော်ကား အနိုင်ကျင့်လာရင်တော့ ဗြဟ္မစိုရ်တရား
လက်ကိုင်မထားနိုင်တော့ ....
သွေး ...... သွေးခြင်း
အသက် ....... အသက်ခြင်း
သမိုင်း ....... သမိုင်းခြင်း လဲရန်အသင့်။
အဘယ့်ကြောင့်နည်း ? ။ .... အဘရဲ့ အမွေသည် ဗုဒ္ဓရဲ့အမွေ ပင် ဖြစ်တော့သည်။
အဘရဲ့ အမွေသည် (၇)ရက်သားသမီး လူမျိုး ဘာသာ ၊ ဆင်းရဲချမ်းသာ ၊ မိတ်ဆွေရန်သူ မရွေး နာရေးကိစ္စ များကို အခမဲ့ကုသိုလ်ဖြစ် သဂြိုင်္လ်ပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်) တည်းဟူသော အမွေပင် ဖြစ်တော့သည်။
အသက်တစ်ရာ ပြည့်ပြီဖြစ်သော အဘ (ဘဘ ဦးသုခ) (၁၄-၁-၁၉၁၀ - ၁၄-၁-၂၀၁၀)
အဘသည် ..... ကျွန်တော်တို့၏ လူမှုရေး ..... လမ်းပြကြယ်
အဘသည် ..... ကျွန်တော်တို့၏ ဘာသာရေး ..... လမ်းပြကြယ်
အဘသည် ..... ကျွန်တော်တို့၏ နိဗ္ဗာန်ရောက်ကြောင်း ..... လမ်းပြကြယ်
ဘဘ မျိုးစေ့ချပေးခဲ့သော ကမ္ဘာမြေပြင်မှ ထွက်သွားသူတွေ ကျန်ရစ်သူတွေအတွက် အပူမီးများ ငြိမ်းအေး ရန် သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿမီးများ သက်သာမှုရရှိရန် မည်သည့်အကြပ်အတည်း ရှိပါစေ စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ အကြင်နာ ဆိုသည့် "နာလေးနာ" ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးနေဆဲ
အဘပေးခဲ့တဲ့ အမွေထူး အမွေမြတ်ကို ထပ်မံတိုးပွါးစေရန် ရည်ရွယ်လျက် ကမ္ဘာမြေပြင်ပေါ် ကျန်ရစ်ခဲ့သော နာမကျန်းရောဂါဝေဒနာသည်များက
ဤသည်ကား ... သုခ ကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ အမည် နာမတင် မြှောက်ခဲ့ပါသည်။
ထို့ပြင် ... ကမ္ဘာမြေပြင်သို့ ရောက်ရှိကျင်လည်နေသော လူငယ်မျိုးဆက်သစ်များ အတွက် ...
ဘဝရဲ့ ............... အလင်းတန်း
လူမှုရေး ........... အလင်းတန်း
ပညာရေး ......... အလင်းတန်း
စာရိတ္ထ .............. အလင်းတန်း
ကျန်းမာရေး ..... အလင်းတန်း
မျိုးချစ်စိတ် ...... အလင်းတန်း
ဗုဒ္ဓရဲ့ ................. အလင်းတန်း
စတဲ့ ..... အလင်းတန်းများရရှိတိုးပွါးလ
(၁၃ - ၂ - ၂၀၁၀)
ဤသည်ကား ..... "သုခ အလင်းစာကြည့်ခန်း" ဟူ၍ အမည်နာမ တင်မြှောက်ခဲ့ပါသည်။
အဘ ရောက်ရှိနေသော မြင့်မြတ်သောဘုံမှ သာဓု ... သာဓု ... သာဓု ... အကြိမ်ကြိမ် ခေါ်ဆိုပါလေတော့။
အဘရဲ့ အမွေကို အသက်နှင့်လဲ၍ တိုးပွါးထိမ်းသိမ်း စောင့်ရှောက်သွားမည့် .....
ကျော်သူ နှင့် သွေးသောက်များ ။
ရင်ဖွင့်ချက်။ ။ "ကျော်သူ" ဟူသော ဓါတ်ပုံနှင့်အမည် နာမအဆုံး ပြည်တွင်းဖြစ် သတင်းစာ စာပေလောကတွင် တင်ပြခွင့်မရှိပါ၍ မိမိ၏ ရင်ထဲရှိသမျှ မှတ်တမ်းများကို မိမိ၏ FACE BOOK တွင် မှတ်မှတ်ရရ သိမ်းဆည်း တင်ပြမှုသာ ဖြစ်ပါကြောင်း ... ။
http://www.facebook.com/pages/Kyaw-Thu/174427511697?ref=pymk&v=app_2347471856#!/notes.php?id=174427511697






0 comments:
Post a Comment
ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
your friend,
အိုးဝေအောင်
(အိုးဘားမား)