နဝတ နအဖ စစ် အုပ်စု လိုက်ကြီး အုပ်စီး လာတာ (၂၁) နှစ်ပြည့်ခဲ့ပြန်ပြီ မိတ်ဆွေတို့။

နေရာစုံမှာရောက်နေတဲ့ ညီအကိုမောင်နှမများခင်ဗျား

ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးတွေ့နေရပါတယ်။ ဒုက္ခသည် တွေအတွက် ဒုက္ခသည်စခန်းဆိုပေမဲ့ လာဘ်မထိုးနိုင်ရင်၊ နေထိုင်ဘို့ တဲမဝယ်နိုင်ရင် ဒုက္ခသည်စခန်းထဲကို ဝင်လို့မရကြပါ ဘူး။ နောက်ပြီး ဒုက္ခသည်စခန်းထဲရောက်ပြန်ရင်လဲ UNHCRက သူတို့ကို ဒုက္ခသည်တကယ်ဟုတ်လား၊ မဟုတ်လားစစ် ဆေးသတ်မှတ်တာကို တချို့ဆို အခုလေး၊ငါးနှစ်ရှိနေတာတောင်မှ မခံရသေးပါဘူး။ ဘာမှမရှိပဲပြေးလာရတဲ့ဒုက္ခသည် အ စစ်အမှန်တွေအနေနဲ့ ဒုက္ခသည်စခန်းထဲကိုရောက်ရင်တောင်မှ စားဝတ်နေရေးနဲ့ ရပ်တည်ဘို့ အလွန်အခက်အခဲရှိကြပါ တယ်။ အများစုဟာ ဒုက္ခသည်စခန်းမှာ ၂နှစ်၊ ၃နှစ်ရှိနေတာတောင်မှ ရိက္ခာထောက်ပံ့မှုမရကြသေးပါဘူး။ အဲ့ဒီတော့ ရပ် တည်ရတာအလွန်ခက်ခဲလှပါတယ်။

နောက်ပြီး ရှေ့ဘာဖြစ်မယ်မသိပဲ ပြန်ပို့ခံရနိုးနိုး တစိုးတရွံ့ရွံ့နေရတဲ့ဘဝမှာ မသေချာမရေရာနဲ့မို့ UNHCRကိုမေးမြန်းအ ကူအညီတောင်းရင် ဘယ်တော့မှ ချိုချိုသာသာဆက်ဆံတာမခံရသလို တခါတလေမောင်းထုတ်တာခံနေရပါတယ်။ ဘယ် တော့ဘာလုပ်ပေးမယ်ဆိုတဲ့ ကွဲကွဲပြားပြား အချက်အလက်ပေးဖြေရှင်းပေးတာလဲ ဘယ်တော့မှ မရကြပါဘူး။ ဒုက္ခသည် တွေကို လူတွေလိုသဘောမထားပဲ တရိစ္ဆာန်သာသာလောက် သဘောထားဆက်ဆံတာခံနေရပါတယ်။ ဒုက္ခသည်စခန်း ထဲတွေမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဒါကိုဘယ်လိုမှတုံ့ပြန်နိုင်ခွင့်၊ တိုးတက်အောင်လုပ်ခွင့်မရှိပါဘူး။ နဲနဲလုပ်လိုက် ရင်လဲ အမျိုးမျိုးအန္တရာယ်ပေး၊ ပညာပေးတတ်တဲ့အကျင့်တွေကိုလဲ မြင်တွေ့ကြဘူးကြပါလိမ့်မယ်။

ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ UNHCRကတချို့ဝန်ထမ်းတွေကို ငွေထိုးပြီး မြန်မြန်နိုင်ငံခြားကို ထွက်သွားကြတာကို အ များစုတွေ့ဘူးနေပေမဲ့ ကျန်တဲ့ဒုက္ခသည်တွေမှာတော့ ဘာမှမတတ်နိုင်ကြပါဘူး။ ဘက်ပေါင်းစုံက လူသားဆန်ဆန်မသတ် မှတ်ခံရပဲ လုပ်ချင်၊ ဖိနှိပ်ချင်သလို ဖိနှိပ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အပြင်က၊ နိုင်ငံတကာက တာဝန်သိတဲ့ ကျွန်တော်တို့အားလုံး အောက်ကလိပ်စာတွေ၊ နောက် ကိုယ်နဲ့သက်ဆိုင်ရာ အစိုးရတွေအပေါ်ကို UNHCRကို တိုက်တွန်း ပြုပြင်ဘို့အတွက် အီးမေးလ်ရေးသားပေးပို့မှုလုပ်ပေးကြရင် ဒုက္ခသည်စခန်းထဲက ညီအကိုမောင်နှမတွေ နဲနဲပိုပြီးသက် သာလာနိုင်စရာရှိပါတယ်။ ပို့တဲ့အီးမေးလ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ ဥရောပ ကိုယ်စား လှယ်အဖွဲ့ရဲ့ ရုံးတွေကိုလဲ စီစီလုပ်ပြီးပေးပို့ရင် UNHCRအနေနဲ့ လျှစ်လျှူရှုနေနိုင်ခွင့်နဲလာနိုင်ပါတယ်။

အားလုံးဝိုင်းကူရေးသားကြရင် ကိုယ့်နိုင်ငံသားဒုက္ခသည်တွေကို အများကြီးကူညီရာရောက်ပါလိမ့်မယ်။ ဒုက္ခသည်စခန်း တွေက ဒုက္ခသည်တွေကလဲ စုစည်းပြီးလက်မှတ်ထိုးစာရေးကြဘို့စီစဉ်နေကြတာရှိပါတယ်။ အားလုံးဝိုင်းကြိုးစားပေးပြီး ကိုယ့်အချင်းချင်းကူညီကြရအောင်ပါ။ အီးမေးလ်ပို့တာဟာ သိပ်ပင်ပန်းတဲ့အလုပ်မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်ပေး နိုင်ကြလိမ့်မယ်ထင်ပါတယ်။

လိပ်စာတွေကို ဒီအောက်မှာထဲ့ထားပြီးတော့ စာရေးရန်အခက်အခဲရှိနေရင် ကူးပြီးအမည်ထိုးပို့နိုင်ဘို့ အင်္ဂလိပ်လိုရေး ထားတဲ့စာကြမ်းကိုလဲ အောက်မှာ ထဲ့ထားပေးပါတယ်။ ညီအကိုမောင်နှမအားလုံးရဲ့ အသိစိတ်ဓါတ်နဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြမှုကို မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်တာဝန်အတိုင်း ပို့လိုက်ပြီးပါပြီ။

လေးစားစွာဖြင့်

ငြိမ်းချမ်း

ပို့သင့်သော အီးမေးလ်လိပ်စာများ

UNHCR

Inspector@unhcr.org

OHCHR.Bangkok@un.org

thaba@unhcr.org

US Embassy in Thailand

bangkokPD@state.gov

irc@state.gov

British Embassy

Info.Bangkok@fco.gov.uk

EU Delegation

delegation-thailand@ec.europa.eu

အင်္ဂလိပ်လိုရေးထားသော စာမူကြမ်း (in times new roman)

To Whom It May Concern

UNHCR

Re: Appeal for UNHCRs Better Treatment of Refugees

at Burmese Refugee Camps in Thailand.

Date: March 7, 2010.

Dear Sirs or Madams,

I would like to request your attention to improve UNHCR's treatment of refugees at Burmeserefugee camps in Thailand. The refugees at the Burmese refugee camps in Thailand has beentreated without dignity in many ways.

Most refugees inevitably have to bribe in order to get into the refugee camps and were to buy own shelters in the camps. Many of the refugees, even after living in the camps for more than

three years, are still not provided basic rations. They have been left to struggle for their own survival. UNHCR has not registered the refugees for several years. UNHCR has contracted the registration to PAB and it has not done the registration for several years and UNHCR is not living up to its responsibilities.

Aside from leaving the refugees in the dark about what is going to happen with their fates, whenthey will be registered, and what the processes are for their future, the UNHCR ignores to respond to the refugees when asked. In many occasions, the refugees who are seeking information were shouted and driven out from UNHCR's facilities.

I would like to ask the UNHCR that the refugees should not be left in the dark and it should be informative to the people its vow to serve. In addition, I would like to request the UNHCR to look into and protect the welfare of the refugees in the camps. Refugees are humans and the UNHCR would need to treat the refugees as humans.

With best regards,

--------------------

ဗုဒ္ဓဘာသာကို ဖျတ်ဆီးဖို့သက်သက်လုပ်နေသည်ဟု ဝန်ခံထားသည့်ဘလော့အား ဝိုင်းဝန်းအရေးယူကြရမည်

မြန်မာ့ဘုရားစေတီများ၊ရဟန်းသံဃာတော်ဘုန်းကြီးများနှင့် ဗုဒ္ဓဘာသာဝင်များကို စော်ကားနေသော ဝက်ဆိုက် http://messengerforbuddhist.blogspot.com/အား ဝိုင်းဝန်း အရေးယူကြရမည်။

အဆိုပါ ဘလော့၏ အပေါ်ဆုံးဘားတွင် အင်္ဂလိပ်လိုရေးထားသည့် report abuse ဆိုသည့်နေရာကို နှိပ်ကာ ကြိမ်ဖန်များစွာ ဝင်ရောက်ပြီး ဂူဂယ်ပိုင်ရှင်များထံ ကန့်ကွက် သတင်းပို့ခြင်းဖြင့် ဝိုင်းဝန်းအရေးယူနိုင်ကြပါသည်။

အင်တာနက် ခေတ် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လည်း၊အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။

အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms &Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။

ထိုသို့တိုင်ကြားခြင်းဖြင့် အမျိုး ဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါကြောင်း အသိပေးနှိုးဆော် လိုက်ရပါသည် ။
(အီးလ်မေးမှတဆင့်ရရှိသည်)

သံဃံ သရဏံ =ဂန်း စာမိ။
သန်းရွှေ သရဏံ =ဖိနပ် စာမိ။

ပြီးခဲ့တဲ့၂၀၀၇ စက်တင်ဘာမှာ မြန်မာပြည်ထဲမှာ သံဃာကို ကိုးကွယ်သူတွေ (သံဃာတွေ)ကို သန်းရွှေစစ်ခွေး စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်။
ထိုသူတွေခမျာ သံဃံ သရဏံ =ဂန်း(gun)စာမိ ခဲ့ကြရရှာတယ်။
အခု၂၀၀၉စက်တင်ဘာမှာ နယူးယောက်မှာ
သန်းရွှေကို ကိုးကွယ်သူတွေကို ကိုမိုးသီးတို့ ၈၈၈၈မျိုးဆက်ကြီးတွေက ဖိနပ်စာကျွေးခဲ့ကြတယ်။ သိန်းစိန်နဲ့ဥာဏ်ဝင်းတို့ ဖိနပ်စာမိခဲ့ကြတယ်။
ကောင်းလေစွ။ကောင်းလေစွ။

သန်းရွှေ သရဏံ =ဖိနပ်စာမိ။
သန်းရွှေ သရဏံ =ဖိနပ်စာမိ။

(ဒို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ သန်းရွှေခွေးတွေက ကားနဲ့တိုက်သတ်သေးတာပဲ။
ခွေးဥာဏ်ဝင်းကို ကိုမိုးသီး ဖိနပ်စာကျွေးတာ နည်းသေးတယ်။ )

အိုးဝေအောင်
(အိုး-ဘားမား)
www.oway8888. com/
www.hittai.org
-------------------------------------------------------------------

D နေ့ ဖတ်ဖြစ်တဲ့ အမတ်ကြီးမြတ်စံရဲ့ ကဗျာကောင်းလေးတွေ- Dမှာသွားဖတ်ကြည့်=
http://myatsan.blogspot.com/search/label/%E1%80%80%E1%80%97%E1%80%BA%E1%80%AC

ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်"

အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Monday, February 08, 2010

၂၀၁၀ မြန်မာပြည် ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ ဆုအများဆုံးရတဲ့ဇာတ်ကားအမည်က ဒေါ်စုကို ယတြာချေတဲ့ သဘောလား(အများနှင့်မသက်ဆိုင်သောသူ)တဲ့။အော် ယတြာချေတော်တဲ့ နအဖ

၂၀၁၀ ခုနှစ် မြန်မာ့ယုတ်ချဉ် အကယ်ဒမီဆုပေးပွဲ။(from နစ်နေမန်းဘလော့မှ)

၂၀၁၀ ခုနှစ် မြန်မာ့ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲ။

နေပူတော် နိုင်ငံတော်အေးချမ်းသာယာမှုဖျက်ဆီးရေးကောင်စီ (နအဖ) မှ ကျင်းပသည်။

အကောင်းဆုံး အမျိုးသား ဇတ်ဆောင်ဆု --- သန်းရွှေ (ရုပ်ရှင်အမည် - အများမှ သတ်ချင်သောသူ)။

အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆု --- ကြိုင်ကြိုင် (ရုပ်ရှင်အမည် - အကုသိုလ်ထက်က မွှေသူ)။

အကောင်းဆုံး အမျိုးသား ဇတ်ပို့ဆု -- အောင်ဆန်းဦး (ရုပ်ရှင်အမည် - အကယ်ဒမီရှော့)။

အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆု --- လဲ့လဲ့နွယ်သိန်း (ရုပ်ရှင်အမည် - ပြည်သူများမှ မနှစ်သက်သောသူ)။

အကောင်းဆုံး ဓာတ် (ချီး) ပုံဆု --- ကျော်ဆန်း (ရုပ်ရှင်အမည် - ဂျပိုးတန်း)။

အကောင်းဆုံး ဒုတ်ရိုက်တာဆု --- မောင်ဦး-ခင်ရီ (ရုပ်ရှင်အမည် - အများ အရိုက်ပြိုင်သောသူ) တို့ အား မြန်မာပြည်သူများမှ ၂၀၁၀ ခုနှစ် ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲတွင် လက်အသီးသီးထောင်၍ ချီးမြှင့်ပေးအပ်လိုက်ပါကြောင်း။

-----------------------------------------------------------

၂၀၀၈ ခုနှစ်အတွက် ဆုချီးမြှင့် ပေးအပ်သော အကယ်ဒမီဆုပေးပွဲ ကို နေပြည်တော်၌ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ရာ အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားက ဆုအများဆုံး ရရှိသွားခဲ့ပါ သည်။ ယခုနှစ် အကယ်ဒမီဆုပေးပွဲ သည် ဆုပေးပွဲသက်တမ်းတစ်လျောက်(၅၃)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သောဆုပေးပွဲဖြစ်ပြီး နေပြည်တော်၌ လေးနှစ်မြောက်အဖြစ် ကျင်းပခဲ့ခြင်းလည်းဖြစ်ပါသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ်ဆုပေးပွဲက အမျိုးသားများသာ ဆုရရှိခဲ့သော၊ အမျိုးသားများ ကြီးစိုးခဲ့သော အကယ်ဒမီဆုပေးပွဲဖြစ်ခဲ့ခြင်းကြောင့် ပရိသတ်များ အံ့သြခဲ့ရသည့်နည်းတူ ယခုနှစ်တွင်လည်း ပရိသတ်မျော်မှန်းထားသည်နှင့် လွဲချော်မှုများဖြစ်ခဲ့ရ ခြင်းကြောင့် ပရိသတ်များ အံ့အား သင့်ခဲ့ရသည့် ဆုပေးပွဲနှစ်တစ်နှစ်ပင် ဖြစ်ခဲ့ရပြန်ပါသည်။
ယခုနှစ်အကယ်ဒမီဆုပေးပွဲ၌ ဆုခုနစ်ဆုသာ ပေးအပ်ခဲ့ပြီး အဆိုပါ ဆုခုနစ်ဆုအနက် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု များကို အများနှင့်မသက်ဆိုင်သော သူဇာတ်ကားက ရရှိသွားခဲ့ပြီး အမျိုးသားဇာတ်ပို့ဆုကို အကယ်ဒမီရှော့ ဇာတ်ကား၊ အမျိုးသမီးဇာတ်ဆောင်ဆုကို မြင့်မိုရ်ထက်ကသရဖူဇာတ်ကားနှင့် ဆုပေးပွဲမတိုင်ခင်ကာလက ပရိသတ်အကြိုက် အကယ်ဒမီဆုများ ကိုရရှိထားခဲ့သော ကြိုးတန်းဇာတ်ကားက ဓာတ်ပုံဆုတစ်ဆုသာရရှိခဲ့ ပါသည်။
ကြိုးတန်းဇာတ်ကားသည် ဆုပေးပွဲမတိုင်ခင်က ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ အမျိုး သားသရုပ်ဆောင်ဆု၊ အမျိုးသမီးသရုပ်ဆောင်ဆုများ အပါအ၀င် အခြား အတတ်ပညာဆိုင်ရာဆုများ အတွက် ဆုရရှိနိုင်ရန် ပရိသတ်များက ထင်ကြေးပေးခံနေရသော်လည်း ဓာတ်ပုံဆုတစ်ဆုသာ ရရှိသွားခဲ့ခြင်းဖြစ်ပါသည်။ ထို့အတူ ကြိုးတန်းဇာတ်ကားဖြင့် ဒါရိုက်တာဆုရရှိရန် ရေပန်းစားနေခဲ့သော ဒါရိုက်တာမီးပွားမှာ လည်း အကယ်ဒမီနှင့် လွဲတတ်လေ့ရှိသော အစဉ်အလာကို ဆက်လက်ရယူသွားခဲ့ပါသည်။ ဒါရိုက်တာမီးပွား အနေဖြင့် အရိပ်(၁၉၉၇)၊ တစ်ခါက ဧရာဝတီညများ(၂၀၀၄)၊ မင်္ဂလာပါ (၂၀၀၅)အစရှိသော ဇာတ်ကားများ ဖြင့်ဒါရိုက်တာဆုများရရှိရန် ရေပန်းစားခဲ့ဖူးသော်လည်း ဆုများနှင့် လွဲချော်ခဲ့ဖူးကာ ယခုနှစ်တွင်လည်း ရေပန်းစားခဲ့သည့်အလျောက် ဆက် လက်လွဲချော်သွားခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ်ဆုပေးပွဲတွင် ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ တေးဂီတဆု၊ အသံဆုများကို ပေးအပ်ခဲ့ခြင်း မရှိပေ။ ဇာတ်ညွန်းဆု၊ တည်းဖြတ်ဆုနှင့် အသံဆုများမှာမူ ၂၀၀၆ခုနှစ် နောက်ပိုင်းကတည်းက ဆုချီးမြှင့်နိုင်ခဲ့ခြင်းမရှိသည့် ဆုအမျိုးအစားများ ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာ ရုပ်ရှင်ဇာတ်ကား ၁၂ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဆိုပါဇာတ်ကား ၁၂ ကားတွင် ဇာတ်ကားလေးကားမှရုပ်ရှင် ထူးချွန်ဆုများ ရရှိသွားခဲ့ခြင်းဖြစ် ပါသည်။

သန်းညွန့်(ပန်းသာ)
ဓါတ်ပုံဆု(ကြိုးတန်း)

၂၀၀၈ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုကို ကြိုးတန်း ဇာတ်ကားဖြင့် သန်းညွန့်(ပန်းသာ)က ခြောက်ဆုမြောက် အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိသွားခဲ့ခြင်းဖြစ် ပါသည်။
သန်းညွန့်(ပန်းသာ)သည် ၁၉၉၃ ခုနှစ်က မြစ်တို့၏ မာယာ ဇာတ်ကားဖြင့်လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ပုဂံမှာသာတဲ့လ ဇာတ်ကားဖြင့်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် ညမင်းသားဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် မောင့်မူပိုင်ရှင်ဇာတ်ကားဖြင့် လည်းကောင်း ၊ ၂၀၀၆ခုနှစ်တွင် ပန်းပျိုးသူတို့အလင်္ကာ ဇာတ်ကားဖြင့်လည်းကောင်း အကယ်ဒမီဆုများ ရရှိထားခဲ့ပါသည်။

ခင်မို့မို့အေး
အမျိုးသမီးဇာတ်ပို့ဆု(အများနှင့် မသက်ဆိုင်သောသူ)

၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကား ၌ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်ခင်မို့မို့အေးမှ ပထမဆုံး အကယ်ဒမီဆုအဖြစ် ဆွတ်ခူးရရှိသွားခဲ့သည်။
ယခုရရှိသွားသောဆုသည် ခင်မို့မို့အေး၏ အနုပညာသက်တမ်း တလျောက် ပထမဆုံးအကြိမ်အဖြစ် ရရှိသွားခဲ့သော အကယ်ဒမီဆုဖြစ်ပါ သည်။ ခင်မို့မို့အေးသည် ထိုဆုကို ဆုပေးပွဲမတိုင်ခင်က ပရိခန့်မှန်းထားခဲ့သည့်အတိုင်း ရရှိသွားခဲ့ခြင်းဖြစ်ပါသည်။

ရဲအောင်
အမျိုးသားဇာတ်ပို့ဆု(အကယ်ဒမီရှော့)

၂၀၀၈ခုနှစ်အတွက်အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို အမျိုးသားတို့၏ အကယ်ဒမီရှော့ကို ပြသခဲ့သော ရဲအောင်က အကယ်ဒမီရှော့ပ် ဇာတ်ကားဖြင့်ရရှိသွားခဲ့ခြင်းဖြစ်ပါ သည်။
ယခုရရှိခဲ့သောဆုသည် ရဲအောင်၏ ဒုတိယမြောက်ရရှိခဲ့သော အကယ်ဒမီဆုဖြစ်ပြီး ရဲအောင်သည် ၁၉၉၃ခုနှစ်က မြစ်တို့၏မာယာ ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားခဲ့ပါသည်။
ရဲအောင်ကို အမျိုးသားဇာတ်ပို့ ဆုရရှိရန် ခန့်မှန်းကြသော ပရိသတ်များရှိခဲ့သော်လည်း အကယ်ဒမီရှော့ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခဲ့ခြင်းမရှိ သည့်ကြားမှ ထိုဇာတ်ကားဖြင့်ဆုရှိ သွားခဲ့ခြင်းဖြစ်ပါသည်။

မို့မို့မြင့်အောင်
အမျိုးသမီးဇာတ်ဆောင်ဆု (မြင့်မိုရ်ထက်ကသရဖူ)

၂၀၀၈ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို မြင်းမိုရ်ထက်ကသရဖူ ဇာတ်ကားဖြင့် မို့မို့မြင့်အောင်က ရရှိသွားခဲ့ပါသည်။
မို့မို့မြင်အောင်သည် ယခုဆုကို အနုပညာသက်တမ်း တလျောက် ငါးဆုမြောက်အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိသွားခဲ့ခြင်းလည်းဖြစ်ပါသည်။ အကယ်ဒမီ မို့မို့မြင့်အောင်သည် ၁၉၈၄ခုနှစ် တွင် နှလုံးသားမြို့တော် ဇာတ်ကားဖြင့် ဇာတ်ပို့ဆု၊ ၁၉၈၉ခု နှစ်တွင် ခပ်စိမ်းစိမ်းနေပါ့မယ် ဇာတ်ကားဖြင့် ဇာတ်ဆောင်ဆု၊ ၁၉၉၁ ခု နှစ်တွင် သမီးနှင့်အမေများ ဇာတ်ကားဖြင့်ဇာတ်ဆောင်ဆု၊ ၁၉၉၄ ခုနှစ် တွင် မသုဓမ္မစာရီဇာတ်ကားဖြင့် ဇာတ်ဆောင်ဆုများ ရရှိထားခဲ့ပါသည်။
ထို့အပြင် ယခုနှစ်ဆုပေးပွဲတွင် ဆုရရှိရန် ရေပန်းစားနေသော အမျိုးသမီးသရုပ်ဆောင်များအနက် ထင်ကြေးပေးအခံရဆုံး သရုပ်ဆောင်တစ် ဦးအနေဖြင့်လည်း ဆုရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ မို့မို့မြင့်အောင်နည်းတူ အမျိုးသရုပ်ဆောင်ဆုရရှိရန် ရေပန်းစားခဲ့သူများထဲတွင် ထွန်းအိန္ဒြာဗို၊ စိုးမြတ်သူဇာနှင့် ချစ်သုဝေတို့လည်းပါ ၀င်ခဲ့ကြပါသည်။

ခန့်စည်သူ
အမျိုးသားဇာတ်ဆောင်ဆု(အများနှင့် မသက်ဆိုင်သောသူ)

၂၀၀၈ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကားမှ ခန့်စည်သူက ရရှိသွားခဲ့ပါသည်။
ခန့်စည်သူသည် ယခုဆုကို အနုပညာသက်တမ်းတလျောက် ပထမဆုံးသော အကယ်ဒမီဆုအနေဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲမတိုင်မီက ပရိသတ်ခန့်မှန်းထားပြီး သတင်းထွက်နေခဲ့သည်နှင့်အညီ ဆု ရရှိသွားခဲ့ခြင်းလည်း ဖြစ်ပါသည်။

အများနှင့်မသက်ဆိုင်သောသူ(ဇာတ်ကားဆု)

၂၀၀၈ခုနှစ်အတွင်း ထွက်ရှိထားခဲ့သည့် ဇာတ်ကား၁၂ကားအနက် ဇာတ်ကားဆုရရှိရန်အတွက် ကြိုးတန်းဇာတ်ကား၊ မြင့်မိုရ်ထက် ကသရဖူဇာတ်ကားနှင့် အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားအစရှိသည့်ဇာတ်ကားများက ရေပန်းစားခဲ့ပြီး ထိုဇာတ်ကားသုံးကားအနက်မှ အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားက ဆုရရှိသွားခဲ့ခြင်းဖြစ်ပါသည်။
ထိုဇာတ်ကားကို မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မင်းလူ၏ နာမည်ကျော်ဝတ္ထု တစ်ပုဒ်ကို ဒါရိုက်တာညီညီထွန်းလွင်က ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ ဟာသနှင့်ဒရမ်မာ အချိုးစပ်ထားသော ဇာတ်လမ်းအမျိုးအစားဖြစ်ပါသည်။

ညီညီထွန်းလွင်
ဒါရိုက်တာဆု (အများနှင့်မသက် ဆိုင်သောသူ)

ယခုနှစ်များအတွင်း ဟာသ ဇာတ်မြူးဇာတ်ကားများဖြင့် နာမည်ကျော်နေခဲ့သော ဒါရိုက်တာညီညီထွန်းလွင်က အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားဖြင့် ၂၀၀၈ခုနှစ် အတွက် အကယ်ဒမီဆုကိုရရှိသွားခဲ့ ခြင်းဖြစ်ပါသည်။
ဒါရိုက်တာညီညီထွန်းလွင် သည် အကယ်ဒမီဆုကို ပထမဆုံး အကြိမ်ရရှိခဲ့ခြင်းကာ ကြိုးတန်း ဇာတ်ကားဖြင့် ရေပန်းစားနေခဲ့သော ဒါရိုက်တာမီးပွား၊ မြင့်မိုရ်ထက်က သရဖူဇာတ်ကားဖြင့် ရေပန်းစားနေခဲ့ သော ဒါရိုက်တာသိန်းဟန်(ဖီးနစ်) တို့နှင့်အတူ ဆုပေးပွဲအတိုင်ခင်က ဆုပေးပွဲမတိုင်ခင်က ရေပန်းစားနေရာ မှ ဆုရရှိသွားခဲ့ခြင်းဖြစ်ပါသည်။

အကယ်ဒမီဆုနှင့်မသက်ဆိုင်သောသူ ဒါရိုက်တာမီးပွား

ဒါရိုက်တာမီးပွားနှင့် လွဲခဲ့သည့်အကယ်ဒမီများ

၁၉၉၇ ခုနှစ်အတွက် ဆုရရှိခဲ့ကြသူများ

- သူ့ကျွန်မခံပြီဇာတ်ကား(ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆု၊ တည်းဖြတ်ဆု)
- မြင့်မြတ်နှလုံးသား(အမျိုးသားဇာတ်ပို့ဆု၊ ဓာတ်ပုံဆု၊ တေးဂီတဆု၊ အသံဆု၊ ဇာတ်ညွှန်းဆု)
- အမေ့ခြေရာ (အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆု)
- အရိပ် (အမျိုးသမီးသရုပ်ဆောင်ဆု)

၂၀၀၄ ခုနှစ်အတွက် ဆုရရှိခဲ့ကြသူများ

- လျို့ဝှက်သောနှင်း (ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆု၊ ဓာတ်ပုံဆု၊ အသံဆု၊ တည်းဖြတ်ဆု၊ ဇာတ်ညွှန်းဆု)
- တစ်ခါက ဧရာဝတီညများ (အမျိုးသားဇာတ်ဆောင်ဆု)
- မျက်နှာများတဲ့ကောင်းကင် (အမျိုးသမီးဇာတ်ဆောင်ဆု)
- ချစ်ခြင်းငယ်ပြိုင် (အမျိုးသမီးဇာတ်ပို့ဆု)
- ပန်းဒဏ္ဍာရီ (တေးဂီတဆု)

၂၀၀၅ ခုနှစ်အတွက် ဆုရရှိခဲ့ကြသူများ

- ကျန်စစ်မင်း (ဇာတ်ကားဆု၊ အမျိုးသားသရုပ်ဆောင်ဆု၊ တေးဂီတဆု၊ အသံဆု)
- ဆဌဂံ (ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆု၊ တည်းဖြတ် ဆု)
- မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍(အမျိုးသမီးသရုပ်ဆောင်ဆု၊ ဓာတ်ပုံဆု)
- ချစ်ခြင်းဖွဲ့မေတ္တာ(အမျိုးသမီးဇာတ်ပို့ဆု)

မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားခဲ့သည့် ပရိသတ်ရွေးချယ်ထား သော ၂၀၀၈ခုနှစ်အတွက် အကောင်းဆုံးများ
၁။ ဇာတ်ကားဆု - ကြိုးတန်း
၂။ ဒါရိုက်တာဆု- မီးပွား(ကြိုးတန်း)
၃။ အမျိုးသားဇာတ်ဆောင်- ခန့်စည်သူ(အများနှင့်မသက်ဆိုင်သောသူ)
၎။ အမျိုးသမီးဇာတ်ဆောင်- မို့မို့မြင့်အောင်(မြင့်မိုရ်ထက်က သရဖူ)
၅။ အမျိုးသားဇာတ်ပို့ဆု- ဇင်ဝိုင်း(မြင့်မိုရ်ထက်က သရဖူ)
၆။ အမျိုးသမီးဇာတ်ပို့ဆု- ခိုင်သင်းကြည်(အမည်မဖော်လိုသူအချစ်)
၇။ တေးဂီတဆု- ဓီရာမိုရ်(မြင့်မိုရ်ထက်က သရဖူ)
၈။ အသံဆု- ဓနမိုးနှင့်အဖွဲ့(မြင့်မိုရ်ထက်က သရဖူ)
၉။ ဇာတ်ညွှန်းဆု- ငြိမ်းမင်း (မြင့်မိုရ်ထက်က သရဖူ)
၁၀။တည်းဖြတ်ဆု- ဇော်မင်း(ဟံသာမြေ) (မြင့်မိုရ်ထက်က သရဖူ)
၁၁။ဓာတ်ပုံဆု- ကျောက်ဖြူ(ပဒေသာ) (မြင့်မိုရ်ထက်က သရဖူ)

- အဆိုပါရွေးချယ်မှုသည် မြန်မာတိုင်းမ်ဂျာနယ်မှ ပရိသတ်အကြိုက်ဆုံး အနုပညာရှင်များ စစ်တမ်းကောက်ယူပြီး ဖြေဆိုသူ စာဖတ်ပရိသတ် ၂၆၅၂ဦး မှပေးအပ်ခဲ့သော ရမှတ်များကို စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ထိုစာရင်းများ အနက်ရမှတ်အများဆုံးရရှိ ထားခဲ့သူများကို ယခုပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်ပြီး စစ်တမ်းအပြည့်အစုံကို မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၃ အမှတ် ၄၅၂ တွင် ကြည့်ရှုနိုင်ပါသည်။
အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားဆုအများဆုံး ဆွတ်ခူး ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနား နေပြည်တော်တွင်ကျင်းပ

[အကယ်ဒမီဆုနှင့်မသက်ဆိုင်သောသူ ဒါရိုက်တာမီးပွား] အကယ်ဒမီဆုနှင့်မသက်ဆိုင်သောသူ ဒါရိုက်တာမီးပွား

ဒါရိုက်တာမီးပွားနှင့် လွဲခဲ့သည့်အကယ်ဒမီများ

၁၉၉၇ ခုနှစ်အတွက် ဆုရရှိခဲ့ကြသူများ

- သူ့ကျွန်မခံပြီဇာတ်ကား(ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆု၊ တည်းဖြတ်ဆု)
- မြင့်မြတ်နှလုံးသား(အမျိုးသားဇာတ်ပို့ဆု၊ ဓာတ်ပုံဆု၊ တေးဂီတဆု၊ အသံဆု၊ ဇာတ်ညွှန်းဆု)
- အမေ့ခြေရာ (အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆု)
- အရိပ် (အမျိုးသမီးသရုပ်ဆောင်ဆု)

၂၀၀၄ ခုနှစ်အတွက် ဆုရရှိခဲ့ကြသူများ

- လျို့ဝှက်သောနှင်း (ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆု၊ ဓာတ်ပုံဆု၊ အသံဆု၊ တည်းဖြတ်ဆု၊ ဇာတ်ညွှန်းဆု)
- တစ်ခါက ဧရာဝတီညများ (အမျိုးသားဇာတ်ဆောင်ဆု)
- မျက်နှာများတဲ့ကောင်းကင် (အမျိုးသမီးဇာတ်ဆောင်ဆု)
- ချစ်ခြင်းငယ်ပြိုင် (အမျိုးသမီးဇာတ်ပို့ဆု)
- ပန်းဒဏ္ဍာရီ (တေးဂီတဆု)

၂၀၀၅ ခုနှစ်အတွက် ဆုရရှိခဲ့ကြသူများ

- ကျန်စစ်မင်း (ဇာတ်ကားဆု၊ အမျိုးသားသရုပ်ဆောင်ဆု၊ တေးဂီတဆု၊ အသံဆု)
- ဆဌဂံ (ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆု၊ တည်းဖြတ် ဆု)
- မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍(အမျိုးသမီးသရုပ်ဆောင်ဆု၊ ဓာတ်ပုံဆု)
- ချစ်ခြင်းဖွဲ့မေတ္တာ(အမျိုးသမီးဇာတ်ပို့ဆု)

မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားခဲ့သည့် ပရိသတ်ရွေးချယ်ထား သော ၂၀၀၈ခုနှစ်အတွက် အကောင်းဆုံးများ
၁။ ဇာတ်ကားဆု - ကြိုးတန်း
၂။ ဒါရိုက်တာဆု- မီးပွား(ကြိုးတန်း)
၃။ အမျိုးသားဇာတ်ဆောင်- ခန့်စည်သူ(အများနှင့်မသက်ဆိုင်သောသူ)
၎။ အမျိုးသမီးဇာတ်ဆောင်- မို့မို့မြင့်အောင်(မြင့်မိုရ်ထက်က သရဖူ)
၅။ အမျိုးသားဇာတ်ပို့ဆု- ဇင်ဝိုင်း(မြင့်မိုရ်ထက်က သရဖူ)
၆။ အမျိုးသမီးဇာတ်ပို့ဆု- ခိုင်သင်းကြည်(အမည်မဖော်လိုသူအချစ်)
၇။ တေးဂီတဆု- ဓီရာမိုရ်(မြင့်မိုရ်ထက်က သရဖူ)
၈။ အသံဆု- ဓနမိုးနှင့်အဖွဲ့(မြင့်မိုရ်ထက်က သရဖူ)
၉။ ဇာတ်ညွှန်းဆု- ငြိမ်းမင်း (မြင့်မိုရ်ထက်က သရဖူ)
၁၀။တည်းဖြတ်ဆု- ဇော်မင်း(ဟံသာမြေ) (မြင့်မိုရ်ထက်က သရဖူ)
၁၁။ဓာတ်ပုံဆု- ကျောက်ဖြူ(ပဒေသာ) (မြင့်မိုရ်ထက်က သရဖူ)

- အဆိုပါရွေးချယ်မှုသည် မြန်မာတိုင်းမ်ဂျာနယ်မှ ပရိသတ်အကြိုက်ဆုံး အနုပညာရှင်များ စစ်တမ်းကောက်ယူပြီး ဖြေဆိုသူ စာဖတ်ပရိသတ် ၂၆၅၂ဦး မှပေးအပ်ခဲ့သော ရမှတ်များကို စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ထိုစာရင်းများ အနက်ရမှတ်အများဆုံးရရှိ ထားခဲ့သူများကို ယခုပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်ပြီး စစ်တမ်းအပြည့်အစုံကို မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၃ အမှတ် ၄၅၂ တွင် ကြည့်ရှုနိုင်ပါသည်။ (မြန်မာတိုင်းမ်မှ)
---------------------------------------------------------------------------------------
၂၀၁၀ ခုနှစ် မြန်မာ့ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲ။

နေပူတော် နိုင်ငံတော်အေးချမ်းသာယာမှုဖျက်ဆီးရေးကောင်စီ (နအဖ) မှ ကျင်းပသည်။

အကောင်းဆုံး အမျိုးသား ဇတ်ဆောင်ဆု --- သန်းရွှေ (ရုပ်ရှင်အမည် - အများမှ သတ်ချင်သောသူ)။

အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆု --- ကြိုင်ကြိုင် (ရုပ်ရှင်အမည် - အကုသိုလ်ထက်က မွှေသူ)။

အကောင်းဆုံး အမျိုးသား ဇတ်ပို့ဆု -- အောင်ဆန်းဦး (ရုပ်ရှင်အမည် - အကယ်ဒမီရှော့)။

အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆု --- လဲ့လဲ့နွယ်သိန်း (ရုပ်ရှင်အမည် - ပြည်သူများမှ မနှစ်သက်သောသူ)။

အကောင်းဆုံး ဓာတ် (ချီး) ပုံဆု --- ကျော်ဆန်း (ရုပ်ရှင်အမည် - ဂျပိုးတန်း)။

အကောင်းဆုံး ဒုတ်ရိုက်တာဆု --- မောင်ဦး-ခင်ရီ (ရုပ်ရှင်အမည် - အများ အရိုက်ပြိုင်သောသူ) တို့ အား မြန်မာပြည်သူများမှ ၂၀၁၀ ခုနှစ် ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲတွင် လက်အသီးသီးထောင်၍ ချီးမြှင့်ပေးအပ်လိုက်ပါကြောင်း။

Print this post ဒီပို့စ်ကို ပရင့်ထုတ်ချင်ရင် Print this post ကိုနှိပ်ပါ။

0 comments:

Post a Comment

ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။

your friend,
အိုးဝေအောင်
(အိုးဘားမား)