ကန့်ကွက်ကြစို့လား
ဘယ်သုမှန်လဲ ။ဘယ်သူမှားလဲ
ပုစ္ဆာ တပုဒ်ကို အဖြေထုတ်သလို
တဖြည်းဖြည်းတွေးရင် တရေးရေးမြင်လာ။
နအဖဟာ
ပြည်သူကို လစ်လျှူရှု့
သေနတ်ကိုအဖော်ပြု
နာဂစ်ကိုအကြောင်းပြ မဲလိမ်ခဲ့ကြတာ
မှတ်မိပါသေးတယ်။

လာပြန်ပေါ့ ၂၀၁၀
နအဖရဲ့ဗျူပာာ မူယာတွေအပြည့်နဲ့။
ဝန်ထမ်းတွေကို လစာတိုး
မတိုးခင်စပ်ကြား မြင့်တက်လာတဲ့
ကုန်ဈေးနှုန်းကြားမှာ
ပြည်သူတွေဒုက္ခရောက်နေရတယ်။
မညီမျှတဲ့လုပ်အားခ ကြားမှာ
အရင်းရှင်က ဂုတ်သွေးစုပ်
နအဖက လက်ဝါးကြီးအုပ်
တနေ့ဝမ်းစာမှန်ဖို့
ရုန်းကန်နေရတဲ့ တို့ပြည်သူတွေ
စားဖို့တောင် အနိုင်နိုင်
အဝတ်အစားက
ကျောင်းသင်ခန်းစာထဲကလို
အစုတ်ကယ်တရာ အဖာက ဗရဗျစ်
ရေသည်ပြဇာတ်ထဲကလို ပြည်သူတွေ
ဆင်းရဲမွဲတေနေကြတယ်။

နအဖဟာ
ဒါတွေကို အလေးမထား
တင်းကျပ်တဲ့စည်းမျဉ်းတွေထား
ကလေးကလား ရွေးကောက်ပွဲ
ဒုတိယမ္ပိ မဲလိမ်ပွဲ
ထပ် ဆင်နွှဲဖို့
သူတို့ပြင်ဆင်နေပြန်ပြီ။
နအဖရဲ့ မပာုတ်မပာတ် လုပ်ဇာတ်ကြားမှာ
အလုပ်သမားတွေရဲ့ တိုက်ပွဲခေါ်သံက
၂၀၁၀မှာ ပဲ့တင်ထပ်
တင်းကျပ်မှု့ကြားက ဆန္ဒပြပွဲတွေ
စက်ရုံတွေအနှံ့ ပြန့် ခဲ့ပြီ။

နအဖက
ဒါတွေကိုလည်းဂရုမစိုက်
မင်းဆိုးမင်းညစ် ပီသစွာ
ရှေ့ ဆက် မိုက်ကန်းတော့မယ်။
ဒါ့ကြောင့်
ဒို့ ပြည်သူတွေ
အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့
ခေတ်စံနစ်တွေ ပြောင်းစေဖို့
မာယာများတဲ့၂၀၁၀ရဲ့မဲလိမ်ပွဲကို
ကန့်ကွက်ကြစို့လား။
(ညီမင်းထက်)
(ဟစ်တိုင်ကဗျာမှ ကူးယူခဲ့သည်)



0 comments:
Post a Comment
ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
လေးစားစွာဖြင့်,
အိုးဝေအောင်
(အိုးဘားမား)