" နိုင်ငံရေးဆိုသည်မှာ......."

" နိုင်ငံရေးဆိုသည်မှာ......."
"-နိုင်ငံရေးဆိုသည်မှာ လူတဦးနှင့်တဦးကြားတွင်ဖြစ်စေ၊ လူ့အဖွဲ့ အစည်းကြားတွင်ဖြစ်စေ၊ လူတဦးနှင့် လူ့အဖွဲ့အစည်းကြားတွင်ဖြစ်စေ၊ စနစ်တကျ ပြောဆို ဝေဖန်ခြင်းကို ခေါ်ပါသည်။" (ကျနော်ပြောတာမဟုတ်ပါ။) နိုင်ငံရေးသိပ္ပံပညာရှင်များ ပြောတာပါ။

"နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"

"ဟေ့- မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တနေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)

"၆၅ နှစ် တဲ့ လား ဟေ့..." "ဒို့အမေ မွေးနေ့တွေ အများကြီး ဖြတ်သန်းနိုင်သေးတယ်။အားတင်းထား အမေ။"

"၆၅ နှစ် တဲ့ လား ဟေ့..." "ဒို့အမေ မွေးနေ့တွေ အများကြီး ဖြတ်သန်းနိုင်သေးတယ်။အားတင်းထား အမေ။"

တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။

တရားမ၀င် အဆိုးရလုပ်နေတဲ့=ပြည်သူ့ အာဏာသူခိုး=စစ်အာဏာရူး  နဝတ နအဖ စစ် အုပ်စု ကျဆုံးပါစေ။
ဗုဒ္ဓ ဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ- "နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့် ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ---။"
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်"

အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Wednesday, March 10, 2010

Proud to be a BURMESE and be counted in the US census 2010


အမေရိကမှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့

အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ် တကြိမ် လူဦးရေစာရင်း ကောက်သည်။ မြန်မာလိုဆိုရင် သန်းခေါင်စာရင်းဖြစ်သည်။ သန်းခေါင်စာရင်းက လူဦးရေနှင့် ပထ၀ီဒေသအလိုက် ပြန့်နှံနေပုံကို စာရင်းပြုပြီး တိုင်းပြည်၏ အစိုးရစီမံကိန်းများ၊ အကူအညီများ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စများကို စီမံပြင်ဆင် ဆုံးဖြတ်ခြင်း ဖြစ်သည်။
ယခု ၂၀၁၀ သန်းခေါင်စာရင်းတွင် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းစာရင်းသွင်းခြင်းကို တညီတညွတ် လုပ်ကြလျှင် မြန်မာပြည်က ပြောင်းရွှေ့နေထိုင်သော မြန်မာပြည်သားများစာရင်းကို အစိုးရက အရေအတွက်၊ ပထ၀ီဒေသအလိုက် သိရှိပြီး အခြား တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဟာဝိုင်အီ၊ ကိုရီးယား၊ ဂွာမာနိယန်၊ ဖိလိပိုင်၊ ဗီယက်နမ်၊ စသည့် အာရှသားများကဲ့သို့ ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ အရေအတွက်သတ်မှတ်ပေးခြင်း ခံစားရနေသလိုမျိုး၊ မြန်မာ (Burmese) တို့အတွက်ပါ စာရင်းပေါက်မည် ဖြစ်သည်။ အရေအတွက် မပြောပလောက်လျှင် ၊လွန်ခဲ့သည့် ၁၀ နှစ် ကကဲ့သို့ ပင်။မြန်မာတို့အတွက် လူမျိုးနေရာတွင် - Other Asian (အခြားအာရှသား) အဖြစ်ကနေ တက်လာတော့မည် မဟုတ်ပေ။
ယခုမတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းတွင် စာတိုက်မှတဆင့် သန်းခေါင်စာရင်းဖြည့်ရန် ဖောင် ကို အမေရိကန်အစိုးရက အိမ်လိပ်စာများအားလုံးထံ ပေးပို့မည် ဖြစ်သည်။
(မောင်အိုးတို့ စာတိုက်ပုံးထဲသို့ ရောက်လာသော အင်္ဂလိပ်နှင့်မက္ကဆီကန် နှစ်ဘာသာ ဖြင့်ရေးထားသည့် သန်းခေါင်စာရင်းရုံးမှ ပို့ လာသော သတိပေးစာနှင့် စာအိတ်ပုံ)

စာရင်းပြုစုခြင်း သက်သက်ဖြစ်သဖြင့် ကျနော်တို့၏ ကိုယ်ရေးကိုယ်တာများ၊ တရားဝင် နေထိုင်မှုများကို စပ်စုမေးမြန်းခြင်းလည်း လုပ်မည် မဟုတ်ချေ။ မေးခွန်း ၁၀ ခု သာ ပါမည်ဖြစ်ပြီး သည်နေရာက http://2010.census.gov/2010census/pdf/LAG_Burmese.pdf အစိုးရ၏ လမ်းညွှန်ကို ရယူပြီး ဖတ်ရှုပြင်ဆင်ထားနိုင်သည်။ သည်နေရာမှာ အမေရိကန်အစိုးရ၏ မြန်မာဘာသာနှင့် ရှင်းလင်းချက်ကို ကြည့်နိုင်သည်။ http://2010.census.gov/2010census/language/burmese.php
အမေရိကန်ပြည်ထောင်စုတွင် အကြောင်းအမျိုးဖြင့် ရောက်ရှိနေထိုင်ကြသူ မြန်မာပြည်သား အားလုံးတို့အနေနှင့် တစုတစည်းတည်းသော လူမျိုးတခုအဖြစ် ပထမဦးဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်းမှာ အောင်မြင်စွာ စာရင်းပေါက်စေဖို့ မေးခွန်း နံပါတ် (၉) တွင် Burmese လို့ ဖြည့်စွက်ကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။
ဘိုလိုဆိုရင်တော့ - Proud to be a BURMESE and be counted in the US census 2010 ပေါ့ခင်ဗျား။ ။
(g mail မှတဆင့် လက်ခံ၇၇ှိသည်ကို ဖော်ပြတာပါ။)

Print this post ဒီပို့စ်ကို ပရင့်ထုတ်ချင်ရင် Print this post ကိုနှိပ်ပါ။

0 comments:

Post a Comment

ရေးခဲ့ပါ။
အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်
အားလုံးဖတ်ဖို့  ဖော်ပြထားပါမယ်။
လေးစားစွာဖြင့်,
အိုးဝေအောင်
(အိုးဘားမား)