အရှင်လတ်လတ် ၄ ဘ၀ပြောင်းသူများ(သို့)
မဆလ၊နဝတ၊နအဖ၊ဦးသိန်းစိန်အစိုးရ
(မောင်မြင့်သိန်း)
ဘယ်ခြောက်ညာလှမ်း
ပျားရည်နဲ့ဝမ်းချ
လေဖမ်းဝါးတန်းချီ
ပလီစိချောက်ချက်
အရှက်မရှိ
သရက်စေ့လိုလူတွေ။
“လိပ်”လို ကိုယ့်ဖက်ကိုယက်
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်
ပြည်သူကို ရှိတယ်မထင်
သူ့အမေ့လင်ပစ္စည်းလို
တိုင်းပြည်ကို ထင်သလိုလုပ်
ဘာမဟုတ်တဲ့ကောင်တွေ။
သူများအသက်ဆို
ဖက်ရွက်လိုသဘောထား
အာဏာကို အထိပါးမခံ
ရွှေဝါရောင်တော်လှန်ရေးမှာ
သံဃာတောင်သတ်သေး
ခွေးဖြစ်မယ့်ကောင်တွေ။
ယောက်ျားတန်မဲ့နဲ့
ကြောက်အားကျသန်ပါ့ဗျား
ဘယ်သွားသွား ဘယ်လာလာ
ဗျောက်ခါးမှာချိတ်ပြီး
တပ်စိတ်တခုစာ လုံခြုံရေးယူ
သူ့အသက်သူတော့ ပူတဲ့လူတွေ။
သူသိသူတတ်နဲ့
အဟုတ်မှတ်ပြီး မိန့်ခွန်းတွေချွေ
ရွှန်းရွှန်းဝေအောင်ပြောနေပေမယ့်
ဒေသတွင်းမှာတော့ ပါးစပ်ပိတ်
ခေါင်းပဲညိတ်နေရတဲ့
“တောက်တဲ့”လို လူစားတွေ။
ပြန်မပြောခေါင်းပဲညိတ်
ဆိတ်ဆိတ်နေမှပညာရှိ
“ဝန္ဒာမိ”သူကိုမှမြှောက်စားတတ်
ဟောက်စားချောက်စား
အထက်ဖားအောက်ဖိနဲ့
ဘာမှမသိတဲ့ အာဂလိအောက်တွေ။
ဖျက်မျိုးအထွေထွေနဲ့
လက်ညှိုးပဲကွေးတတ်တဲ့သူတွေက
ခွေးပတတ်ရပ် အစာငမ်းသလို
မတန်မရာ အာဏာငန်းဖမ်းလေတော့
ပြေရွာတွေ အကုန်ပျက်
ဖွတ်တက်သထက်မွဲပြီ။
ဒီလိုပုံ ဒီအချိုး
ဒီအဝှာမျိုးတွေနဲ့
ကြမ္မာဆိုးလို့သာေ တွ့လာရ
ဒို့ခေတ်ကျမှညံ့ရတော့မှာလား
အဆံမပါ ဗာလာနံ ဒီလူစုကို
ဥာဏ်ပညာ၊ဆင်ခြင်တုံအစုစုနဲ့
ညီညွတ်မှုကို ဦးတည်
လူထုချစ်ကြည်မှုကိုဆောင်တဲ့
ဒေါ်အောင်ဆန်းစုကြည်ဝန်းရံ
လက်ချင်းတွဲ တွန်းလှန်ရင်
သင်းတို့ ဘာခံနိုင်ကြမှာလဲ။ ။
(မောင်မြင့်သိန်း)
ဒီဇင်ဘာ ၁၆၊ ၂၀၁၁
(ယာဟူးအုပ်စုမေးလ်မှ)






0 comments:
Post a Comment
comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com