{ ဗုဒ္ဓဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ-} =" နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့ ...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့်...ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ။"{"တရားမ၀င် အဆိုးရလုပ်နေတဲ့-ပြည်သူ့ အာဏာသူခိုး-နဝတ-နအဖ ရဲ့ တပည့် =စစ်တပိုင်းအစိုးရ ကျဆုံးရမည်။ပြည်သူ့ မဲ ခိုးခဲ့တဲ့= မဲသူခိုး အစိုးရ=သူခိုး ဓါးပြ အစိုးရကို အောင်နိုင်လျှင် မျက်မှောက်ခေတ်တွင် အောင်ခြင်းကိုးပါး အမည်တွင်မည်။}
" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)

သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်" အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Saturday, January 14, 2012

ကိုကျော်နဲ့ကိုပေါ်

အမှတ်မထင် ဆုံတွေခဲ့ရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူတို့ရဲ့ တွေ့ဆုံပွဲ..


လွတ်အဓိဋ္ဌာန်

၁၂.၁.၂၀၁၂ ကြာသာပတေးနေ့ နံနက်(၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သား/သူတို့အား ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ လှူဒါန်းမှုများပြုရန်အတွက် သွားရောက် ပို့ဆောင်ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အလုပ်များ မအားလပ်သည့် ကြားမှ အဓိဋ္ဌာန်ခရီး ထွက်လိုပါသဖြင့် ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီးထံ အသင်းသား(၃)ဦးနှင့် အတူ ခရီးထွက်ခဲ့ပါသည်။

၁၃.၁.၂၀၁၂ သောကြာနေ့ နံနက်(၅)နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အဓိဋ္ဌာန်တင်ခြင်းတို့ကို မြတ်စွာဘုရားထံ လျှောက်ထားပြီးနောက် ပြည်မြို့ သရေ ခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးရှေးဟောင်းဘုရားထံသွားရောက်၍ အဓိဋ္ဌာန်ပုတီး (၁၀၈) ပတ် စိတ် ပြီးသည့်နောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးနီးပါး လွှတ်ပေးလိုက်သည်ဟု မင်္ဂလာသတင်းကောင်းကို ကြားသိခဲ့ရသည်။ မိမိ၏ အဓိဌာန်အတိုင်း နေ့လည်ပိုင်းတွင် ပြည်မြို့ဝန်ချတောင်ဘုရားတွင် အဓိဋ္ဌာန်ကျင့်စဉ် ပုတီး (၁၀၈) ပတ်အား သွားရောက်၍ ကျင့်ခဲ့သည်။

ညနေပိုင်း (၅း၀၀) နာရီခန့်တွင် သရက်အကျဉ်းထောင်မှ လွတ်မြောက်လာသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တစ်ယောက် အောင်လံမြို့သို့ ရောက်နေကြောင်း၊ မကြာမီ အချိန်အတွင်း ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းရှိ ကျွန်တော့်ထံသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ည (၈း၀၀ )နာရီအချိန်တွင် တတိယအကြိမ် အဓိဋ္ဌာန်ကျင့်စဉ်အား ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေ မြတ်စွာဘုရားရှေ့မှောက်တွင် ကျင့်ကြံအားထုတ်၍ ပုတီး (၁၀၈) ပတ် ပြီးစီးသည်နှင့် (၉း၀၀) နာရီအချိန်တိတိတွင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကိုမင်းကိုနိုင်အား ပြည်မြို့မှ လူမှုကူညီရေးအဖွဲ့များ၊ အကျဉ်းသားဟောင်းများ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များဖြင့် စည်ကားစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။
ကိုမင်းကိုနိုင်အား ဦးကျော်သူမှ အဓိဌာန်ဝင်စဉ် ၀တ်ဆင်ထားသော အတွင်းတီရှပ်အား ဖွင့်လှစ်ပြရာ "လွှတ် … ယုံကြည်ချက် အကျဉ်းသား" တီရှပ်အကျီအား "လွှတ်" ဟူသောစာသားမှ ဟတ်ထိုး အက္ခရာအား ဆေးဖြူပိတ်ထား၍ "လွတ်" ဟူသော စာသားဖြစ်နေ၍ အားလုံးမှ ၀မ်းသာအားရစွာဖြင့် သြဘာပေးခဲ့ကြသည်။ ထို့နောက် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဦးကျော်သူနှင့်အတူ သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးမှ ငါ့လောဘ၊ ငါ့မောဟ၊ ငါ့ဒေါသ၊ ငါ့မာန ငါ့ကိုပြန်၍ နှိပ်စက်တတ်သည်" ဟူ၍ သုံးကြိမ်သုံးခါ ရွတ်ဆို၍ ဆုံးမသြ၀ါဒစကား ပြောကြားခဲ့သည်။ ကိုမင်းကိုနိုင်တို့အဖွဲ့အား “ကျန်းမာပါစေ .. ချမ်းသာပါစေ” ဟူသော အားပေးကြွေးကြော်သံတို့သည် ပြည်မြို့တစ်ခွင် ညဦးယံအား ထိုးခွဲ၍ ပဲ့တင်ထပ်သွားတော့သည်။

ထိုညတွင် ကိုမင်းကိုနိုင်တို့အဖွဲ့တို့သည် ဦးကျော်သူတို့နှင့်အတူ ရွှေပေါက်ပင်ကျောင်းတိုက်တွင် အိပ်စက်အနားယူကာ ၁၄.၁.၂၀၁၂ စနေနေ့ နံနက် (၆း၀၀) နာရီအချိန်တွင် ရန်ကုန်သို့ ခရီးဆက်ကြမည် ဖြစ်ကြသော်လည်း ဦးကျော်သူသည်ကား အဓိဋ္ဌာန်ကျင့်စဉ် (၃)ရက်ပြည့်သည်အထိ ပြည်မြို့၊ ရွှေပေါက်ပင် ကျောင်းတိုက်တွင် ဆက်လက်၍ ကျင့်ကြံ အားထုတ်သွားမည် ဖြစ်သည်။ အချုပ်ဆိုရသော် သည်တစ်ချိန် သည်တစ်ခါ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံအားထုတ်သော ဦးကျော်သူ၏ အဓိဋ္ဌာန်ကျင့်စဉ်အား “လွတ်” အဓိဋ္ဌာန်ကျင့်စဉ် ဟု အမည်နာမ တပ်လိုက်ချင်တော့သည်။

FFSS (နာရေးကူညီမှုအသင်း ရန်ကုန်)

0 comments:

Post a Comment

comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com

မောင်အိုး ခံစားရတဲ့ အမျိုး၊ဘာသာ၊စာပေ၊ ကဗျာ၊ အနုပညာ-ယဉ်ကျေးမှု မြန်မာဘလော့ဂ်များ

နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ပြီး-ဒီမိုကိုဆန့် ကျင်ဘက်မြင်နေသူများ-အမြင်မှန်ဖြင့်ပူးပေါင်းကြပါ။