{ ဗုဒ္ဓဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ-} =" နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့ ...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့်...ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ။"{"တရားမ၀င် အဆိုးရလုပ်နေတဲ့-ပြည်သူ့ အာဏာသူခိုး-နဝတ-နအဖ ရဲ့ တပည့် =စစ်တပိုင်းအစိုးရ ကျဆုံးရမည်။ပြည်သူ့ မဲ ခိုးခဲ့တဲ့= မဲသူခိုး အစိုးရ=သူခိုး ဓါးပြ အစိုးရကို အောင်နိုင်လျှင် မျက်မှောက်ခေတ်တွင် အောင်ခြင်းကိုးပါး အမည်တွင်မည်။}
" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)

သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်" အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Thursday, January 19, 2012

ခွပ်ဒေါင်းနှင့်တို့ကျောင်းသား(သတိုးသူဇာအောင်)

ခွပ်ဒေါင်းနှင့်တို့ကျောင်းသား 
(သတိုးသူဇာအောင်)

မြန်မာတွေ အမျိုးမှန်မို့
အိုးဝေသံ ထွက်ကာရယ်
ခွပ်ဒေါင်းရယ် ပြန်လာခဲ့
လွမ်းလှချည့်ကွယ်။

တို့ကျောင်းသားသွေး ရဲရင့်သေးသမို့
သစ်ပုတ်ပင်ကြီး သက်သေရှိတယ်..

ယုံကြည်ချက်တွေ ရင်မှာအပြည့်မို့
ခံယူချက်တွေ အမှန်တကယ်ရှိလို့
ရန်ကုန်ကျောင်းတော် မျိုးဆက်သစ်တို့
အိုးဝေအလံကို ဆက်ခံကြကွယ်။

အချိုးမှာလည်း မတွန့်ဆုတ်နဲ့
အကွေ့မှာလည်း နောက်မဆုတ်နဲ့
တို့ကျောင်းသားတွေ အမျိုးမှန်မလို့
ကမ္ဘာတည်သရွေ့ မြန်မာရှိရမည်။
မြန်မာရှိသရွေ့ အိုးဝေရှိရမည်။

အမျိုးမှန်အဖိုးတန်လေးတွေမို့
ကမ္ဘာအလည် မြန်မာရယ်လို့
သမိုင်းကို လှသထက်လှအောင်
ခွပ်ဒေါင်းတို့ ကြံကာဆောင်ကြမယ်
တို့ကျောင်းသားတဲ့လေး။

(သတိုးသူဇာအောင်)
၁၉-ဇန်န၀ါရီ-၂၀၁၁

0 comments:

Post a Comment

comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com

မောင်အိုး ခံစားရတဲ့ အမျိုး၊ဘာသာ၊စာပေ၊ ကဗျာ၊ အနုပညာ-ယဉ်ကျေးမှု မြန်မာဘလော့ဂ်များ

နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ပြီး-ဒီမိုကိုဆန့် ကျင်ဘက်မြင်နေသူများ-အမြင်မှန်ဖြင့်ပူးပေါင်းကြပါ။