{ ဗုဒ္ဓဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ-} =" နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့ ...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့်...ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ။"{"တရားမ၀င် အဆိုးရလုပ်နေတဲ့-ပြည်သူ့ အာဏာသူခိုး-နဝတ-နအဖ ရဲ့ တပည့် =စစ်တပိုင်းအစိုးရ ကျဆုံးရမည်။ပြည်သူ့ မဲ ခိုးခဲ့တဲ့= မဲသူခိုး အစိုးရ=သူခိုး ဓါးပြ အစိုးရကို အောင်နိုင်လျှင် မျက်မှောက်ခေတ်တွင် အောင်ခြင်းကိုးပါး အမည်တွင်မည်။}
" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)

သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်" အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Saturday, January 21, 2012

(ထင်လင်းအောင် ၏ အစီရင်ခံစာ)( နိဂုံးအပိုင်း ) လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ (၂)

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ (၂)

(ထင်လင်းအောင် ၏ အစီရင်ခံစာ) ( နိဂုံးအပိုင်း )

Thursday, January 19, 2012 at 7:45pm
 
ရန်ကုန်က ပြည့်စိုးနိုင်ဆိုရင်ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာခံရလို့ပွဲချင်းပြီးဘဲ။ အောင်မိုး ကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ်ဆိုပြီး မီးဒုတ်နဲ့လက်ဖျန်ကိုတနေရာတည်းထပ်ကာထပ်ကာ ရိုက်ကြ တဲ့အတွက်အတွင်းကြေကြေပြီး ပုပ်စော်နံလာကာ လက်ဖြတ်လိုက်ရပါသည်။ တရုတ်ပြည် ရင်ခြမ်း ကနေတောခိုလာတဲ့ ရာကွတ်ဘိုင်ကိုလည်း ထောင်ထဲမှ ကြိုးဖြုတ်ဖို့ စွပ်စွဲပြီး လက်ဖျန်ကို ဒါးဦးနဲ့ထောက် ပြီးလှုည့်သွင်းတာပေါက်ထွက်သွားပြီး သွေးအများကြီးထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။

ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကိုရိုက်နှက်ပြီး နားရွက်ကိုကိုတိုင်မှာကပ်ပြီး   ဒါးဦး နဲ့ထိုးဖောက်တဲ့အပြင် နားခေါင်းကိုသံချိပ်နဲ့ ချိတ်ဆွဲပြီး ခြေဖျားထောက်တဲ့အနေအထားထိ  ဆွဲတင်ကာ ချီ ထားပါသည်။ ဒါတင်မကသေးပဲ ပါးစပ်ကိုဟခိုင်းပြီး ၀ါယာကြိုးကိုကိုက်ခိုင်းထားကာ လျှပ်စစ်လွှတ်တဲ့ အတွက် နေရာမှာပွဲချင်းပြီးသေးပါရော။ တင်မောင်အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့်တို့ နေ မကောင်း သဖြင့် KIA ဆေးရုံတက်နေရာကရောဂါပျောက်ပြီ လာခေါ်ပါဟု ဖုန်းဆက်အကြောင်းကြားရာ တဖက်ကနားထောင်သူကပျောက်သွားတယ်ဟုကြားသဖြင့် သေဒဏ်အမိန့်စာထုတ်ပြီး လိုက်ရှာရာ ဆေးရုံ မှာတွေ့ ရတာကို ပြန်ခေါ်လာပြီး လမ်းမှာပင်သတ်ပစ်လိုက်ပါသည်။

စစ်သင်တန်းဆရာလေး ၀င်းအောင် ဗန်းမော်မှာတိုက်ပွဲဖြစ်နေI စခန်းမှာအစောင့်ထားခဲ့ရာ စစ်တပ်က သတ်ပစ်ပါသည်။ နန်းအောင်ထွေးကြည်၊ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးတို့သုံးယောက်မက လက်ဝါး ကပ်တိုင်မှာ ကြိုးတုတ်ခံရသည်။ ရိုးရိုးမဟုတ်ပါ။ ခင်ချိုဦးနှင့်အတူ အလွန်အေးပြီးရေခဲနေတဲ့နေရာမှာ ကိုယ်တုံးလုံးနှင့် ထားပါသည်။ နှိပ်စက်မှုမျိုးစုံကိုတော့ ကုန်ဆုံးအောင် မဖော်ပြနိုင်တော့ပါ။
နန်းစောဆိုသူမိန်းခလေးကတော့ မိန်းမတံဆာထဲကို နံပါတ်ဒုတ်နှင့်ထိုးထဲ့သဖြင့်သားအိမ်ကွဲသွားပြီးတသက် လုံးဝေ ဒနာခံစားနေရပါ၏။

ညီညီကျော် (ခရိုင်မှူး၊ မန္တလေး ကို ဆွဲခေါ်သွားကြပြီး ၃ ရက်အကြာမှာတော့ပျောက်သွားပါသည်။ ရဲလင်း (ခရိုင်မှူး၊ ရန်ကုန်) ညှင်းပမ်းနှိပ်စက်မှုမျိုးစုံခံနေရသည်ကို မိဘများသိရှိကာ လိုက်လာပြီး ခံဝန်ဂတိပေး ကာခေါ်သွားပါသည်။ ၀ဏ္ဍဇော်(ရန်ကုန်)၊ ဘိုဘို(ရန်ကုန်)၊အောင်ကျော်စိုး (သာယာဝတီ)၊ ညီညီ (မန္တလေး) တို့အားလုံး မိဘများလာရောက်ခံဝန်ဂတိထိုးကာပြန်ခေါ်သွားကြသည်။ နန်းအောင်ထွေးကြည်ကို KIA မှအာမခံကာခေါ်သွား၏။

ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကိုမီးဖုတ်ပြီး ဒူးခေါင်းကိုထိုးတဲ့အတွက်လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ။သို့နှင့်အားမရသေးဘဲအဆိပ်နဲ့ဆက်သွယ်ရေးစက်တောင်းပြန်ပါသည်။ ကိုထွန်းအောင်ကျော် က ကျနော့်မှာမရှိဘူးလို့ပြောတော့ မရဘူး။ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး သူ န၀တသူလျှိုမဟုတ်ဘူးဆိုတာကို KIAနားလည်အောင်ကြိုးစားပေမယ့် KIAကမကာကွယ်ဘဲမ သိယောင်   ဆောင်နေ ခဲ့ပါသည်။ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ ကိုထွန်းအောင်ကျော် လမ်းနည်းနည်းလျှောက်
နိုင်မှန်းသိတော့ လှေခါးက၀ါးတွေကိုပြောင်းပြန်လုပ်ထားသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲပြီးတက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေးကျသွားပါသည်။ဝါးငုတ်တွေပေါ်ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်ကမထနိုင်တော့ပါ။ သူ့ညီရဲ့လက်ကောက်ဝတ်ကိုဖြတ်ပြီး ပါးစပ်ထဲမှာကိုက် ခိုင်းထား၏။ ကျနော်ငိုချင်လာတဲ့အထိ ရင်ထဲမှာထိခိုက်စွာခံစားရပါသည်။ အားလုံးမြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံနေရကြရာမို့ တယောက်ကိုတယောက် မကယ်နိုင်ကြပါပေ။နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က အားလုံးထောက်လှမ်းရေးမဟုတ်ပါဘူး ကျနော်တယောက်တည်းသာထောက် လှမ်းဖြစ်တယ်လို့ပြောပြီးအသက်ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ခုတ် သတ်လိုက်တာပါ။
ကိုထွန်းအောင်ကျော်ကို အလွန်လေးစားမိပါသည်။ ကျနော်မသေသေးသမျှ အမှန်တရားတွေကို
ဖော်ထုတ်ပါမည်ဟု သံဓိဌာန်ချထားပါသည်။

ချိုကြီးကိုစစ်ဆေးတာကတော့ ကတ်တရာလိပ် (ရင်ဘောင်ခြမ်း) ကို စက္ကူပတ် မီးရှို့ပြီး ဗိုက်ပေါ်တင် စစ်ဆေးပါသည်။ မသေခင်တရက်မှာ ညီအကိုနှစ်ယောက်ကို တပြိုင်တည်းခေါ်ပြီး ချိုကြီးရဲ့ညာဘက် လက်ကောက်ဝတ်ကိုဖြတ်ပြီး လက်ဖ၀ါးကိုဒါးဦးချွန်နဲ့ထိုးကာ အကိုဖြစ်သူ ကိုထွန်းအောင်ကျော်ရဲ့ ပါးစပ်ထဲ ကိုထဲ့ပြီး ကိုက်ခိုင်းထားပါသည်။ လက်သဲခွန်ထဲကိုသံချောင်းတွေရိုက်ထဲ့ထားပါသည်။

မင်းသိန်းကတော့ အချုပ်ထဲမှာဘဲ လှမျိုးအောင်ကနံချပ်ကူနဲ့ရိုက်လို့သေသွားသည်။
ဂမ်မဏိအလင်းပြန်ဝင်သွားသည်ကို ဗဟိုကလိုက်သတ်တော့ သူ့အဖေကိုသာတွေ့လို့ အဖေကိုသတ်ပစ် ခဲ့ကြောင်း သိရပါသည်။ ဦးမိုးလည်း အလင်းပြန်ဝင်တာသိလို့ အသတ်ခံရပါသည်။မောင်မောင်ကြွယ် (ဒေါ်ချိုချိုကျော်ငြိမ်းမွေးစားသား) ကတော့ ဖမ်းဆီးအနှိပ်စက်ခံရပြီး ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာအဖမ်းခံရသူတွေထဲမှာ ၁၄   ယောက်ကိုရွေးထုတ်ကာသတ်ပစ်ကြပါသည်။
၁။ ကိုထွန်းအောင်ကျော်
၂။ ကိုချိုကြီး (မန္တလေး)
၃။ ကိုလှမြင့်(တပ်ကုန်း)
၎။ ကိုရန်အောင်(ရန်ကုန်)
၅။ ဗိုလ်သာဓု(ရန်ကုန်)
၆။မောင်မောင်ကြွယ်(ရန်ကုန်)
၇။အောင်ဖိုး(ရန်ကုန်)
၈။တပ်ကြပ်ဌေးမြင့်ဝင်း(ရန်ကုန်)
၉။ ခင်ချိုဦး(မန္တလေး NLD)
၁၀။ တပ်ကြပ်ကြီး တူးတူး(မြစ်ကြီးနား)
၁၁။တပ်ကြပ်ကြီးသောင်းမြင့်(စစ်ကိုင်း)
၁၂။ကျော်ကျော်မင်း(မုံရွာ
၁၃။အေးမြင့်
၁၄။ သက်နိုင်(ရန်ကုန်)
အားလုံးကို ငါးယောက်တကျင်းမြှုပ်ပြီး ခင်ချိုဦးက တကျင်းဖြစ်ပါသည်။သေသွားသည်ကို
ပင် မိန်းမအင်္ဂါထဲ ဒုတ်ထဲ့ပြီးမြှုပ်ပါသည်။
ဗဟိုမှ တတိယအကြိမ်စည်းရုံးရေးအတွက် လာရောက်သူဒေါက်တာ
နိုင်အောင် (ယခု NDD) နှင့်အတူ လှဌေးလည်းပါလာပါသည်။ဒေါက်တာနိုင်အောင်က ကျနော်တို့
အချုပ်ခန်းကိုလာကြည့်ရာ အချုပ်ခန်းရှေ့ဝါးခင်းပေါ်ခြေထောက်တင်ပြီး “ဒီကောင်တွေသတ်ပစ်
လိုက် ငါတာဝန်ယူတယ်”ဟုအမိန့်ပေးရင်းသခင်အားရ ကျွန်ပါးဝ လုပ်သွားပါသည်။ သူ ဥက္ကဌ
ဖြစ်ရေးကို အရေးထားပြီး မဲပေးမည့်ဗဟိုကော်မတီဝင်တွေကို မျက်နှာလိုမျက်နှာရလုပ်သွားခြင်းပါ။
ရဲဘော်များအပေါ် စာနာစိတ်မရှိသူဖြစ်ပါသည်။
တတိယအကြိမ် ညီလာခံမှာ အရှက်နည်းစွာဖြင့် ဥက္ကဌတာဝန်ရရှိသွားခဲ့ပါသည်။နောက်
ပိုင်းတွင်လည်း ABSDFတောင်ပိုင်းအထိ အဲဒီထောက်လှမ်းရေးဆိုပြီး ဖမ်းတဲ့ရောဂါပို ပျံ့နှံ့သွားခဲ့ပါ
သည်။ ဒီလုပ်ရပ်များက ဗကပ ၏ဖြုတ်ထုတ်သတ်ထက် ABSDF ကအပုံကြီးသာသွားပါသည်။ ဒါ
ကြောင့် ABSDF ဟာနိုင်ငံရေးမှာ တ၀က်လောက်ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်းတက်လာတဲ့ ဥက္ကဌတွေ
အနေနဲ့ ခုချိန်ထိ ဒီဒဏ်ကိုခံနေရစဲပါ။

ကချင်ပြည်နယ်တွင် န၀တထောက်လှမ်းရေးဟု စွပ်စွဲခြင်းခံရသူများစာရင်း
၁။ ထွန်းအောင်ကျော် - မန္တလေး - (သေဆုံး)
၂။ ချိုကြီး ။ ။
၃။ ညီညီ
၎။ ရာပြည့် (ခ) ခင်မောင်တင့်
၅။ စိန်ဝင်း (သေဆုံး)
၆။ ထိန်လင်း - ရန်ကုန်
၇။ လွင်မင်းသန့် (ထိန်လင်း) - မန္တလေး
၈။ ကိုဇင်
၉။ ညီညီကျော်
၁၀။ နိုင်ဝင်းအောင်
၁၁။ ရဲလင်း - ရန်ကုန်
၁၂။မောင်မောင်ကြွယ် (သေဆုံး)
၁၃။ မိုးကျော်သူ
၁၄။ ၀ဏ္ဍဇော်ခင်
၁၅။ နန်းအောင်ထွေးကြည် (မငယ်)
၁၆။အောင်ကျော်ဦး
၁၇။ ကိုအုံးကြိုင်
၁၈။အောင်ကျော် (သေဆုံး)
၁၉။ကျော်နိုင်ဦး
၂၀။ဇော်မိုး
၂၁။ကျော်စွာဝင်းမောင်
၂၂။ တိုးကြည်
၂၃။အောင်ကျော်မြင့် (သေဆုံး)
၂၄။မောင်မောင်
၂၅။ သက်တင်
၂၆။အောင်နိုင်
၂၇။ ဆန်းမြင့်ကိုကို
၂၈။ ဒိုတာ
၂၉။ တင်လွမ်းမိုး
၃၀။ စည်သူထွန်း
၃၁။ ကံမြင့်ဦး
၃၂။ကျော်မျိုး
၃၃။ လှဝေ
၃၄။ နိုင်လင်း
၃၅။ အားစိုက် (တင်မောင်အေး) -သေဆုံး
၃၆။အောင်ကိုး ။
၃၇။ မိုးဇော်အောင် ။
၃၈။အောင်မိုး ။
၃၉။ကျော်ဝေ ။
၄၀။ကျော်ကျော်ဦး (မုံရွာ) ။
၄၁။ကျော်ကျော်မင်း ။
၄၂။ ဦးသောင်းမြင့် ။
၄၃။ ဦးစိန် ။
၄၄။ကျော်ကျော်ဦး (တဇယ်) ။
၄၅။ ဦးမိုး
၄၆။ သန့်စင်မိုး (အီနွတ်)
၄၇။ ထွန်းဇံ
၄၈။ကျော်ဇင်ထွန်း
၄၉။မောင်မောင်ခင်
၅၀။ မိုးဆန်း
၅၁။မောင်မောင် -သေဆုံး
၅၂။ကျော်ကျော်ဦး(ကသာ) ။
၅၃။ ၀င်းမြင့်
၅၄။အောင်မွန်
၅၅။ ဟန်ဝင်းအောင်
၅၆။ဇော်ထွန်း
၅၇။ နိုင်အောင် PSLP
၅၈။ သိန်းနိုင်ချို
၅၉။ စိုးလေး
၆၀။မြင့်သိန်း
၆၁။ ထိန်လင်း (ဘောကြီး)
၆၂။ သာဓု (သေဆုံး)
၆၃။ ခင်ချိုဦး -သေဆုံး
၆၄။ တူးတူး (မိုးညှင်း)
၆၅။ နန်းစော
၆၆။ ဥတည်ဘွား
၆၇။ ဦးမင်းအောင် -သေဆုံး
၆၈။ တူးတူး (မြစ်ကြီးနား) ။
၆၉။ စံမျိုးအောင် ။
၇၀။ ရန်အောင် ။
၇၁။ မျိုးသန်းဦး ။
၇၂။ သိန်းထွန်း
၇၃။ပြည့်စိုးနိုင် ။
၇၄။ဌေးမြင့်ဝင်း ။
၇၅။ ခင်မောင်ဇော်
၇၆။ စိုးလွင်
၇၇။အောင်ဝင်း
၇၈။ကျော်ကျော်နိုင် (ဘောတလုံး)
၇၉။ပေါ်ဦး
၈၀။ ထွန်းဦးနိုင်
၈၁။ သက်တင်
၈၂။ လှမြင့် -သေဆုံး
၈၃။ ညီညီနိုင်
၈၄။ ခင်မောင်ကြည်
၈၅။ မိုးကြီး
၈၆။ တင့်လွင် -သေဆုံး
၈၇။ကျော်ဌေး ။
၈၈။ ရာကွတ်ဘိုင် ။
၈၉။ ခင်မောင်စိုး ။
၉၀။ဇော်ဝင်းချစ် ။
၉၁။ ၀င်းနောင် ။
၉၂။ ၀င်းသိန်း ။
၉၃။အေးမြင့် ။
၉၄။ဇော်ဝင်းချစ် ။
၉၅။အေးမြင့် ။
၉၆။အောင်မိုး ။
၉၇။ စိုးဝင်းသန်း ။
၉၈။ ဂမ်မလိ (ဖခင်အသတ်ခံရသည်)
၉၉။ စိုးကြိုင် (ပြည်တွင်းမှာအသတ်ခံရသည်)
ကျနော်ရဲ့တင်ပြချက်တွေအားလုံးအမှန်ဖြစ်ကြောင်း တာဝန်ယူပါသည်။
ကျနော့်အနေနှင့်သေဆုံး-အနှိပ်စက်ခံရသူတွေဟာထောက်လှမ်းရေး မဟုတ်ကြောင်း ယခုလိုအနှစ် ၂၀ ကာ လ မှာ စစ်ဆေးနိုင်ပြီဆိုတာကို တင်ပြချင်ပါသည်။
ထိုအချိန်တွင် တာဝန်ရှိသူများမှာ
၁။အောင်နိုင် (ဥက္ကဌ)
၂။ သံချောင်း (CS) (သာယာဝတီ ထောင်)
၃။ မျိုးဝင်း (BCS) (သေဆုံး)
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅။နေဒွန်း (ဦးစီး)
၆။ လှဆိုင်း (ဘဏ္ဍရေး)
၇။ စိန်အေး (စည်းရုံးရေး)
၈။အောင်သန်း (ဘဂျမ်း) ၇၀၁ တပ်ရင်းမှူး
၉။အောင်ဆွေဦး ၇၀၂ တပ်ရင်းမှူး
၁၀။ သိုက်ထွန်းဦး ၅၀၁ တပ်ရင်းမှူး
၁၁။ မိုးနောင်
၁၂။ သက်လင်း
၁၃။ နိုင်စော
၁၄။မောင်ထွေး
၁၅။ သန်းဇော် (မန္တလေး)
၁၆။ လှနူးလ်
၁၇။ ကိန်းမြင့်
၎င်းတို့အပြင် ABSDF ဗဟိုမှဒေါက်တာနိုင်အောင် (NDD) တို့ပင်ဖြစ်ပါသည်။

နောက်ထပ် တာဝန်ရှိသူများစာရင်းကို ထပ်မံတင်ပြလိုက်ပါသည်။
၁။ ထွန်းအောင်ကျော် (ဥက္ကဌ)
၂။ သံချောင်း (ဒု ။ ) စစ်ရေးတာဝန်ခံ
၃။ မျိုးဝင်း ( ။ )တွဲဘက်စစ်ရေးတာဝန်ခံ
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅၊အောင်နိုင် (အတွင်းရေးမှူး)
၆။နေဒွန်း (စီးပွားရေးတာဝန်ခံ)
၇။ ဒူဝါလှဆိုင်း (ဘဏ္ဍာရေး)
၈။ တင်မောင်အေး
၉။ ဦးစိန် (နိုင်ငံရေးနှင့်စည်းရုံးရေး)
၁၀။ ညီညီကျော် (ဗန်းမော်ခရိုင်မှူး)
၁၁။ ရဲလင်း (ရွှေဂူခရိုင်မှူး)
၁၂။ ဗဂျမ်း (အောင်သန်း) ၇၀၂ တပ်ရင်းမှူး
၁၃။အောင်ဆွေဦး ၇၀၁ တပ်ရင်းမှူး
၁၄။ စိန်အေး (စည်းရုံးရေး)
အထက်ဖော်ပြပါစာရင်းမှလူများမှာ ABSDF ကချင်(မြောက်ပိုင်း)ကော်မတီဝင်များဖြစ်ကြပြီး
တောင်ပိုင်းမှ လာရောက်တာဝန်ထမ်းဆောင်သူများမှာ
ကျော်ကျော် (ယခင်ဥက္ကဌ ) လှဌေး (စစ်ကိုင်းတိုင်း) နှင့် စိုးလင်း(နိုင်ငံရေးနှင့်စည်းရုံးရေး)တို့ 
ဖြစ်ကြပါသည်။
သွေးမဲ့မော်ကွန်း
တို့နိုင်ရဘို့အတွက်
ကြိုးစားရင်း
ငါတို့ရဲ့…
သွေးတွေ….ချွေးတွေ
မော်ကွန်းပြောင်းပြန်
တင်ခဲ့ပြီ။
(မှတ်ချက်။ ။ ရာစုနှစ် နှစ်ခုကျော်လာပြီဆိုတော့ အမှန်တကယ်ထောက်လှမ်းရေးဟုတ်မဟုတ်ခွဲခြားလို့ ရပြီပေါ့ဗျာ။ အဲဒီတော့အပြစ်မဲ့သေဆုံးသွားသူတွေအတွက် ဘာလုပ်သင့်လဲဆိုတာကိုတော့ စာဖတ်သူစဉ်းစားပေးစေချင်ပါတယ်)
ထင်လင်းအောင်
---------------------------------------------


ကျဆုံးသူများ စာရင်း


၁။ ရင်း(၆)တွင်ကျဆုံး
    ရန်ရှင်း(မြင်းခြံ)
    ပေါသွပ် (ခေါ်) အောင်မြင့်ထွန်း (ကသာ)

၂။ စစ်ကြောရေး (ဗဟို) ကျဆုံး
   ပြည့်စိုးနိုင် (ရန်ကုန်)
    ခင်မောင်စိုး (အင်းတော်)
    ဇော်ဝင်းချစ် (ဗန်းမော်)
    ဝင်းသိန်း (ဝန်းသို)
   ကျော်ကျော်ဦး (ကသာ)
   ကျော်ဌေး (မန္တလေး)
  ရာကွပ် (မင်းမင်း ထမင်းဆိုင်၊ရင်ကျန်း)
 

၃။ စစ်ကြောရေး ဒါဏ်(ဗဟို)
   ဦးစိန် (ရန်ကုန်)
   အားစိုက် (ခေါ်) တင်မောင်အေး(ကသာ)
 

၎။ တချက်လွတ် အမိန့်ဖြင့် ဓါးဖြင့်ခုတ်ခံရသူ-
    စိုးဝင်းသန်း (မန္တလေး)
 

၅။ သွေးပျက်အောင် ခေါင်းဖြတ်ပြခံရသူ-
    ကျော်ဝေ (မန္တလေး)
 

၆။ ထောင်မှူးရဲ့ နံချပ်ကူ စမ်းသပ်ခံရသူ-
   အောင်မင်း (မန္တလေး)
 

၇။ စစ်ကြောရေး(ဗန်းမော်)ကျဆုံး
   စိုးမင်းအောင် (မန္တလေး)
   အေးကျော် (မန္တလေး)
   တင့်လွင် (မြစ်ကြီးနား)
 

၈။ ခြေထောက်မီးဖုတ်ခံထားရသဖြင့် စခန်းရွှေ့စဉ် ပစ်သတ် ကျဆုံး
   ဝင်းနောင် (ရန်ကုန်)
 

၉။ ရင်းမှူး မူးပြီးသေနတ်ရမ်း ကျဆုံး
   ဦးအောင်ကိုး (ဗန်းမော်)
 

၁၀။ ပြည်ထောင်စုနေ့ ခေါင်းဖြတ်ပွဲ ကျဆုံး (၁၅)မှ
   ကိုချိုကြီး (မန္တလေး)
   ဦးသောင်းမြင့် (တန့်ဆည်)
  ဗိုလ်သာဓု (မိုးကောင်း)
  ဗိုလ် တူးတူး (မြစ်ကြီးနား)
  မခင်ချိုဦး (ရန်ကုန်)
  ရန်အောင်(ခေါ်) ထွန်းအောင်ကျော် (မန္တလေး)
  ဌေးမြင့်ဝင်း (ရန်ကုန်)
  သက်နိုင် (ရန်ကုန်)
  အေးမြင့် (ကသာ)
  မောင်မောင် (ကသာ)
  ကျော်ကျော်မင်း (ကန့်ဘလူ)
  ဇော်ကြီး (ခေါ်) လှမြင့် (တပ်ကုန်း)
  အောင်ဖိုး(ခေါ်) အေးသက်လတ် (ရန်ကုန်)
  မောင်မောင်ကြွယ် (ရန်ကုန်)
 

၁၁။ (၅၅)ယောက်ထွက်ပြေးစဉ် လမ်းတွင်ကျဆုံး
     အောင်ကျော်မြင့် (ရန်ကုန်)
 

၁၂။ NB ဖြစ်မြောက်ရေး အသက်ပေးကျဆုံး
   လွှမ်းမိုး (ခေါ်) ကိုမြင့် (မိုးကောင်း)
   အောင်ကျော် (ရန်ကုန်)
 

၁၃။ စစ်ကိုင်းတိုင်း ဖြစ်မြောက်ရေး အစုလိုက်ကျဆုံး
     ဦးကျော်ကျော်အုန်း (တန့်ဆည်)
    သိန်းသန်း (ကောလင်း)
    ကြည်မိုး (ကျွန်းလှ)
   စိုးကြီး (ကောလင်း)
   ကိုဦး (ကောလင်း)
   ဇော်ကို (ကောလင်း)
 

၁၄။ သီးခြားကျဆုံး
     မြတ်ကိုကို (မန္တလေး)

kyaw gyi AB facebook မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com

မောင်အိုး ခံစားရတဲ့ အမျိုး၊ဘာသာ၊စာပေ၊ ကဗျာ၊ အနုပညာ-ယဉ်ကျေးမှု မြန်မာဘလော့ဂ်များ

နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ပြီး-ဒီမိုကိုဆန့် ကျင်ဘက်မြင်နေသူများ-အမြင်မှန်ဖြင့်ပူးပေါင်းကြပါ။