{ ဗုဒ္ဓဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ-} =" နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့ ...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့်...ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ။"{"တရားမ၀င် အဆိုးရလုပ်နေတဲ့-ပြည်သူ့ အာဏာသူခိုး-နဝတ-နအဖ ရဲ့ တပည့် =စစ်တပိုင်းအစိုးရ ကျဆုံးရမည်။ပြည်သူ့ မဲ ခိုးခဲ့တဲ့= မဲသူခိုး အစိုးရ=သူခိုး ဓါးပြ အစိုးရကို အောင်နိုင်လျှင် မျက်မှောက်ခေတ်တွင် အောင်ခြင်းကိုးပါး အမည်တွင်မည်။}
" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)
သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်" အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)
Saturday, January 21, 2012
ကြွေ ရဲ သော ကြယ် များ (ညီညီကျော်)
                                                    ကြွေရဲသောကြယ်များ     (ညီညီကျော်)
by Kyaw Gyi AB on Thursday, 19 January 2012 at 10:45
(ထွန်းအောင်ကျော် ကုန်းအဖြစ် နာမည် တွင်သွားတဲ့ အာဆံကုန်း ဆိုတာ ဒီနေရာပေါ့...)
                                                    ကြွေရဲသော ကြယ်များ     (ညီညီကျော်)
                                                                (၁)                                                                                                                
 ၁၉၉၀ ဒီဇင်ဘာလရဲ့ ရက်တွေမှာပေါ့။
အထက်မြန်မာပြည်၊ကသာဆိုတဲ့ မြို့ကလေးကကျောင်းသားလူငယ်လေး(၇)ယောက်ဟာ
စိတ်ကူးယဉ်တယ်ပဲပြောပြော
ယုံကြည်ချက်လို့ပဲဆိုဆို
ရွေးချယ်စရာနည်းနေတဲ့ကြားက တော်လှန်ရေးတစ်ခုမှာ ပါဝင်ဖို့ မြန်မာပြည်မြောက်ပိုင်းကကျောင်းသား တပ်မတော်ရှိရာကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့ဆိုတာ သပိတ်ကတည်းက အတွဲညီခဲ့ကြတယ်။ နောက်ဆုံး KIA ရင်း(၆)ကို လမ်းကြောင်းရှာ ထွက်ခဲ့ပြီး သူတွေလေ။ အဆက်အသွယ်လည်း ရထားပြီပေါ့။
တကယ်တမ်းသွားကြမယ်လည်းဆိုရော
တစ်ယောက်… တစ်ယောက် ပုတ်ချနေကြရဲ့။
“ပေါသွပ် မင်းမလိုက်သင့်ဘူး။မင်းက အမေအိုကြီးနဲ့ သားအကြီးဆုံး။”
“မောင်မောင် မင်းမလိုက်သင့်ဘူး။ မင်းမိဘ သဘောမတူရင် မလုပ်သင့်ဘူး။”
“ကိုအေးမြင့် ခင်ဗျားက သစ်စက်လုပ်နေတာဆိုတော့ ကျွန်တော်တို့ပဲ လုပ်လိုက်မယ်။” စသဖြင့်….
ဒါပေမယ့် ပြောလို့လည်း မရကြပါဘူး။
ကိုအေးမြင့်ကဆိုတယ်။
“မင်းတို့လို ကျောင်းသားတွေကတောင် တိုင်းပြည်အတွက်စွန့်ကြသေးတာပဲ။”
“ငါကဘာလို့ တိုင်းပြည်အတွက် အလုပ်မလုပ်ရမှာလဲ” တဲ့
နောက်ဆုံးတော့ …
သူတို့ (၇)ဦးကို သူတို့ကိုယ်သူတို့ Lucky 7 လို့ ခေါ်တွင်လိုက်ကြသတဲ့။
အဲဒီမှာ ပေါသွပ်က အဆိုတခု ပြုတယ်။
“တို့တွေအားလုံးတော့ အသက်ရှင်မယ်မထင်ဘူး။”
“တချို့သေလိမ့်မယ်။ တချို့ကျန်မယ်” တဲ့။
အဲဒီကျရင် …
“ရှင်တဲ့သူတွေက သေသွားတဲ့သူတွေအတွက်
အမှတ်တရ စေတီလေးဖြစ်ဖြစ် ကျောက်တိုင်လေးဖြစ်ဖြစ် လုပ်ပေးဖို့လိုလိမ့်မယ်” တဲ့။
အားလုံးသဘောတူခဲ့ကြတယ်။ ဖြစ်စေရမယ်ပေါ့။
(၁)
ပါဂျောင်ဒေသ ရက်စွဲတွေမှာတော့
သူတို့ဟာ နောင်ရာပါမှာ အပတ်စဉ်(၆)စစ်ရေးသင်တန်းတက်ခဲ့ကြတယ်။
ABSDF ရဲဘော်တွေဖြစ်ခဲ့ပြီပေါ့။
သူတို့ဟာ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေအဖြစ် နာမည်ကြီးခဲ့တယ်။
ဂစ်တာတီးကောင်းကြသလို ဘော်လီဘောရိုက်လည်း ညီညွတ်ကြသတဲ့။
(အကျဉ်းသားဘ၀မှာတောင် တရားခံများအဖြစ် တစ်သင်းထွက်ပေးခဲ့ရသေးသတဲ့။)
အဲဒီတုန်းကတော့
ABSDF (ကချင်)အနေနဲ့ပဲ ဗဟိုကော်မတီအမည်ခံ လူတစ်စုက ကြီးစိုးနေချိန်
ABSDF (စစ်ကိုင်း)ဖြစ်မြောက်ရေးကလည်း ကြိုးပမ်းနေချိန်ပေါ့။
ABSDF(ကချင်)အုပ်စီးထားတဲ့ ကျောင်းသားတပ်မတော်ဟာ ဘယ်တော့မှABSDF(အထက်ဗမာပြည်) ဖြစ်လာ မှာ မဟုတ်ဘူး။
ကြိုးပမ်းတဲ့သူ အသတ်ခံရမှာဆိုတဲ့ ဦးကျော်အုန်းတို့ အုပ်စု ၊စစ်ကိုင်းတိုင်း ကျောင်းသားများကတော့ ဂျိုးဖြူစစ်ကြောင်း(ရင်း-702)အနေနဲ့ ဥရုချောင်းဖက်ကို KIA 251နဲ့အတူ ထွက်ခွာသွားခဲ့တယ်။
(သူတို့လည်း သီးခြားခွဲထွက်မှုနဲ့ အစုလိုက် အသတ်ခံရတာပါပဲ။)
ဒေသစွဲ မရှိတဲ့သူတို့တစ်တွေကတော့ နောင်ရာပါစခန်းမှာပဲ သင်တန်းတက်ရင်းကျန်နေခဲ့ကြတယ်။
သူတို့ဆိုတာက
ကျော်ကျော်ဦး (ဒု-နှစ်၊ပထ၀ီ၊စာပေးစာယူ၊ရွှေဘိုကောလိပ်)
ပေါသွပ်(ခ) အောင်မြင့်ထွန်း(ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
အေးမြင့်(သူတို့တွေရဲ့သူငယ်ချင်း၊ လူငယ်တစ်ယောက်)
မောင်မောင် (ဒု-နှစ်၊IR မန္တလေးတက္ကသိုလ်)
ဒဿ (ခ)မောင်မောင်ခင် (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
ကျော်ဇင်ထွန်း(ခ)ကျားပျံ (ဒု-နှစ်၊ဓာတု၊ရွှေဘိုကောလိပ်)
ဖိုးဆန်း(ခ) ဆန်းဝင်း (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်) ဆိုတဲ့ ကျောင်းသားလေးတွေပေါ့။
နောက်တော့ ….
ကျော်ကျော်ဦးက တိုက်ခိုက်ရေးတပ်သား(ရင်း-11နယ်မြေ) အောင်မြင့်ထွန်းက တိုက်ခိုက်ရေးတပ်သား (ရင်း-6 နယ်မြေ) ကျော်ဇင်နဲ့ ဒဿ က ဗန်းမော်တပ်ရင်း ခရိုင်ရုံး
ကိုအေးမြင့်က  ဆေးတပ်သားသင်တန်းတက်
ဖိုးဆန်းက ပြန်ကြားရေးရုံးတာဝန်။
မောင်မောင်က ကွန်မန်ဒိုအထူးတပ်မှာ တာဝန်ယူခဲ့ကြတယ်လေ။
သိပ်ပျော်စရာ လွမ်းစရာအချိန်တွေပေါ့။
(၃)
၉၁ ရှစ်လေးလုံး (၃)နှစ်မြောက်အပြီးမှာတော့ သူတို့ အားလုံးဟာထောက်လှမ်းရေးတဲ့။
ဟုတ်သတဲ့၊ အားလုံးတညီတညွတ်ထဲ ဝန်ခံကြသတဲ့။
ABSDF ဗဟိုက သံယောင်လိုက်သုံးတဲ့ သူလျှိုဖော်ထုတ်ပွဲကြီးမှာ
ဖိုးဆန်းက သူငယ်ချင်းထောက်လှမ်းရေးတွေကို ဗီဒီယိုမှတ်တမ်းတင်ဘဝကနေ တာဝန်လဲပြီးရော.. သူလည်းထောက်လှမ်းရေးဖြစ်ကရော…
ဗန်းမော်ခရိုင်ရောက်တုံး ကင်းတာဝန်ကျတဲ့ မောင်မောင်ကို ရေခပ်ဆင်းတဲ့အကျဉ်းသားဒဿက တောင်ကုန်းပေါ်ကနေ ခွဲမှူး သက်ထွန်း အကဲခပ်နေတဲ့ကြားက “မောင်မောင် ငါတို့ ကိုထားခဲ့မင်းပြေးတော့လို့”ရေခပ်ရင်းပြောပေမဲ့သစ္စာ ရှိစွာအဖမ်းခံရင်း ထောက်လှမ်းရေး ဖြစ်ခဲ့
ဆေးကျောင်းလို့ ခေါ်တဲ့ ဆေးတပ်သားသင်တန်းဆင်းတော့ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတဲ့ ကိုအေးမြင့်က “အမေရေ အမေ့သား ဆရာဝန်ကြီးဖြစ်ပြီ”လို့ လှည့် အော်နေတုံး ဖမ်းလိုက်တော့ လဲ ထောက်လှမ်းရေးပါဘဲ-
ခေါင်း အင်မတန်မာတဲ့ ကျော်ဇင် (ခေါင်းမပါဘဲ ပြန်ထောင်ထ၊ မာနိုင်တဲ့ ရန်အောင်က လွဲရင်)က အဖမ်းခံ ရပြီးချိန် အိမ်သာထွက်ချိန်မှာ သူ့ အသံကိုနားစွင့်ပြီး အတူလိုက်ထွက်လို့ ကျောချင်းဆိုင်ထိုင်ရင်း နှစ် မိနစ်လောက်ရတဲ့အချိန်မှာ
“ငါ့ကို အကုန်လွှဲချ ၊မင်းလွတ်အောင်ရုန်း’’ လို့ ကျွန်တော်ဆိုတော့ နောက်မှသိရတာ လွှဲမချ ရက်လို့ သူလည်းပါတယ်ဆိုပြီး ထောက်လှမ်းရေးဘဝနဲ့နေခဲ့။
ဒဿ ကတော့ ကိုထိန်ပြောသလို ဒဏ်ရာအများဆုံးနဲ့လူသားပါပဲ။ တာဝန်ပေးလို့ ရွှေလီကို သံကြိုး နဲ့ နဂ္ဂတစ်သွားဝယ်ပြီး ပြန်ပြန်ချင်း အဖမ်းခံခဲ့ရသတဲ့။
သူ့ရဲ့ လွတ်မြောက်မှုအထိ အကျဉ်းစံရက်စက်မှုများနဲ့ ၈လနဲ့၅ရက်ကြာခဲ့သတဲ့။
Ok ပြောပြတာက ရေအိုက်မှာ ရေတွင်းလိုစက်သီးတန်းဆင်၊ ခြေထောက်ကဇောက်ထိုးဆွဲ ရေထဲကို မျက်နှာနှစ်ပြီး ခေါင်းကိုနင်းထားတာတောင် ပြန်ပေါ်လာတိုင်း “ကျောင်းသားကွ”လို့အော်သတဲ့။
91 နိုဝင်ဘာလရဲ့ အအေးလှိုင်းဖြတ်ချိန်၊ နှင်းမုန်တိုင်းနဲ့ မိုးသီးတွေကျ၊နှင်းထုက မိုးရွာသလို  တစ်ထွာတစ်မိုက်တက်တဲ့ (၁၀)နှစ်တစ်ကြိမ်ကြုံရတဲ့ ရာသီဥတုကြီးမှာ အ၀တ်မပါ ဘောင်းဘီ တိုနဲ့ နှင်းတောထဲပစ်ထားရင်း “ဟ မသေဘူးဟ၊ဆိုပြီး ရေတစ်ပုံးပြီးတစ်ပုံး နာရီဝက်ခြားပြီးလောင်း တာတောင် မသေတဲ့ဖိုးဆန်းကလည်း ထောက်လှမ်းရေးပါ ...တဲ့။
ထားပါတော့လေ။
Lucky 7 တွေပဲ။
ကျော်ကျော်ဦးက ရင်း(၁၁)က အပြန် ဗဟိုမှာ စစ်ကြောရေးနဲ့ သေခဲ့ရ။ ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်ည မနက် ၄နာရီမှာ။ မနက် ၉နာရီကျတော့ မြုတ်ပြီးပါပြီ။ ကြွေလွင့် ကြယ်တစ်ပွင့်ပါ။
 ပေါသွပ်(ခ)အောင်မြင့်ထွန်းကို တပ်ရင်း(၆) တစ်ညမှာ ဘာမှမေးမနေတော့ပဲ ဗဟိုအမိန့်  နဲ့ ညတွင်းချင်း အခုတ်ခံခဲ့ရပါတယ်၊သူလိုပါဘဲ။ ရင်း(၆)အသတ်ခံ တစ်ခြားတစ်ဦးက အိန္ဒိယ campနဲ့ အဆက်အသွယ် ယူပြီးပြန်ရောက်တဲ့ရန်ရှင်း။(မြင်းခြံ၊ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား) ပါ၊သူ့ ကိုလဲ ညတွင်းချင်း ပါပဲ… သတ်လိုက်ကြပြန်တယ်လေ၊    အော် - ကြယ်ပွင့်တွေကြွေပေါ့။
မောင်မောင်နဲ့ ကိုအေးမြင့်က ပြည်ထောင်စုနေ့ မှာ ခေါင်းပြတ်ရတယ်။
မဟုတ်မခံ မောင်မောင်နဲ့ ပါးစပ်သွက်တဲ့ အေးမြင့်ကို အရှင်မထားရဲဘူး ထင်ပ။
          ရှင်တာက ဒဿ၊ဖိုးဆန်း၊ကျော်ဇင်၊
ဒဿ၊ကျော်ဇင်ဆိုရင် အချုပ်ကို ဦးဆောင်ပြန်စီးခဲ့တဲ့ သူတွေထဲက
ဖြစ်နိုင်ရင် ရဲဘက်အလုပ်စခန်းသုံး စူးကလေး၊ဆောက်ကလေးနဲ့ ကင်းစခန်းတစ်ခုလုံးကိုစီး လိုက်ချင်ပေ မယ့်…
ကိုထိန်ပြောသလိုပါဘဲ၊ပြန်ရောက်လို့ မန္တလေးတက္ကသိုလ်စာပေးစာယူတက်ကြတော့ ကျောင်းသားအရေး တစ်ခုမှာ သူတို့ ဟာ အခြားမသေသူ ok၊၊ကံမြင့်ဦး တို့ နဲ့ ပွဲတက်ကြပြန်သတဲ့၊ တယောက်က တက် တရားဟောလို့ ဝိုင်းဆွဲရသတဲ့…
အဲဒါပါဘဲ။ ထောက်လှမ်းရေးဆိုပြီး ဘယ်လောက်သတ်ချင်စရာကောင်းလဲ။
          ABSDFစစ်ဆေးရေး(သို့ )စစ်ကြောရေးဖွဲ့ ပြီးပြန်စစ်တော့မယ်၊ထောက်လှမ်းရေး မဟုတ်ကြောင်း အသိသက်သေ(၂)ဦးရဲ့ ထောက်ခံချက် လိုတယ်ဆိုတော့ ဘုန်းကြီးအပြီးဝတ်သွားတဲ့ ဦးဇင်းကြီးဒဿက ရီနေတယ်၊
(၄)
ကဲဗျာ.. ပြောချင်တာကတော့ ဒါပါဘဲ-
     Lucky 7 တော်လှန်ရေးရဲဘော်ကြီးများ။
     (၇)ယောက်စလုံးထောက်လှမ်းရေးဖြစ်သွားတဲ့ဇာတ်။
      (၄)ယောက်သေ၊(၃)ယောက်ရှင်ပေါ့။
      ကြွေရဲပေမဲ့ ကြွေပုံကြွေနည်းများ မှားနေသလား မသိ။
         သူတို့ အတွက် ဆွမ်းမသွတ်ရတာ နှစ် နှစ်ဆယ် ရှိခဲ့ပေါ့ ။ အဲ…တခုတော့ရှိတယ်။         မောင်မောင်ကတော့ အစ္စလာမ်လေ ။
ပေါသွပ်ရေ … သိပ်မဝေးတော့ပါဘူးကွာ…။
ထောင်ထဲမှာရော… အပြင်မှာပါ ကျိုးကြား ကျိုးကြား ဆွမ်းသွတ်ခဲ့ကြပေမယ့်...
ငါတို့ တာဝန်တွေ ကျန်နေရဲ့…။
နာရီဝက်ချင်း အသက်ရှင်အောင်မွေးတတ်ခဲ့တဲ့ တို့တွေ
အနှစ်နှစ်ဆယ်ကို မျိုသိပ်လို့
မိသားစုတို့ရဲ့ စိတ်အခံကို အမှန်အမှန်ဆိုပြီး ပွဲမခံရက်ဘူး။
စိတ်ချ….
ဒို့တွေထဲက တစ်ယောက် ရှင်နေသရွေ့ …. တနေ့ပေါ့ ။
(ညီညီကျော်)
kyaw gyi AB  facebook မှကူးယူဖော်ပြသည်။
0 comments:
Post a Comment
comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com
မောင်အိုး ခံစားရတဲ့ အမျိုး၊ဘာသာ၊စာပေ၊ ကဗျာ၊ အနုပညာ-ယဉ်ကျေးမှု မြန်မာဘလော့ဂ်များ
နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ပြီး-ဒီမိုကိုဆန့် ကျင်ဘက်မြင်နေသူများ-အမြင်မှန်ဖြင့်ပူးပေါင်းကြပါ။