{ ဗုဒ္ဓဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ-} =" နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့ ...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့်...ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ။"{"တရားမ၀င် အဆိုးရလုပ်နေတဲ့-ပြည်သူ့ အာဏာသူခိုး-နဝတ-နအဖ ရဲ့ တပည့် =စစ်တပိုင်းအစိုးရ ကျဆုံးရမည်။ပြည်သူ့ မဲ ခိုးခဲ့တဲ့= မဲသူခိုး အစိုးရ=သူခိုး ဓါးပြ အစိုးရကို အောင်နိုင်လျှင် မျက်မှောက်ခေတ်တွင် အောင်ခြင်းကိုးပါး အမည်တွင်မည်။}
" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)

သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်" အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Friday, January 13, 2012

ပေလည်းလွတ်ပြီ။တူလည်းလွတ်ပြီ။(ပေဖြစ်ရင်ခံ-တူဖြစ်ရင်နှံ ခဲ့တဲ့ ပေနဲ့တူ ပြန် တွေ့ဖို့ လိုပြီ။)

ပေလည်းလွတ်ပြီ။တူလည်းလွတ်ပြီ။(ပေဖြစ်ရင်ခံ-တူဖြစ်ရင်နှံ ခဲ့တဲ့ ပေနဲ့တူ ပြန် တွေ့ဖို့ လိုပြီ။)

ထောက်လှမ်းရေးခင်ညွန့်ဖမ်းခဲ့တဲ့ ဆရာတော် ၀ီရသူလည်း လွတ်ပါပြီ။ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်လည်း လွတ်ပါပြီ။(ဖိုးခင်ညွန့်ရေ..ခင်ဗျားကိုယ်တိုင် ဆရာတော်ဦးဝီရသူကို ထိုင်ရှိခိုးကန်တော့တောင်းပန်ဝတ်ချတာ မြင်ချင်တယ်ဗျာ။)ဆရာတော့်ကို စိတ်မကောင်းတာက ၀တ်ဖြူစင်ကြယ်ကြီးနဲ့ဗျာ။ အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်ခဲ့တဲ့ စာတတ်ဆရာတော်ကို ဖမ်းဆီးထောင်ချခဲ့ကြတဲ့ ခင်ညွန့်ထောက်လှမ်းရေးတွေကြောင့် ဆရာတော်ဟာ မနေသင့်တဲ့အရပ်မှာ မ၀တ်သင့်တဲ့ ၀တ်ဖြူစင်ကြယ်ကြီး ၀တ်ပြီးနေလာတာ ရင်နာမဆုံးပဲဗျာ။(အားလုံးလွတ်လာတဲ့ပုံတွေ ၀မ်းသာရတယ်။)ဆရာတော့ပုံမြင်၇တာ ၀မ်းနည်းရတယ်ဗျာ။







ဆရာတော်ဦးဝီရသူကို ဘာလို့ ဖမ်းခဲ့တာလဲဆိုတော့ ကျနော့အထင်၂၀၀၀ခုနှစ်ကျော်လောက်ကစပြီး ဆရာတော်ဦးဝီရသူဟာ ဘာသာရေးတရားတွေထဲမှာ နိုင်ငံရေးတရားတွေထည့်ဟောခဲ့ပါတယ်။အဓိကက သူစာသင်သားဘ၀တုန်းက ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောဘက် ဘာသာမတူသူတွေကြားထဲ သီတင်းသုံးခဲ့ရစဉ် အစိုးရ လ၀ကတွေရဲ့ လာဘ်စားမှုကြောင့် တဘက်နိုင်ငံ ဘင်္ဂလားပြည်က လူတွေ ခိုးဝင်လာကြပြီး မြန်မာပြည်ထဲမှာ မိမိဘာသာကို စော်ကားလာကြတာ။ဆွမ်းခံဖို့အခက်အခဲဖြစ်လာတာတွေ-ဘာသာမတူ လူမျိုးခြားတွေ အားကောင်းလာရင် မိမိလူမျိုး မိမိဘာသာကို စော်ကားခံရတာတွေ ကိုယ်တွေ့သိရှိခဲ့ရတဲ့အတိုင်း ၊စာချဆရာတော်ဘ၀နဲ့မန်းတလေးပြန်ရောက်တဲ့အခါ စာသင်သားတွေကို စာချရင်း အမျိုးဘာသာသာသနာကို အလေးထားဖို့ တရားအမြဲဟောခဲ့ပါတယ်။ပေါ့ဆလျှင် ဘာသာနဲ့လူမျိုးကို သူတပါးတွေဝါးမျိုနိုင်တဲ့အကြောင်းတွေပေါ့။(ဘာသာသသနာကြီးပွားဖို့-ဆုတ်ယုတ်ဖို့ဆိုတာ အစိုးရနဲ့ဝန်ထမ်းတွေမှာလည်း တာဝန်ရှိတဲ့အကြောင်း ထည့်ဟောပါတယ်။)ဒါကို ရဟန်းတွေကို နိုင်ငံရေးစည်းရုံးတာလို့ ကြောက်ရွံ့တဲ့ ခင်ညွန့်အဖွဲ့က ကုလား+ဗမာအဓိကရုဏ်းတွေ ဖန်တီးပြီး ဆရာတော်ဦးဝီရသူ လှုံ့ဆော်လို့ ဖြစ်တာပါ ဆိုပြီး အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီးလူဝတ်လဲခဲ့ပါတယ်။အဓိက ဖမ်းရခြင်းက ဘာသာရေးကိစ္စမဟုတ်ဘူး။ဆရာတော့်မှာ တပည့်သံဃာတွေများစွာရှိတဲ့အတွက် နိုင်ငံရေးကိစ္စ အုံကြွလာမှာစိုးလို့ နိုင်ငံရေးအကြောက်လွန်တဲ့ ခင်ညွန့်ရဲ့ မပြစ်မှားထိုက်သူကို ပြစ်မှားခဲ့တဲ့ ကံကြီးထိုက်တဲ့လုပ်၇ပ်ပါ။)

ခင်ညွန့်တယောက် နိုင်ငံရေးပြန်လုပ်မယ်ဆိုရင် မှားခဲ့တဲ့အမှားတွေကို တရားဝင် ၀န်ချတောင်းပန်မှ ဆရာတော်အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြန်လက်သင့်ခံသင့်ပါတယ်။
(ကျနော်အိုးဝေအောင်ပါ)

1 comments:

  1. ကျောက်တောင်ကြီးJan 13, 2012 07:22 AM

    အကို အိုးဝေအောင်၇ယ် နိုင်ငံရေးအကျဉ်းသားတွေလွှပ်လာကြလိုအတိုင်းမသိဝမ်းသာမိပါတယ် ဆရာတော်ကြီးတွေလဲပါလာအတိုင်းအဆမရှိဝမ်းသာပါတယ် ဒါပေမေ့ ရခိုင်ပြည်ဆရာတော် ဦးပညာဇာရဘာလို့ပါမလာတာပါလဲဗျာ ကျေဇူးပြုလို့ဖြေကြားပေးပါ

    ReplyDelete

comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com

မောင်အိုး ခံစားရတဲ့ အမျိုး၊ဘာသာ၊စာပေ၊ ကဗျာ၊ အနုပညာ-ယဉ်ကျေးမှု မြန်မာဘလော့ဂ်များ

နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ပြီး-ဒီမိုကိုဆန့် ကျင်ဘက်မြင်နေသူများ-အမြင်မှန်ဖြင့်ပူးပေါင်းကြပါ။