{ ဗုဒ္ဓဘုရားရှင်က သာသနာကို စော်ကားတဲ့ နအဖ သန်းရွှေတို့  ငမိုက်သားများကို မိန့် မြွက် ဆုံးမပုံ-} =" နအဖ သန်းရွှေ နဲ့ ငမိုက်သားအပေါင်းတို့  ---။ ငါ့သားတော် သံဃာတွေကို ရိုက်နှက် သတ်ဖြတ် ပြီးကာမှ ၊ ငါ့ကို လာ မတောင်းပန်နဲ့ ၊ မရဘူး ...။ ကိုယ်ဖြစ် ကိုယ်ခံ ၊ မတောင်းပန်နဲ့ ...။ သုံးလူ့ထွဋ်ထား ၊ငါဘုရားသည် ၊မင်းတို့ထင်သလို ၊ ကယ်တင်ရှင် မဟုတ်။ သံဃာ့အင်အားကို ငါဘုရားတောင် မလွန်ဆန်နိုင်ဘူး။ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေကိုတောင်းပန်ပါ။ ဒါပေမယ့်...ကံကြီးထိုက်တဲ့သူတွေရဲ့ သွားရမယ့်လမ်းကတော့ ရှောင်လွှဲမရနိုင်ဘူး---ငမိုက်သားအပေါင်းတို့ ။"{"တရားမ၀င် အဆိုးရလုပ်နေတဲ့-ပြည်သူ့ အာဏာသူခိုး-နဝတ-နအဖ ရဲ့ တပည့် =စစ်တပိုင်းအစိုးရ ကျဆုံးရမည်။ပြည်သူ့ မဲ ခိုးခဲ့တဲ့= မဲသူခိုး အစိုးရ=သူခိုး ဓါးပြ အစိုးရကို အောင်နိုင်လျှင် မျက်မှောက်ခေတ်တွင် အောင်ခြင်းကိုးပါး အမည်တွင်မည်။}
" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)

သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော"လူမိုက်တို့ ၏ သွားရာလမ်း တရားတော်" အပိုင်း(၁)+အပိုင်း(၂) (ဘလော့ဂါ ကိုထိုက်ထံမှ ဓမ္မဒါန ပူဇော်ပါသည်။)

Wednesday, January 18, 2012

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ ( ထင်လင်းအောင် ၏ အစီရင်ခံစာ) (အပိုင်း - ၁ )

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ

 ( ထင်လင်းအောင် ၏ အစီရင်ခံစာ) (အပိုင်း - ၁ ) 

by Maung Maung Wann on Tuesday, 17 January 2012 at 16:45


ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်စွဲခံရပြီးညှင်း ပမ်းနှိပ် စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသောအစီရင်ခံစာ ဖြစ်ပါသည်။
------------------------------------------------------------------------------------------------
ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၉ ခုနှစ်၊မေလ၂၄ ရက်နေ့ မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်မွေးဖွားပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း၊ အလက(၁) သထုံ မြို့ တွင်မူလတန်းပညာကိုသင်ကြားပါသည်။
၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာသင်ကြားနေချိန် ဒီမိုကရေစီအရေးအခင်းဖြစ်ပွားပါသည်။ကျနော် သည် ကျောင်း သားသမဂ္ပ၏ သတင်းနှင့်ဝါဒဖြန့်ချိရေးရုံးတွင် ၀င်ရောက်တာဝန်ထမ်းဆောင်ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီးကျောင်းဝင်းအတွင်းတွင်ဖြစ်ပါ၏။၁၉၈၈ ခုနှစ်၊စက်တင်ဘာ အာဏာသိမ်းပြီး ၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှတပ်ရင်းမှူးကိုယ်တိုင်လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။
သပိတ်စခန်းခေါင်းဆောင်များမှာ
၁။ တင်ဝင်း
၂။ သူရိန်ထွန်း
၃။ တင်အုံး
၎။ ကျော်ကျော်
၅။ ဆန်းအောင်
၆။ မြင့်သူ
၇။ အောင်အောင်
၈။ ကျော်မိုး
၉။ ကိုမျိုးတို့ဖြစ်ပါသည်။
       
     ၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်နက်ကိုင်လမ်းစဉ်ပြုလုပ်ရန်အတွက် သထုံမြို့မှထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံထိုမှ တ ဆင့် ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၂၇ ရက်နေ့တွင် ကေအင်ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ရောက်ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက်မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါအ၀င် အင်အား ၁၀၀ ခန့် မယ် သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။
          ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့် ထိုင်းနိုင်ငံ ရိုးကလိုးဒုက္ခသည်စခန်းအနီးတွင်တပတ်ခန့်ခိုနေပြီး ရေကျော်စခန်းသို့သွားရောက်ခဲ့ပါသည်။ ရေကျော်စခန်း တွင် စစ်သင်တန်း နှစ်လတက်ရောက်သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့်အရကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလောနောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင်နေစဉ် ဦးသုထ စခန်း ကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ သော်လဲထ ၄င်းမှ မဲလထ ၄င်းမှ လဲသာထသို့ရောက်ရှိပြီး အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။
          အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး နိုင်ငံရေးတာဝန်များကိုထမ်းဆောင်နေရင်း ပလောင်နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။၂၀၉တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကိုရွေးချယ်ပြီး ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ်ခွဲပို့ခဲ့ပါသည်။
          ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။
 
 
          တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။
          ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
          ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
          တပ်စုမှူး ထင်လင်းအောင်
          တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
          တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) - တောင်စွန်း
          ရဲဘော်များ
          အငယ်လေး (၀မ်ခ) - မန္တလေး
          မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
          သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
          အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
          ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
          လှဝေ - ကျိုက်ကော်
          အောင်နိုင် - ပဲခူး
          မောင်ဦး - ပဲခူး
          ဆန်းမြင့်ကိုကို - ပဲခူး
          မောင်ဦး - ပဲခူး
          မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
          ကျော်ကျော် - ကျိုက်ထို
          ဂါမဏိ - ကျိုက်ထို
          ထက်ခိုင် - ကျိုက်ထို
          စန်းမြင့် - ရန်ကုန်
          ဦးနိုင်ဦး - ပဲခူး
          သန်းထိုက် - ရန်ကုန်
          သန်းထွဋ် - ပဲခူး
          အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
          ကျော်မျိုး - ကျိုက်ထို
          နိုင်လင်း - သထုံ ဇင်းကျိုက်
          သိန်းလွင် - ရန်ကုန်
          စိုးဝင်း - ရန်ကုန်
          အောင်ဇော်ဦး - သထုံ
        
အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊၄င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး အဲဒီမှာ စုပါသည်။ ကျနော်တို့သွား ရမည့်အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိပါသည်။ PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီးထွက် ခဲ့ကြပါသည်။
          မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ဧပြီလဆန်းတွင်ရောက်ရှိကြပါ သည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့်ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊ ပလောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့်ရှေ့တန်းတွင်လှုပ်ရှားရသည်။ တပ်ရင်း (၂၁၇) မှတပ်
ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သောတပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့ လှည့် လည် စည်း ရုံးရေးဆောင်ရွက်ရပါသည်။ ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ဇွန်လတွင်ခရီး ဆက်ခဲ့ရာ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ABSDF မြောက် ပိုင်း ရွှေဂူ ခရိုင်မှူးရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ထွက်ခဲ့ရာနည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော်ခရိုင်မှူး  ညီညီကျော်နှင့်အဖွဲ့ ကို ထိုစခန်းတွင်တွေ့ရပါသည်။
          တပ်ရင်း (၈) တွင်နေထိုင်စဉ်က တပ်ရင်းမှူ သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDFမြောက်ပိုင်းသို့ ကြိုတင်သွားခဲ့ကြသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။
          တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်းစခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူစစ်ဆင်ရေးပြုလုပ်ရာမအူပင်တွင်အနီးကပ်တိုက်ပွဲဖြစ်ပွါးခဲ့သဖြင့် သြဂုတ် လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့် KIA တပ်မဟာ (၃)တွင်ဆေးကုသနေ စဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကိုချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ပါသည်။
ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူကျနော်နှင့် ကျော်မျိုးတို့လည်း ပန်နိုင်ရွာ၊ ဘင်ခေါင်း ရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန်ပင်အောင်မြင် ခဲ့ပါသည်။ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စုဆောင်းခြင်း ၊ရိက္ခာများများအချိန်မရွေးရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်စည်းရုံးခြင်း တို့ကို ဆောင်ရွက်ကြပါသည်။
          ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ် ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ခရီးထွက်ခဲ့ရာ တပ်မဟာ(၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။ ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူး သိုက်ထွန်းဦးနှင့်အတူ ရဲဘော် ၈ ဦး ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေးသွားနေကြောင်းသိခဲ့ရသည်။ ကျနော် လမ်းကောင်းကောင်း မလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။
          ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှချမှတ်ထားသော စည်းမျဉ်းဥပဒေများနှင့် မြောက်ပိုင်း မှ စည်းမျဉ်းဥပဒေအချို့ ကွာခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။
          ၁။ သစ္စာအဓိဌာန်
          ၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျမစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့်သတ်ခြင်း
          ၃။ အထက်နှင့်အောက် ညီမျှမှုမရှိခြင်း
          ၄။ မြို့နယ်စွဲများရှိခြင်း (အထူးသဖြင့် ကချင်ပြည်နယ်)
          ၅။ ရဲဘော်သစ်စုဆောင်းရာတွင် မတရားစုဆောင်းခြင်း၊ မတရားဖမ်းဆီးခိုင်းစေခြင်း
          ၆။ အဖွဲ့ပိုင်ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း စသည်တို့ကို ဆွေးနွေးရာ သူတို့က ပယ်ချပြီး
အမှတ်(၁) တွင် အချက် တချက်တိုးပေးပါသည်။ ဗဟိုမှသတ်မှတ်ထားသော စာသားနှင့်မတူပါ။

ABSDF ကချင်နှင့် ၅၀၁ မှကျနော်တို့ နားလည်မှု ကွဲလွဲတာစတင်ပါတော့သည်။ကချင်ရှိစစ်ဗိုလ် ချုပ်သံချောင်းနှင့် ဥက္ကဌ မျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများဖြစ်စေချင်ကြ သည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။
          လူကြီးများထံ ကြေးနန်းပို့ရန်တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့်တောင်ပိုင်း ဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။ ဗဟိုမှလူကြီးများဖြစ်သော ကိုမောင်မောင်တိတ်၊ ယခင်ဘဏ္ဍာရေး ကိုသန်းဝင်း၊ DAB တွဲဘက်အတွင်းရေးမှူး၊ ကျော်ကျော်(ABSDF အတွင်းရေးမှူး)၊ မိုးသီးဇွန် (ဥက္ကဌ၊ မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့်တွေ့ပါသည်။
          ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကိုတားပါသည်။ ၄င်းက ထိုနယ်မြေသို့မသွားသင့် အန္တရာယ်ရှိနိုင်သည် ဒုတိယအကြိမ် ညီလာခံတွင် ဒီအကြောင်းအရာကို သူတင်ပြပေးပါမည်ဟု ပြောပါ သည်။ ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြပြီးတောင်ပိုင်း သို့ပြန်လာမည် ဟုပြောရာ ကျော်ကျော်က ပြန်မလာနှင့်ဟု တားပါသည်။ ကျနော်က တောင်ပိုင်းသို့မပြန်ရလျှင် ABSDF မှထွက်မည်ဟုပြောသဖြင့် ကျော်ကျော်က လက်နက်တွေတော့ပြန်အပ်လိုက်ပါ ပြန်ခွင့်မပြုဟု အမိန့်ချမှတ် လိုက်ပါသည်။
          ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါသည်။ ကျနော်တို့အလွန်ပင်ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထားသော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ရင်ထဲမှာဖော်မပြနိုင်လောက်တဲ့ ဝေဒနာတွေကို ခံစားလိုက်ရပါတော့ သည်။ ကျနော်တို့ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ကျနော်တို့ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ အဂတိ လိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်းပြဿနာဖြစ်နေကြပါသည်။ အရည်အချင်းရှိတဲ့ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်းသွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။ ဒါကို ကချင်ကခေါင်းဆောင်တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းကလက်နက် သိမ်းထားပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ကို မတရားစည်းကမ်းတင်းကြပ်တာတွေလုပ်ခဲ့ပါသည်။
          ဒီအချိန်မှာ ဥက္ကဌထွန်းအောင်ကျော်က ထွက်ပေါက်တခုပေးပါသည်။ ကျနော်တို့တောင်ပိုင်းပြန်ရန်အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်းထွန်း(ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး)တို့ကိုဆက်သွယ်ပြီးကျနော်တို့ကိုပြန်ခေါ်ဘို့ပြောတော့အောင်နိုင် (ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုးမင်းအောင်က ၁၉၉၁ ရှစ်လေးလုံးနှစ်ပတ်လည်မတိုင်ခင် ABSDF ကနေထွက်ပြေးသွားပါသည်။
          လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။စိုး မင်းအောင် ကို န၀တထောက်လှန်းရေးဟုစွပ်စွဲပြီး စစ်ဆေးကြပါသည်။ မဟုတ်ပါဘူးလို့ငြင်းသဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကိုထိုးထဲ့ပါသည်။ ဒါးကိုမီးကင်ပြီး ကပ်ပါသည်။စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့် နာကျင်လွန်းတော့ ထောက်လှမ်းရေးပါ လို့ဝန်ခံရှာပါသည်။
          နှိပ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလိုသက်သာညား သွေးရူးသွေးတန်း နဲ့ ပြောမိပြောရာ နံမည်ပေါင်း ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာတယ်။အဲဒီအချိန်ကစပြီး တယောက် ပြီးတယောက် အဖမ်းခံရပြီး အနှိပ်စက်ခံကြ၊ မခံနိုင်တော့ နာမည်တွေလျှောက်ပြောနဲ့ လူပေါင်း ၁၀၀ ကျော် ငရဲခံရပါတယ်။
          ဒီလိုနဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့တနေ့ပေါ့၊ ကျနော် ကချင်ကိုလာတာ တနှစ်တိတိကြာအောင်လာခဲ့ရတာပါ။ ကျနော်တို့ ထမ်းဆောင်တဲ့ တာဝန် နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကိုမကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တထောက်လှမ်းရေးလို့ စွပ် စွဲပြီး နှိပ် စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကိုသိထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက်လှမ်းရေးမဟုတ်တာကို ကျနော်ကိုယ်တိုင်အသိဆုံးပါ။ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲပါ၏။ ကိုယ့်အချင်းချင်းသတ်လို့သေမှာကိုတော့ ကြောက်တာအမှန်ပါ။ ဒါကြောင့်အခြေအနေကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န်မခံရင်သေအောင်နှိပ်စက်ကြမှာပါ။ လွတ်မည့် ရက်ကိုစောင့်ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။
          ညဘက်ရောက်ရင် မူးမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်းနဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။ သင်းသင်းညီဆိုရင် ဒါရိုက်တာရှင်လုံးရဲ့သမီးလေးပါ။ သူ့အမေလာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။ စိုးမင်း (မန္တလေး ကိုတော့ ဖမ်းပြီး မစစ်ဆေးဘဲပြန်လွှတ်ပေး လိုက်ပါသည်။မျိုးဇော်အောင်ကိုတော့ဆက်သွယ်ရေးစက်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့နည်းမျိုးစုံစစ်ဆေးမေးမြန်းကြ ပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာလျှပ်စစ်လွှတ်လိုက်တာ အူပုတ်ပြီးသေသွား ပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ထွက်ပြေးပြီး အလင်းဝင်သွားပါတော့သည်။
          ဒီအကြောင်းကိုသိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကိုထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံးသားတွေလှီးပစ်ပါသေး သည်။ အဲဒီညမှာ သက်နိုင်ကိုခေါ်ထုတ်ပြီး မေးတာ မေးလို့မရတော့သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထဲ့ပါသည်။
နောက်နေ့မှာကျော်ဌေးကိုခေါ်ထုတ်ပြီး ထောက်လှမ်းရေးမဟုတ်လားလို့ စွပ်စွဲမေးတာကိုကျော်ဌေးက မဟုတ်ပါဘူး လို့ အတန်တန်ငြင်းတာကြောင့် ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကိုအပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ဘဲကျော်ဌေးသေပါတော့သည်။
          နေ့စဉ် နေ၀င်ကမိုးချုပ်ထိ အော်ဟစ်တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ချားစရာကောင်းလှပါ သည်။ ကျော်ဌေးသေခါနီးပြောစကားအရ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေးကြပြန်ပါရော။ အဆိပ်တွေ ဘယ်မှာဝှက်ထားသလဲဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကိုတနေကုန်ရိုက်ပြီးမေး ပါသည်။ နောက် ပြီးချောင်း ထဲမှာရေနှစ်သည်။ နောက်ဆုံးအဆိပ်ထုတ်မပေးရကောင်း လားဆိုပြီး ကျော်ဝေ ရဲ့ခြေသန်း တဖက်ကိုဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏။အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာဆွဲခိုင်းထားပါသည်။ ငါးမိနစ်တကြိမ် တယောက်ပြီးတယောက်ဝင်လာပြီး အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။
 
          ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက မသိတဲ့အကြောင်း မရှိတဲ့အကြောင်းငိုပြီးတောင်းပန်ရှာ သည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ရက်စက်စွာနှင့်ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့ခင်ချိုဦးကို မြေကြီးထဲမြုပ် ထားပြီး ခေါင်း သာဖော် ထားပြန် ပါ သည်။ ပါးစပ်ထဲကိုဒါးထဲ့ပြီးမွှေပြန်ပြန်ပါသည်။ ဆံပင်ကိုလည်းဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကိုဒရွတ်တိုက်ဆွဲတာကြောင့် အ၀တ်မရှိဘဲပက်လက်ကြီးပါလာတဲ့ ခင်ချိုဦးကိုမြင် ရတော့ မမြင်ရက်စရာပါ။ ကျနော်မျက်ရည်ကျမိပါတော့သည်။ ဘယ်လောက်ယုတ်မာသလဲဆိုလျှင် ခင်ချိုဦးရဲ့မိန်းမအင်္ဂါကိုဒုတ်နဲ့ထိုးပြီးရှာဖွေနေတာမြင်ရတဲ့မြင်ကွင်းကတော့ငရဲပြည်မှာတောင်မှဒီလောက်ရက် စက် ယုတ်မာတာ ရှိမယ်မထင်ပါဘူး။ ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့မကြားဝံ့မနာသာ ဆဲနေကြ တာ ယောင်္ကျားကြီးတွေတန်မယ့် မိန်းမယုတ်တွေထက်တောင်အောက်တန်းကျပါတော့၏။ ဆဲရင်းပါး ကိုဝိုင်းရိုက်နေလိုက်ကြတာ တိရိစ္ဆာန်တွေလိုပါပဲ။
 
                                                          အပိုင်း ( ၂ ) ဆက်ပါဦးမည်....။

0 comments:

Post a Comment

comment ထားခဲ့ရင် Name မှာ နာမည်ထည့်ပြီး URL မှာ ဘာမှမချန်ထားပါနဲ့၊ အများပြောနေတဲ့ စက်ကို ပျက်စေတဲ့ =ဝဲတွေ ပါလာတတ်လို့ပါ ။ ။
ဒီနေရာမှာ ရေးခဲ့သလို ..
ဆီပုံးမှာလည်း ဆီဖြည့်သွားလို့ ရပါတယ်။ ။
(အယုတ္တအနတ္တ ဆဲရေးစာ မဟုတ်ရင်..)
အားလုံးဖတ်ဖို့  ဖော်ပြပေးထားပါမယ်။
(email လည်း ပို့ နိုင်ပါတယ်။)
လေးစားခင်မင်လျှက်,
အိုးဝေအောင်(အိုးဘားမား)
oway88@gmail.com

မောင်အိုး ခံစားရတဲ့ အမျိုး၊ဘာသာ၊စာပေ၊ ကဗျာ၊ အနုပညာ-ယဉ်ကျေးမှု မြန်မာဘလော့ဂ်များ

နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ပြီး-ဒီမိုကိုဆန့် ကျင်ဘက်မြင်နေသူများ-အမြင်မှန်ဖြင့်ပူးပေါင်းကြပါ။